• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, February 22, 2012

Windows Media Player Error ဖြေရှင်းနည်း




အခု ကျွန်တော် မေးလ်ထဲမှာလည်း အကိုတစ်ယောက် မေးထားတာလေး ရှိလို့ တစ်ခြား အဆင်မပြေတဲ့ သူများ ရှိရင်လည်း အဆင်ပြေအောင် ဖြေရှင်း နည်းလေးကို ရေးပေးလိုက်ပါတယ် .. ကျွန်တော်တို့ U-Tube ကနေ ဒေါင်းလော့ ချထားတဲ့ Video File တွေကိုပဲ ဖြစ်ဖြစ် Windows Media Player နဲ့ ဖွင့်ချင်တဲ့ အခါမှာ တစ်ချို့ File Type တွေက ဖွင့်လို့မရပဲ Windows Media Player cannot play the file. The Player might not supportthe file type or might not support the codec that was used to compress the file. ဆိုပြီး Error Code လေးတွေ ပြနေတဲ့ သူတွေအတွက် ဖြေရှင်းလို့ရမဲ့ နည်းလမ်းလေးတွေကို ကျွန်တော် ရေးပေးသွားပါမယ် .. 

ကျွန်တော်တို့ အခုနောက်ပိုင်း Update Version ဖြစ်တဲ့ Windows Media Player 12 မှာ အခုလို အဆင်မပြေတာများ ကြုံရတာ များပါတယ် .. အောက်မှာ ဖော်ပြထားတဲ့ File Type တွေကတော့ Windows Media Player ကနေ Support လုပ်ပေးထားတဲ့ File Type အမျိုးအစားတွေပဲ ဖြစ်ပါတယ် ..

  • Windows Media files- .wm, .wmv, and .asf;
  • AVCHD files (including Dolby Digital audio) - .m2ts and .m2t;
  • Apple QuickTime files - .mov and .qt;
  • AVI files - .avi;
  • Windows Recorded TV Show files - .wtv and .dvr-ms;
  • MPEG-4 movie files - .mp4, .mov, and .m4v;
  • MPEG-2 movie files -.mpeg, .mpg, .mpe, .m1v, .mp2, .mpv2, .mod, and .vob;
  • MPEG-1 movie files- .m1v;
  • Motion JPEG files- .avi and .mov.

တကယ်လို့သာ ကျွန်တော်တို့ အနေနဲ့ ဖွင့်ချင်တဲ့ Video File Type က Windows Media Player က Support လုပ်မပေးထားဘူး ဆိုရင် အောက်က ပုံတွေမှာ ပြထားတဲ့ အတိုင်း Error Code လေးတွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ် .. 

ပထမဦးစွာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Error Code လေး ဖော်ပြပါလိမ့်မယ် ...


အပေါ်က ကောင်လေးကို Yes ပေးလိုက်ပြီ ဆိုရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပေါ်လာမှာ ဖြစ်ပါတယ် ..




အခုလို Error ဖြစ်နေတဲ့ သူတွေအတွက် .. ကျွန်တော် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းလေးကို အောက်မှာ ပုံးလေးတွေနဲ့ တစ်ဆင့်ချင်း ပြပေးထားပါတယ် ..  ကျွန်တော်တို့ ဖွင့်ချင်တဲ့ File Type ကို Windows Media Player မှာ ဖွင့်လို့ရအောင် K-Lite Codec Pack  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး File Type အသစ်ထပ်သွင်း ပြီး ဖြေရှင်းမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် K-Lite Codec Pack  ဆိုတဲ့ ကောင်လေးကို အောက်မှာ တင်ပေးထားပါတယ် .. 

အရင်ဆုံး K-Lite Codec Pack  လေးကို မိမိတို့စက်မှာ Run လိုက်ပါ ..ပြီးရင် အောက်က ပုံအတိုင်း Next ကို နှိပ်လိုက်ပါ ..


နောက်တစ်ဆင့်မှာ အောက်က ပုံမှာ ပြထားတဲ့အတိုင်း Advance mode ကိုရွေးပြီး Next ပေးလိုက်ပါ ။။


နောက်တစ်ဆင့် ကိုရောက်ပြီဆိုရင် အောက်ကပုံအတိုင်း Next ပေးလိုက်ပါ ..


အောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း Playback essentials ( without player ) ကိုရွေးပြီး Next ပေးလိုက်ပါ .. 





အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ Windows Media Player ကို အမှန်ခြစ်လေး ရွေးပြီး Next ပေးလိုက်ပါ ..


အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Select all video နဲ့ Select all audio ပေးပြီး File Type တွေ အားလုံးကို အမှန်ခြစ် ပေးလိုက်ပါ .. ပြီးရင် Next ပေးလိုက်ပါ ..


ပြီးရင် နောက်တစ်ဆင့်မှာလည်း အောက်က ပုံမှာ ပြထားတဲ့အတိုင်း Select all ပေးပြီး Next ပေးလိုက်ပါ ..


အောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ ကွန်ပျူတာနဲ့ တွဲပြီး အသုံးပြုမဲ့ Sound Box ရဲ့ Channel အမျိုး အစားကို ရွေးပေးလိုက်ပါ .. ပြီးရင် Next ပေးလိုက်ပါ ..


အောက်က ပုံအတိုင်း အမှန်ခြစ်လေးတွေက ဘာလို့ ဖြုတ်လိုက် သလည်း ဆိုတော့ ကျွန်တော်တို့ Yahoo Search Page တွေ Yahoo Toolbar တွေကို မိမိတို့ Firefox မှာ သုံးမှာ လားလို့ မေးထားတဲ့ ဖြစ်တဲ့ အတွက် ဖြုတ်ပေးလိုက်တာ ဖြစ်ပါတယ် .. ပြီးရင်တော့ အောက်က ပုံလေးတွေနဲ့ ပြထားသလို အဆင့်ဆင့် လုပ်ပေး သွားယုံပါပဲ ..







အပေါ်က အဆင့်အတိုင်း လိုအပ်တဲ့ File Type တွေကို သွင်းပေး ပြီးသွားပြီ ဆိုရင်တော့ မိမိတို့ စောစောတုန်းက ဖွင့်လို့မရတဲ့ Video File Type ကို Window Media Plyer နဲ့ ဖွင့်လို့ ရသွားပါလိမ့်မယ် ..

Download  K-Lite Codec Pack



အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

19 comments:

  1. ohh !!! very nice brother. thank you so much .

    ReplyDelete
  2. ohh !!! very nice brother. thank you so much .

    ReplyDelete
  3. ဒါလေးကိုသုံးလိုက်တော့ ပလေယာတွေကိုပွစိတတ်အောင်တင်စရာမလိုတော့ပါဘူး...
    ကျေးဇူးအများကြီးတင်ပါတယ်......................
    royalsainge@gmail.com

    ReplyDelete
  4. ကျေးဇူးအရမ်းတင်တယ်ကွာ..ညီလေးရာ မိုက်တယ်

    ReplyDelete
  5. ဗဟုသုတ တခု တိုး တဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. ညီလေးေ၇ အခုလိုမသိတာလေးတွေကိုစိတ်၇ှည်စွာရှင်းပြလို့  အထူးကျေးဇူးတင်တယ်ကွာ..
    ကိုယ်တခုလောက်တော့ညီလေးအဆင်ပြေရင်တောင်းဆိုချင်ပါတယ်ကွာ..
    ပို့ တခုေ၇းပီးတိုင်း လုပ်နည်းလေးကို ပါ Pdf နဲ့ ဖြစ်၂ အဆင်ပြေရင် ပေါင်းတင်ပေးပါလားကွာ
    နက်မ၇တဲ့နေ၇ာတွေေ၇ာက်ရင် မေ့သွားရင် ကိုယ်တို့ ပြန်ဖတ်ပြီးလုပ်၇တာအဆင်ပြေအောင်ပါ
    အထူးကျေးဇူးတင်ပါတယ်ညီလေးရာ......ဖြစ်ချင်တဲ့အ၇ာတိုင်းအောင်မြင်စွာဖြစ်ပေါ်လာပါစေ

    ReplyDelete
  7.ွှThank you very much.

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  9. I've got it.
    Thank you very much.

    ReplyDelete
  10. ကိုလမင်းရေ( နေမင်းဆိုတာ )ပူသလားလို့ ခုဟာကအေးမြတဲ့ နည်ပညာတွေနဲ့ ပြည့်စုံနေတဲ့ ဆိုဒ်လေးဆိုတော့ ကျေးဇူးတင်လွန်းလို တင်းစားခေါ်ကြည့်တာပါ မှားသွားရင်ခွင့်လွတ်ပါဂျာ ...တိန်.ကျေးဇူးအများကြီးတင်ပါတယ် ဒီထက်မက နည်းပညာတွေ တိုးပွားပြီးတော့ ခုလိုပဲမျှဝေခံစားရင်းနဲ့ကိုယ်ရောစိတ်ပါ ချမ်းမြေ့သော ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ ...

    ReplyDelete
  11. အစ်ကို နေကောင်းကျန်းမာ.. အိတ်ဖောင်းဝမ်းသာ.. ကျေးဇူးတင်ပါတယ်လို့ ဆန္ဒပြုဆုတောင်းရင်
    Microsoft Word လေးနဲ့ သယ်သွားပါတယ်ခင်ဗျာ....

    ReplyDelete
  12. သာဓုပါတော်..သာဓု..သာဓု.

    ReplyDelete
  13. thzzzzzzzzzzzzzzzzzzzzzzzzzz

    ReplyDelete
  14. အရမ်းအစဉ်ပြေသွားတယ်ဗျာ ကျေးဇူးတင်ပါတယ်ဆရာ

    ReplyDelete
  15. ကျွန်တော်တော်တော်ကံဆိုးတာပဲ . .
    လင့်တွေကဒေါင်းလုပ် လုပ်လို့မရတေ့ဘူးဗျ .... :(

    ReplyDelete
  16. အကိုရေ ကျွန်တော်အကိုပြောအတိုင်လုပ်ပါတယ်ဒါပေမဲ မရလို တစ်ချက်လောက်ကူညီပါဦး

    ReplyDelete
  17. အခုလိုပညာဖြန့် ဝေပေးတဲ့အတွက် နောင်ဘဝမှာဒီထက်မက ပညာထူးချွန်ပါစေ

    ReplyDelete
  18. thanks a lot bro!.............

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်