• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, February 27, 2012

Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်

ကျွန်တော် အခု မေးထားတာ တွေကို အတက်နိုင် ဆုံးတော့ ပြန်ဖြေပေး နေပါတယ် .. စာရေးလိုက် ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. မေးခွန်းတွေ ချည်းပဲ လိုက်ဖြေ နေရရင်လည်း ဘာစာမှ မရေးဖြစ်လောက် တော့မှာ သေချာပါတယ် .. အဲ့ဒါကြောင့် စာရေးလို့ ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. အခု ကျွန်တော် အကို တစ်ယောက် မေးထားတဲ့ Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows တစ်ခုကို ဖြုတ်ပြီး သွားပေမယ် .. Boot တက်တဲ့ အချိန်ကျရင် Windows တန်းမတက်ပဲ Windows နှစ်ခု ရွေးခိုင်း တာလေးကို Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. နည်းလမ်း လေးကတော့ လွယ်ပါတယ် .. ဒါပေမယ့် မသိသေးတဲ့ သူတွေလည်း အဆင်ပြေအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစိတ် ရေးပေးသွားပါမယ် ..
အရင်ဆုံး Keyboard မှ Windows logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် System Configuration Box လေး ကျလာပါလိမ့်မယ် ..
အောက်က ပုံမှာ ပြထားတဲ့အတိုင်း Boot ကို သွားလိုက်ပြီ ဆိုရင် ကျွန်တော်တို့ တင်ထားတဲ့ Windows အမျိုးအစားတွေကို Boot Setting ထဲမှာ တွေ့ပါလိမ့်မယ် .. ဒီနေရမှာ တစ်ခု သိထားဖို့ လိုတာက ကျွန်တော်တို့ ဖြုတ်လိုက်တဲ့ Windows က ဘယ် Partation ထဲမှာ ရှိတယ် ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ် .. ကျွန်တော် ဖြုတ်လိုက်တဲ့ Windows က Partation H: ထဲမှာ တင်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်က :H ကိုရွေးပြီး Delete ပေးလိုက်ပါတယ် ..

မိမိတို့ ဖြုတ်လိုက်တဲ့ Windows ကိုရွေးပြီး Delete ပေးပြီး သွားပြီ ဆိုရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ယုံပါပဲ ..


အပေါ်က ပုံအတိုင်း Restart ပေးပြီး သွားပြီ လို့ Windows ပြန်တက်လာပြီ ဆိုရင်တော့ အရင်လို ဘယ် Windows ကိုရွေးချယ် မယ်ဆိုတာ မမေးတော့ပဲ တစ်ခါထဲ Windows တန်းတက်လာမှာ ဖြစ်ပါတယ် .. 

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


7 comments:

  1. ကျေဇူးတင်ပါတယ်... အကို ကျန်းမာ ချမ်းသာပါစေ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် အကို အောင်မြင်ပါစေဗျာ...

    ReplyDelete
  3. ကျေးဇူး ပါဘဲဗျာ... အောင်မြင်ပါစေ... ဒီ့ထက်ပိုပီး... :)

    ReplyDelete
  4. Bro if when i start up my pc, there is asking any staring up time,appear black screen with letters,open in Normal Mode or Safe Mode (it's seem like press F8 or F11 when start up time),so how can i solve that? Please

    ReplyDelete
  5. အကို ကျွန်တော် window က window7 နဲ့  windoe loader EX လို့  ပေါ်နေတယ် အကိုပြောသလို လုပ်တာ လဲ window က တစ်ခုဘဲ ပေါ်နေတယ်.....ကူညီပါ အုံးလား အကို။။။။။။။။။။။ကျေးဇူးတင် ပါတယ်...

    ReplyDelete
  6. အကို ကျွန်တော် window က window7 နဲ့  windoe loader EX လို့  ပေါ်နေတယ် အကိုပြောသလို လုပ်တာ လဲ window က တစ်ခုဘဲ ပေါ်နေတယ်.....ကူညီပါ အုံးလား အကို။။။။။။။။။။။ကျေးဇူးတင် ပါတယ်...

    ReplyDelete
  7. အကို ကျွန်တော် window က window7 နဲ့  windoe loader EX လို့  ပေါ်နေတယ် အကိုပြောသလို လုပ်တာ လဲ window က တစ်ခုဘဲ ပေါ်နေတယ်.....ကူညီပါ အုံးလား အကို။။။။။။။။။။။ကျေးဇူးတင် ပါတယ်...

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်