• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, December 18, 2011

Chrome နှင့် ဇော်ဂျီဖောင့် ပြသာနာ


Chrome မှာ Zawgyi ရော Unicode ရော အဆင်ပြေပါတယ်။ ဟိုးအရင်ကတည်းက သုံးနေတာတော့ ကြာပါပြီ။ ထုတ်ထားတုန်းကတော့ Lion တွက် ထုတ်ခဲ့တာပါ။ နောက်ပိုင်း သုံးကြည့်ရင်း ကြိုက်တာနဲ့ chrome သုံးပြီးတိုင်းဒါလေးကို သုံးဖြစ်သွားတာ ဒါကြောင့် စာရေးစာဖတ်ဖို့ Chrome မှာ ပြေလည်နေခဲ့တာ ။ တချို့က အခု Chrome မှာ Zawgyi ကို support လုပ်ပြီလို့ ထင်နေကြတယ်။ အကုန်လုပ်ပြီလားဆိုတော့လည်း မဟုတ်သေးဘူး။ အပြည့်အလုပ်မလုပ်သေးပါဘူး။ တချို့ဆိုဒ်တွေမှာ လုပ်တယ်။ တချို့ဆိုဒ်တွေမှာ Error တက်တယ်။

ဒါကြောင့် ကျွန်တော်ဖော်ပြတဲ့ Extension ကို သွင်းပြီး သုံးကြည့်ပါ။ အောက်က ပုံနဲ့ ဖော်ပြထားပါတယ်။ ဟိုနေ့က ကျွန်တော် တင်တဲ့ ပိုစ့်တွေကို Error တက်နေတာရယ် ချက်ဘောက်မှာ မေးထားတာလေးရှိနေုလို့ ကျွန်တော် chrome ကနေ ဒီ Extension အဖြုတ်အတပ်လေး လုပ်ပြီး ပြန်စမ်းပေးလိုက်ပါတယ်။ ပုံကိုကြည့်ပါ။



ဒီ Extension ကို ဒီလင့်ကနေ သွားရော သွင်းလို့ရပါတယ်။  

အားလုံးအဆင်ပြေကြပါစေ...
သန့်ဇင်ဌေး

32 comments:

  1. ကျေးဇူးပါတော်တော် အဆင်ပြေသွားပီ။
    အရင်ဆို တော်တာ် ဒုက္ခရောက်နေတာလေ။
    ကျွန်တော်က chrome ကို ပို သုံးဖြစ်လို့။

    ReplyDelete
  2. ကျတော်လုပ်တာမရလို့သေချာရှင်းပြပေးပါအူံး..ကျေူးဇူး

    ReplyDelete
  3. ဘယ်လို မရတာလည်း မသိဘူး။ chrome ကနေပြီးတော့ https://chrome.google.com/webstore/detail/nalmimmiiohgbbjaekgpmdjglcgbnand ကိုဖွင့် Add လုပ်လိုက်ရင် ရပါပြီ။ မရတာမျိုးရှိလာရင် chrome Option ထဲ့မှာ zawgyi တွေ ကိုသွားရွေးပေးလိုက်ပါ

    ReplyDelete
  4. အကိုပြောသလိုကျတော် add လုပ်လိုက်ပါတယ်..ဒါပေမယ့်မြန်မာစာတွေကတချို့စာလုံးတွေဖတ်လို့ရပြီးတချို့စာတွေကဖတ်လို့မရဘူး.နောက်ပြီး chrome option ထဲမှာလည်း zawgyi ကိုရှာမတွေ့ဘူး..

    ReplyDelete
  5. အောက်ကလင့်မှာ ပုံလေးကို ကြည့်လိုက်ပါ အဆင့် ၃ ကိုရောက်ရင် သူ့ဘာသာ ဖောင့်ပြင်ရမဲ့ ၄ နေရာပေါ်လာပါလိမ့်မယ်။ လိုက်ပြင်ကြည့်ပါ အဆင်မပြေရင် ထပ်ပြောပါ
    https://lh5.googleusercontent.com/-lgwfvA_jucE/Tu49z7c_kaI/AAAAAAAAAh0/ApOopneTqfE/s720/Untitled.png

    ReplyDelete
  6. ကျေးဇူးဘဲ....အကိုညွှန်ပြတဲ့အတိုင်း..ကျတော်font နေရာအားလုံးမှာမှာ Zawgyi -one ပြောင်းလိုက်တာ
    အဆင်ပြေသွားပြီး..မသိသေးတဲ့ကျတော်သူငယ်ချင်းများကိုလည်းလက်ဆင့်ကမ်း
    ခွင့်ပြုပါလို့

    ReplyDelete
  7. အရမ်းကျေးဇူးတင်ပါတယ် အဆင်ပြေသွားပါပြီ။။

    ReplyDelete
  8. Chrome ရဲ့ညာဖက်ဒေါင့်မှာ ဇော်ဂျီပုံလေးလဲပေါ်တယ်။ Options ထဲမှာလဲ ဖေါင့်ပြောင်းထားတယ်။ ဒါပေမယ်အကုန် Title Bar တွေမှာ လေးထောင့်လေးတွေဖြစ်နေတယ်။ တစ်ချို့စာလုံးတွေလည်းဖတ်လို့မရဘူး၊ ဘာလို့လဲမသိဘူး။

    ReplyDelete
  9. ကိုနေမင်းမောင်ရေ......
    ကျနော့်ရဲ့ samsung galaxy tab 10.1 မှာ ဇော်ဂျီ သွင်းထားသော်လဲ website အတော်များများမှာ ဖတ်လို့မရတာများနေပါတယ်၊ အဲဒါကို ခင်ဗျားများ ကူညီနိုင်လေမလားလို့ စဉ်းစားမိပြီး အကူအညီတောင်းရပါတယ်၊ အရင်က ကျနော့်ရဲ့ Desktop PC မှာ google chrome နဲ့ Internet explore အပါအဝင် browser အတော်များများ မှာ ဖောင်္ဂျီဖွန့် ဖတ်မရပါဘူး၊ အများပြောနေကြဖြစ်တဲ့ Google Chrome ရဲ့ setting ထဲဝင်ပြီး ဖွန့်နေရာ ၄ ခုမှာ ဇော်ဂျီ ဖွန့်ကိုပြင်သော်လဲ မထူးခြားပါဘူး၊ ထင်ချင်တဲ့ဟာကထင်ပြီး မထင်တဲ့ဟာက မထင်ပါဘူး၊ လေးထောင့်ကွက်တွေနဲ့ တချို့နေရာတွေမှာ စာလုံးကမောက်ကမတွေပဲဖြစ်နေပါတယ်၊ ဒါကြောင့် ကျနော်လဲ စိတ်ပျက်ပြီး ပစ်ထားလိုက်တာ ကြာပါပြီ၊ ဒီလိုနဲ့ မနေ့ကမှ ခင်ဗျားတင်ထားတဲ့ ဘလော့ဂ် ကိုဖတ်မိပြီး Fonttagger ကို သွားပြီးဝင်လိုက်တာ အခုတော့ အကုန်လုံး ဘယ် website မဆိုဖတ်ရလို့ ဝမ်းသာမိသည်နှင့်အမျှ ကျေးဇူးလဲအထူးတင်တယ်ဗျာ၊
    ဒါကြောင့် တဆက်ထဲမှာပဲ ကျနော့်ရဲ့ samsung galaxy tab 10.1 မှာဖြစ်နေတဲ့ နေရာအတော်များများမှာ ဇော်ဂျီဖတ်မရတဲ့ ပြဿနာကို ခင်ဗျားများဖြေရှင်းပေးနိုင်မလားလို့ လှမ်းပြီးအကူအေညီ တောင်းရပါတယ်ဗျာ၊ ဒါပေမဲ့ ကျနော့်ရဲ့ galaxy tab rSmawmh Google Chrome က သွင်းမရလို့ fonttagger နဲ့တော့ ဖြေရှင်းလို့မရဘူးဗျို့၊ အဲဒါ ခင်ဗျား ကူညီနျိုင်မယ်ဆိုက ကူညီဖြေရှင်းပေးပါရန် မေတ္တာရပ်ခံပါတယ်ဗျာ။
    လေးစားစွာဖြင့်
    ဇော်ဗလ

    ReplyDelete
  10. thank you very much,bro

    ReplyDelete
  11. ကျေးဇူးအထူးတင်ပါတယ်...အကို...

    ReplyDelete
  12. ကျေးဇူးတင်ပါတယ်... ကိုနေမင်းမောင်ရေ.......................

    ReplyDelete
  13. thank a lot brother
    zinn

    ReplyDelete
  14. ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို

    ReplyDelete
  15. အခုတော့ ကိုနေမင်းမောင်ရဲ့ ကျေးဇူးကြောင့်အားလုံး အဆင်ပြေသွားပါပီဗျာ...
    နောက်များလည်း ပို့စ်တွေ များများတင်နိုင် ရေးနိုင်ပါစေလို့..ဆုတောင်းပေးပါတယ် :D
    P.S - ယခု comment ကို chrome browser သုံးပီးတော့ ရေးလိုက်ပါတယ်..

    ReplyDelete
  16. ကျွှန်တော်မှာ အစ ကMozilla Firefox က မြန်မာလို အကုန် ဖတ်လို့ ရတယ် အခုတလော ဘယ်လိုဖြစ်သွားလဲ မသိဘူး...မြန်မာလို တွေမပေါ်တော့ဘူး... အမျိုးလုပ်ပြီးပြီ မရပါဘူး အကိုရာ ....ဒါပေမယ့် ဆိုဒ်တွေကိုလျောက်ကြည့်ရင်း အကိုဆိုဒ်မှာတင်ထားတာ ကို လုပ်ကြည့်လိုက်တာ အဆင်ပြေ သွားပါတယ်...ကျေးဇူး အများကြီးတင်ပါတယ်ဖျာ... ..

    ReplyDelete
  17. ဇော်ဂျီဖောင့်ကအပေါ်က tabမှာမပေါ်ဘူးဖြစ်နေတယ်ဗျာ။ လေးဒေါင့်တွေပဲမြင်နေရတယ်။ အခုဒီစာရိုက်တဲ့အကွက်မှာလည်းလေးဒေါင့်တွေပဲဖြစ်နေတယ်။ တခြားနေရာမှာရိုက်ပြီး ခုဒီcomment အကွက်ထဲကို copy ,past လုပ်ပြီးလာတင်ရတယ်။

    လေးဒေါင့်တွေပျောက်အောင် ကူပါဦး။

    ReplyDelete
  18. အရမ်းကျေးဇူးတင်တယ်ဗျာ...Chorme ကနေ မြန်မာစာတွေ ကောင်းကောင်း ဖတ်လို့ရပြီ.......

    ReplyDelete
  19. ကျေးဇူးကြီးမာလှပါတယ်ကိုနေမင်းရေ..

    ReplyDelete
  20. အကိုပြောတဲ့ ညာဖက်တောင့်မှာ အမပေါ်လို ကူညီပါဦး ပြီးတော့ မြန်မာစာလည်းရိုက်လိုမရသေးပါဘူး...
    ကူညီပေးပါနော်.. ကျေး

    ReplyDelete
  21. ကျေးဇူးပါ....အကို ဒါပေမယ့် ရေးတော့မပေါ်ဘူး.....

    ReplyDelete
  22. သူငယ်ငယ်ချင်းတစ်ယောက်ရဲ့ computerမှ ဇော်ဂျီးနှင့် zawgyi-keyboard-layout ကိုinstall လုပ်ဒါ မြန်မာလိုမပေါ်ဘဲ လေးတောင့်တွေဘဲပေါ်နေလို့
    ကျေးဇူးပြုပြီးတော့ ကူညီပေးပါနော်။
    ချင်းကလေး

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်