Saturday, September 17, 2011

ဖိုလ်ဒါ နဲ့ ဖိုင်လေးတွေကို လုံလုံခြုံခြုံသိမ်းကြရအောင်

 
ဒါကတော့ ကျွန်တော်တို့ဖိုဒါတွေကို လုံလုံခြုံခြုံလေးသိမ်းချင်သူများ အတွက်ဖြစ်ပါတယ်.. ဒီကောင်းလေးက သူကိုဝင်တဲ့ အခါမှာအရင်ဆုံး Password ပေးပြီးဝင်ရပါတယ်..ပြီးမှမိမိတို့ လော့ချထားချင်တာပဲဖြစ်ဖြစ် ၊ ဖျောက်ထားချင်တဲ့ ဖိုဒါကိုပဲဖြစ်ဖြစ် ရွေးပေးပြီး ထည့်ပေးထားယုံပါပဲ..ဖိုဒါကို လော့ထားယုံပဲထားမှာလား ၊ ဒါမှ မဟုတ်လော့ချပြီးတော့ ဖျောက်ထားမှာလား ၊ လော့တော့ချမထားဘူး ဖျောက်ပဲထားမှာလား ဆိုတာကိုတော့မိ မိတို့စိတ်ကြိုက် ရွေးလို့ရပါတယ်..ပြီးတော့ သုံးရတာလဲပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်..ကျွန်တော်အသုံးပြု ချင်သူတွေအတွက် အသုံးပြုရတာလွယ်အောင် အောက်မှာ ပုံလေးတွေနဲ့ပြပေးထားပါတယ်.. 
အရင်ဆုံး Secure Folder 5.3.0.0  လေးကိုမိမိတို့ရဲ့စက်မှာ Install လုပ်လိုက်ပါ..Secure Folder 5.3.0.0 လေးကို Install လုပ်ပြီးရင် Secure Folder 5.3.0.0 လေးကိုဖွင့်လိုက်ပါ.. ဒါဆိုရင်သူက Username နဲ့ Password ထည့်ခိုင်း ပါလိမ့်မယ်..မိမိတို့ စိတ်ကြိုက် username နဲ့ password ကိုထည့်ပေးလိုက်ပါ.. Password လေးကိုတော့မှတ်ထား ဖို့လိုပါလိမ့်မယ်.. ပြီးရင်ဆက်လုပ်ရမယ့် အဆင့်လေးတွေကိုတော့အောက်မှာ ပုံလေးတွေနဲ့ပြပေးထားပါတယ်..


အပေါ်ကပုံမှာ Select Mode မှာ Lock တို့ Hide  တို့ကိုမိမိတို့ စိတ်ကြိုက်ရွေးလို့ရပါတယ်..


ဒီလောက်ဆိုရင်တော့ အသုံးပြုတက်သွားမယ်လို့ထင်ပါတယ်..သုံးချင်တဲ့သူများကတော့အောက်မှာ အဆင် ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..



ဒီပို့စ်လေးကို  PDF နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချလိုက်ပါ..



အားလုံးပဲအဆင်ပြေကြပါစေ...ကျေးဇူးတင်ပါတယ်ခင်ဗျာ..

2 comments:

  1. ကိုနေမင်းမောင်
    ဒီ ဟာကိုမသုံးတတ်လို့ အခုမှပဲ သုံးတတ်သွားတယ်

    ကျေးဇူးအထူးတင်ပါတယ်ဗျာ

    ဒီထက်မက ပညာတွေ တိုးပွားပါစေလို့ ဆုတောင်းပေးပါတယ်

    ReplyDelete
  2. အရမ်းကောင်းပါတယ်..သုံးရတာအဆင်ပြေတယ်ဗျာ..ကိုနေမင်းမောင် ကျန်းမာပါစေဗျာ..ဒီထက်မက အောင်မြင်သူဖြစ်ပါစေဗျာ..ကျွန်တော် sd card မှာ format ချပြီး ပြန်သုံးလို့မရတော့ဘူးဖြစ်သွားတယ်..usb driveနဲ့ထိုးပြီး my computer ကနေ ကြည့်တော့ဘာမှ မပေါ်ဘူး ကူညီပါဦး ခင်ဗျာ...

    ReplyDelete