• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Thursday, May 31, 2012

Window Media player နှင့် Flash Song သီချင်းများအား ကြည့်ခြင်း

ကျွန်တော် စာသိပ်မရေးဖြစ်ဘူး  ဒီနေ့ ကျွန်တော် ဆွေးနွေးပေးမယ့် အကြောင်းအရာက ကျွန်တော်တို့ Window မှာ ပါလာပီး သား Window media နဲ့ Movies ဖိုင်တိုက် အားလုံးကို ဖွင့်လို့ ရတာရယ် နောက်ထပ် ကျွန်တ်ေတို့ လုပ်ဆောင်နိင် တဲ့ အကြောင်းအရာ တချို့ကို ဆွေးနွေးပေးချင်တာပါ။ အကို အစ်မ များအနေနဲ့ တခါတည်း လိုက်ပါ လုပ်ဆောင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်လည်း အဆင်ပြေအောင် နားလည်လွယ်အောင် တက်နိင်ဆုံး အတိုဆုံးဖြစ်အောင် ရေးပေးပါ့မယ် စာတွေ ရှည်သွားရင်အီသွားမှာ စိုးလို့ပါ ။
ကဲ့ စမယ် …တိုတို တုတ်တုတ်ပဲ့ စမယ် နော်… အရင်ဆုံး ကျွန်တော်တို့ Window Media player နဲ့ ဖွင့်လို့ ရတဲ့ ဖိုင်တိုက်တွေက အောက်က ဖိုင်တိုက်တွေပါ။


Windows Media files- .wm, .wmv, and .asf;
• AVCHD files (including Dolby Digital audio) - .m2ts and .m2t;
• Apple QuickTime files - .mov and .qt;
• AVI files - .avi;
• Windows Recorded TV Show files - .wtv and .dvr-ms;
• MPEG-4 movie files - .mp4, .mov, and .m4v;
• MPEG-2 movie files -.mpeg, .mpg, .mpe, .m1v, .mp2, .mpv2, .mod, and .vob;
• MPEG-1 movie files- .m1v;
• Motion JPEG files- .avi and .mov.


SWF ဖိုင်တွေနဲ့ နောက်ဖိုင် တိုက်မြောက်များစွာ ဖွင့်လို့ မရတာတွေ ရှိပါတယ် အဲ့တာတွေကို ပြေလည်စေ မယ့် နည်းလမ်းတွေ တော့ အများကြီးပါ ကျွန်တော် လည်း သိသလောက်ပဲ့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။။ ဖွင့်လို့ မရတဲ့ ဖိုင်တိုက်တွေ ဆိုရင် အောက်က ပုံလေး လို ပြနေတက်တာကို အကို အစ်မ တို့ သတိထားမိမယ် ထင်ပါတယ်။





အဲ့တာတွေကိုပြေလည်စေဖို့ နည်းလမ်းလေးကိုတော့ ကျွန်တော် တွေ့ခဲ့ပါပီ နောက်ထပ် ဘာPlayer မှ ရမ်းစရာမလိုပဲ့နဲ့ File type အကုန်လုံးကို ဖွင့်လို့ ရမယ့် နည်းလမ်းလေးပါ ….
ဒါက ရိုးရှင်းပါတယ် မခက်ခဲ့တဲ့ အလွယ် နည်းလေး တခု အရင်ဆုံး အောက်က K-Lite Codec Pack လေးကို ဒေါင်းလုပ်ချပီး သိမ်းလိုက်ပါ။
နောက်ထပ် ရမ်းရမယ့် အဆင့်တွေ ကိုသေချာ လိုက်လုပ်ကြည့်ပေးပါ နောက်ဆုံး ရလဒ်က အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒေါင်းလို့ ရလာတဲ့ ဖိုင်လေးကို စရမ်းပါ့မယ် အရင်ဆုံး အဆင့် ၇ ဆင့်နဲ့ သွားပါမယ်။ ကျွန်တော် အဆင့်တွေ အများကြီးခွဲလိုက်တာ မြင်သာအောင်လို့ပါ။
အဆင့် ၁ ….

ဒေါင်း လို့ ချတဲ့ဖိုင်ကို Double Click နိပ်ပီးတော့ စရမ်းလိုက်ပါ။ ပုံကို ကြည့်လိုက်ပါ။


အဆင့် ၂.. နောက်တဆင့် သွားမယ့် နေရာကို သေချာကြည့်ပေးပါ။



အဆင့် ၃..
ကျွန်တော်တို့ အဆင့်လိုက်ကိုတော့ သေချာကြည့်ဖို့တော့ သေချာလေး မှာချင်ပါတယ် ခင်ဗျာ…



အဆင့် ၄..
ဒီအဆင့်မှာတော့ ကျွန်တော်တို့ Playback Essentials (without Player) ကိုရွေးပေးရပါမယ် အောက်က ပုံလေးကိုကြည့်လိုက်ပါ။



အဆင့် ၅…
Next ကို သွားပါ။



အဆင့် ၆…
Window Media Player အရှေ့မှာ အမှန်ချစ်လေး ထည့် ပေးလိုက်ပါ။



အဆင့် ၇ .. ကတော့
ကျွန်တော်တို့ ဖိုင်တိုက် အားလုံးကို သေချာရွေးပေးလိုက်ပါ။ Select All Video နဲ့ Select All Audio ကိုရွေးပီးတော့ Next ကို သွားလိုက်ပါ။


နောက်ဆုံး Finish ပေးလိုက်ပါ . ပီးရင်တော့ ကျွန်တော်တို့ Flash song တွေ ကို ဖွင့်ကြည့်လိုက်ပါဦး ဗျ. ရပီလားလို့ .. ဟဲဟဲ ဒါဆို အဆင်ပြေပီလားဆိုတာကိုတော့ အကို အစ်မတို့ တွေ့ ရပီထင်ပါတယ် နောက်ထပ် လည်း ကျွန်တော် လုပ်ဆောင်လို့ ရတာတွေ နဲ့ နောက်ထပ် နည်းလမ်း အချို့တွေ ကို တင်ပြပေးသွားပါဦးမယ် ။ ကျွန်တော် ဒီအကြောင်းအရာတွေကို သိခဲ့တဲ့ ဆိုဒ်ကတော့ အောက်က ဆိုဒ်လေးပါပဲ့ သွားရောက်လေ့လာနိင်အောင် ဆိုဒ်ပါ တခါတည်း ညွှန်းပေးခဲ့ပါတယ်။

ဒါနောက်ဆုံး ကျွန်တော် လုပ်ကြည့်ပီး နောက်ဆုံး အဖြေကို ဒီ Flash Song လေး နဲ့ ပြန်ဖွင့်ကြည့်လိုက်တဲ့ အခါ အဆင်ပြေတယ် ဆိုတာလေးကို ပုံနဲ့ ပြလိုက်ပါတယ် မြန်မာမလေး Flash song လေးကို ကျွန်တော် ဖွင့်ကြည့်ထားတဲ့ ပုံလေးကို ကြည့်ပေးပါ။





အာလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်

ကျွန်တော် 2010 လောက်က ရေးခဲ့တဲ့ ပိုစ့်ပါ မသိသေးသူတွေအတွက် ပြန်လည် ဖော်ပြပေးထားတာပါ။ အရင် မူရင်းရေးထားတဲ့နေရာကတော့ ဒီနေရာမှာပါ။ သွားရောက်ကြည့်ရူနိုင်ပါတယ်။
ပုံမမြင်ရသူများအတွက် တိုက်ရိုက်ဖတ်ပီး ဒေါင်းလုပ်ချရန်နေရာ  Read and Download Link
အဆင်ပြေပါစေ
သန့်ဇင်ဌေး

14 comments:

  1. သိပ်အသုံးဝင်တဲ့ပို့လေးပါ.. ကျေးဇူးတင်ပါတယ်ဗျာ...။
    ပုံတွေမမြင်ရလို့ ... ဒီနေရာမှာ http://www.mediafire.com/?pd6b1p0ta0oy3cf
    - bdf ဖိုလ်လုပ်ပြီးပြန်တင်ပေးထားပါတယ်ခင်ဗျာ.. သိမ်းထားချင်တဲ့လူတွေအတွက်လဲ သိမ်းထားလို့ရအောင်လို့ပါ..။

    ReplyDelete
  2. K-Lite Codec Pack ကို မသုံးတတ်ခင်က player တွေ အများကြီး ထည်သုံးရတယ်
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ကိုယ်တိုင်လုပ်ထားတဲ့ flashsong(swf)တွေကို CD ခွေအဖြစ်သိမ်းထားချင်လို့ swf ကနေ video လေးပြောင်းလို့ရမယ့် Converter လေးများရှိရင်တင်ပေးပါလား ခင်ဗျာ....

    ReplyDelete
  4. ပို့စ်က အကြိုးရှိပါတယ် ဒါပေမဲ့ ကိုနေမင်းမောင်ရေ ပို့စ်ထဲကပုံတွေမမြရင်ရတော့ဘူးဗျ အဲဒါလေးလုပ်ပါဦးဗျာ

    ReplyDelete
  5. PDF လင့် ထပ်ထည့်ပေးထားပါတယ်။

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်။ ကျနော့်စက်မှာ flash player အခက်အခဲဖြစ်နေတာနဲ့ အတော်ပဲ။

    ReplyDelete
  7. flash song တွေကို မရဘူးဖြစ်နေတယ်။ တစ်ခြားဟာတွေတော့ အကုန်ရပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  8. အသစ်တင်တိုင်း ပို့ပေးလို့ ကျေးဇူးတင်ပါတယ်နော်

    ကိုနေမင်းမောင် အမြဲအောင်မြင်မှု သရဖူ ဆောင်းနိုင်ပါစေလို့ ဆုတောင်းနေပါတယ်

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်ဗျာ...

    ReplyDelete
  10. Thank you so much နေမင်းမောင်

    ReplyDelete
  11. ကိုနေမင်းရေ ..
    ဒီပုံကြည့်.ဟိုပုံကြည့်နဲ့  အညွန်းတွေ ပြထားပေမယ့်
    ကြည့်သမျှ ဖားပုံတွေကြီးပဲ ဖြစ်နေတယ်..:D
    တား.တားက တိလော့ဝူး..။

    ReplyDelete
  12. အဲ့လို ပုံမမြင်ရမှာစိုးလို့ ကျွန်တော် တိုက်ရိုက်ဖတ်ဖို့ နောက်ထပ် လင့်တခုကို ချိတ်ပေးခဲ့ပါတယ်။ အောက်ဆုံးနားမှာ သေချာကြည့်ကြည့်ပါဦး အနီနဲ့ တားထားတာပါ။
    ပုံမမြင်ရသူများအတွက် တိုက်ရိုက်ဖတ်ပီး ဒေါင်းလုပ်ချရန်နေရာ ဆိုပြီး ဖော်ပြထားပါတယ်

    ReplyDelete
  13. ကျေးဇူးတင်ပါတယ်အကို။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်