• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, December 13, 2011

Ubuntu Boot Menu ကိုဖယ်ရှားရန်

ကျွန်တော့်အစ်ကိုတစ်ယောက်ကလည်း Ubuntu ကိုဖြုတ်ပြီးပေမယ့် ဒီလို Boot Menu မှာကျန်နေတဲ့ အတွက် ဒါလေးကိုဘယ်လို ဖြုတ်မလဲဆိုတာကို ရေးပေးလိုက်တာပါ။ သိပြီးသားသူတွေလည်း အများကြီးရှိ မှာပါ။ ကျွန်တော်မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီးရေးပေးလိုက်တာပါ။ ကျွန်တော်တို့ ဒါကိုဘယ်လိုဖြုတ်ရမလဲဆိုတာ အောက်မှာ ကျွန်တော်တစ်ဆင့်ခြင်း စီပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်။ နောက်ကိုလည်း ကျွန်တော်စာကိုတော့ ဖြေးဖြေးခြင်းပဲရေးပေးသွားပါ့မယ်။ အခုတော့ အောက်မှာ ကြည့်ပေးပါဗျာ။
ကျွန်တော်တို့ ပထမဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ရဲ့ Command Prompt ကိုခေါ်ပါ့မယ်။ တိုက်ရိုက် Run Box ထဲမှာ cmd လို့ ရိုက်ပြီးဝင်လို့မရပါဘူး။ ကျွန်တော်တို့ Start Menu> All Programs > Accessories ထဲကိုဝင်ပြီး Command Prompt ကို Run as administrator နဲ့ ခေါ်ပေးရပါမယ်။ အောက်မှာကြည့်လိုက်ပါ။


ကျွန်တော်တို့ ဒီလိုစဝင်ရမှာ ဖြစ်ပါတယ်။ ဖွင့်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ C:\Window\System32> ဒီလိုပေါ်နေပါမယ်။ အဲ့ဒီနောက်မှာ ကျွန်တော်တို့က bcdedit လို့ရိုက်ထည့်ပေးပြီး Window boot manager ကိုခေါ်ပါ့မယ်။ အောက်မှာ ကြည့်လိုက်ပါ။
ဒါကကျွန်တော်တို့ Windows Boot Manager ကိုခေါ်ထားတာပါ။ ဒီကနေပြီးတော့ ကျွန်တော်တို့ Ubuntu တင်ထားခဲ့တဲ့ အပိုင်းကိုရှာပါ့မယ်။ ပုံလေးမှာကြည့်လိုက်ပါ။ 

ဒါကတော့ ကျွန်တော်တင်ထားတဲ့ Ubuntu ရှိတဲ့ Partition အပိုင်းပါ။ ဒီကောင်လေးရဲ့ Identifier တန်ဖိုး လေးကို ကျွန်တော်တို့ ဖျက်ပေးရပါမယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီ Command Prompt ရဲ့ မိမိတို့ နှစ်သက်တဲ့ နေရာလေးမှာ Right-click လေးထောက်လိုက်ပါ။ ပြီးရင် ကျွန်တော်တို့ Mark ဆိုတာလေး ကိုပေးလိုက်ပါ။ ပုံမှာတစ်ချက်ကြည့်ပေးပါ။


 ကျွန်တော်တို့ အခုဒီလို Mark လေးပေးပြီးပြီဆိုရင် ကျွန်တော်ခုနကပြောသလိုပဲ Ubuntu ရဲ့ Identifier တန်ဖိုးလေးကို Select ပေးလိုက်ပါ။ 


ကျွန်တော်တို့ဒီလိုလေး Select ပေးလိုက်ပါ။ ပြီးရင် Right-click နဲ့ Copy ကူးလို့မရပါဘူး။ Ctrl+C နဲ့ ကူးပေးပါ။ ပြီးရင်ကျွန်တော်တို့ ဖျက်မယ့်စာကိုပြပါ့မယ်။ ကြည့်ပေးပါ။ ရိုက်ထည့်ရမယ့်စာက bcdedit /delete နဲ့ ခုနက ကျွန်တော်တို့ Ctrl + C နဲ့ကူးထားတဲ့ Ubuntu ရဲ့ Identifier တန်ဖိုးလေးကို Ctrl + V နဲ့ ထည့်ပေးလိုက်ပါ။ ပုံမှာလည်း ကျွန်တော်ပြပေးထားပါတယ်။ bcdedit  /delete ဒီနေရာမှာ  bcdedit ရိုက်ပြီးရင် Space Bar တစ်ချက်ချားပါတယ်။ ပြီးရင် delete နောက်မှာလည်း Space Bar တစ်ချက်ခြားပြီးတော့ Ctrl + V နဲ့ ပေးပါတယ်။ ပုံမှာကြည့်ပေးပါ။
အခုလိုရိုက်ထည့်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Ubuntu ရဲ့ ကျန်နေတဲ့ Boot Menu လေးကို ဖျက်ထုတ်လိုက်နိုင်ပါပြီ။ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ကြည့်နိုင်ပါသေးတယ်။ ထပ်ပြီးတော့ bcdedit ရိုက်ထည့်ပြီး ကြည့်လိုက်ပါ။ ကျွန်တော်တို့ Ubuntu ရဲ့ Boot Menu လေးမရှိတော့ပါဘူး။ ပြီးရင်တော့ ကျွန်တော်တို့ စက်ကို Restart ချပေးလိုက်ပါ။ အဆင်ပြေပါပြီ။ ကျွန်တော်ဒီပို့စ်လေးကို ပုံမမြင်ရသူများအတွက် ကျွန်တော် အောက်မှာ PDF နဲ့ပါထပ်ထုတ်ပေးထားပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။


PDF Download



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။







8 comments:

  1. အစ်ကိုရေ ....... ကျေးဇူးအရမ်းတင်ပါတယ်...အစ်ကို့ ဆီကို ဒီ post နဲ့ ပတ်သက်ပီးမေးမထားပေမယ့်
    ဒီအကြောင်းအရာနဲ့ ပတ်သက်ပီး ကျွှန်တော်အရမ်းသိချင်နေတာပါ pdf file လေးကိုလဲ ယူသွားလိုက်ပါပီ..
    windows 7 မှာ လုပ်သလို windows Xp မှာ ရောလုပ်လို့ ရတယ်မလား ..

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ဗျာ.. ဒီလိုပိုစ့်မျိုးက တကယ်ကိုတန်ဖိုးရှိပါတယ်.. နောင်ကိုလည်း အဲဒီလို ပညာရတဲ့ပိုစ့်တွေ အများကြီး ရေးပါအုန်း.. PDF လေးနဲ့ သိမ်းထားလိုက်ပါပြီ.. Ubantu မဟုတ်တဲ့ တခြား OS တွေဖြုတ်ရင်ကော ဒီအတိုင်းပဲလား အကို.. ကျနော်စက်မှာ win7 နှစ်ခု အပြိုင်တင်ထားလို့ပါ...

    ReplyDelete
  3. ကျေးဇူးအထူးတင်ပါတယ် ညီလေး...ညီလေး ရဲ့ ဖြေရှင်းချက်တွေကို ဒီလို PDF အနေနဲ့ လုပ်ပေးထားတာ အလွန်တန်ဖိုးရှိပါတယ်။ Documentation ဟာ အစ်ကို့အတွက်တော့ တန်ဖိုးမဖြတ်နိုင်ပါ။

    ReplyDelete
  4. Windows 7 နှစ်ခုတင်ထားသူတွေအတွက် windows 7 တစ်ခုကိုဖျက်လိုက်ပေမယ့် စက်ဖွင့်လိုက်ရင် windows 7 ဆိုပြီး ၂ခု ပြနေပါတယ် ၂ ခုထဲက ၁ ခုကိုဖျက်လိုက် အရင်တိုင်းဖြစ်သွားပါပြီ ဖျက်နည်းလေးကတော့ Start Menu ကိုဖွင့်လိုက်ပါ Start menu ရဲ့ အောက်ဆုံးက Search box လေးမှာ System ရေးလိုက်တာနဲ့  System Configuration ကိုဝင်လိုက်ပါ System Configuration box လေးပေါ်လာတယ် Boot ထဲ ဝင်လိုက်ပါ အဒီမှာ မိမိတင်ထားတဲ့ windows တွေကိုမြင်ရမှာပါ မိမိဖျက် မှာ Disk :c မှာလား Disk :D မှာလားဆိုတာ သေသေချာချာ ကြည့်ပါ မှားဖျက်မိရင် windows ပြန်မတက်တော့ပါ Select လုပ်ပြီး Delete လုပ်လိုက်ပါ ပြီးရင် Apply ကို နှိပ်ပါ ပြီရင် ok ပြီးရင် Restart လုပ်လိုက်ပြီးပြီ

    ReplyDelete
  5. အကို နေမင်းမောင် ကိုယ်စား ကျွန်တော်ဖြေထားပေးတာပါ ကျေးဇူးတင်ပါတယ်

    ReplyDelete
  6. ဟုတ်ကဲ့ ကိုကျော်ကိုသိန်း အခုလို ကိုသိတာလေးကို ပြန်ပြီး မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

    ReplyDelete
  7. ဆရာနေမင်းမောင်ခင်ဗျား...
    ကွန်ပျူတာပြသနာဖြေရှင်းနည်းများpdf file ပြောင်းပြီးကျေးဇူးပြုပြီး kaungmyat0081@gmail.com
    ထဲသို့ပို့ပေးပါခင်ဗျား....

    ReplyDelete
  8.ူLink တွေကသေနေလို့ download ဆွဲလို့မကဖြစ်နေလို့ပါ ခင်ဗျား.....
    ဒါကြောင့် kaungmyat0081@gmail.com ထဲသို့ကျေးဇူးပြုပြီးမေးလ်
    ပို့ပေးပါရန်ရိုသေစွာဖြင့်အကူအညီတောင်းပါသည်ခင်ဗျား.....

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်