• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Thursday, December 1, 2011

Task Manager ကိုခေါ်လို့မရတော့ဘူးဆိုရင်

ကျွန်တော်အခု ရေးပေးမဲ့ နည်းလမ်းလေးကတော့ မိမိစက်ကို Virus ၀င်ရောက်လာတဲ့ အခါမှာ Virus ကသူတို့ကို အလွယ်တကူ ဖယ်ရှားလို့ မရအောင် Task Manager ကိုပိတ်လိုက်တဲ့ အခါမှာ Task Manager ကိုပြန်ပြီး ဖွင့်လို့ရအောင် လုပ်လို့ရမဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. တစ်ခုခုကို သိချင်ရင်တော့ ကိုယ်တိုင် လိုက်လုပ်ပေးမှ ရမှာပါ .. ကျွန်တော် လွယ်လွယ်ကူကူ လုပ်တက်အောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့ ရှင်းပြပေးတက်ပါတယ် .. တစ်ခုခုကို ဘာမှတောင် မလုပ်ကြည့်ရသေးပဲနဲ့ မရဘူးပဲ အော်နေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး .. ကျွန်တော် Virus က Task Manager ကိုပိတ်သွားတဲ့ အခါမျိုးမှာ Registry ထဲကနေပြီး ဒီကောင်လေးကို ပြန်ဖွင့်လို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

အရင်ဆုံး Keyboard မှ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ Regedit လို့ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်လိုက်ပါ .. 


Registry Editor ပွင့်လာပြီ ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ကျွန်တော် တစ်ဆင့်ကိုတော့ ဘယ်လိုသွားရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် .
အရင်ဆုံး အောက်ကအဆင့်အတိုင်း အဆင့်ဆင့် သွားပြီး Policies ကိုရောက်ပြီ ဆိုရင် Click ပေးလိုက်ပါ .. ပြီးရင် ညာဘက်မှာ  DisableTaskMgr  ကိုတွေ့ရင် အဲ့ဒီကောင်လေးကို Right Click ထောက်ပြီး Delete လုပ်လိုက်ပါ ..

HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> system

အပေါ်ကအတိုင်း အဆင့်ဆင့်သွားပြီး ရှင်းပြီးပြီ ဆိုရင် အောက်ကအဆင့်အတိုင်း အဆင့်ဆင့် ထပ်သွားပြီး ရှင်းပေးလိုက်ပါ ..

HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> policies >> system

ကျွန်တော် အပေါ်ကအဆင့်ကို အဆင့်ဆင့် ဘယ်လိုသွားရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..


 အပေါ်ကပုံအတိုင်း DisableTaskMgr ကို Delete လုပ်ပြီး သွားပြီ ဆိုရင်တော့ Task Manager ကိုပြန်ဖွင့်လို့ ရသွားပါလိမ့်မယ် ..

အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


6 comments:

  1. ကျေှးှဇူးပါ။ကျတော်တို့ လိုအခြေခံကနေလေ့လာနေတဲ့သူတွေအတွက်အများကြီးတန်ဖိုးရှိပါတယ်ဆက်လက်ပြီးတင်ပေးပါလို့ စောင့်မျှော်လျှက်ပါခင်ဗျာ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်... ကိုနေမင်းမောင် . . .
    ကျွန်တော် သိချင်တာလေး တစ်ခု ပေါ့

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်အကို......မသိတဲ့အရာလေးတွေအတွက်ရော......ဗဟုသုတရတဲ့အတွက်ပါ..နောက်ထပ်အသစ်တွေလည်းဖတ်ပါရစေ....

    ReplyDelete
  4. ကျေးဇူးပဲကို ကြီးရေ ကျေးဇူးတင်ပါတယ်ဗျာ မသိတာတွေအစ်ကို side ထဲကိုရောက်တော့မှပဲ သိသင်တာတွေတော်တော်များများသိလာတယ် အစ်ကို ကိုအစင်လေးစားနေပါတယ် naung naung .

    ReplyDelete
  5. ကျေးဇူးပဲကို ကြီးရေ ကျေးဇူးတင်ပါတယ်ဗျာ မသိတာတွေအစ်ကို side ထဲကိုရောက်တော့မှပဲ သိသင်တာတွေတော်တော်များများသိလာတယ် အစ်ကို ကိုအစင်လေးစားနေပါတယ် naung naung .

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်