• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, October 9, 2011

Scribd.com မှ PDF ဖိုင်ဒေါင်းလော့ချနည်း


ကျွန်တော်တို့ Scribd.com မှာတင်ထားတဲ့ PDF File တွေကို ဒေါင်းလော့ချတဲ့အခါ အခက်အခဲ ရှိနေသူတွေအတွက် Scribd.com မှာ PDF File တွေကို ဘယ်လို ဒေါင်းလော့ချရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြောပြပေးသွားပါမယ် .. Scribd.com ကိုဘာအတွက် သုံးတာလဲ ဆိုတော့ ကျွန်တော်တို့ PDF File တွေကို မိမိတို့ရဲ့ ဆိုဒ်မှာ ဖတ်လို့ရအောင် ဖော်ပြချင်တဲ့ အခါမှာ ကျွန်တော်တို့ အနေနဲ့ Scribd.com မှာအရင် Upload တင်ရပါတယ် .. ပြီးတော့မှ မိမိတို့ ဆိုဒ်မှာ ပြန်ထည့်ပေးရပါတယ် .. အဲ့ဒီအခါမှာ စာဖတ်သူ အနေနဲ့ တင်ထားတဲ့ PDF File လေးကို ဒေါင်းလော့ချပြီး သိမ်းထားချင်တဲ့ တစ်ချို့ မသိတဲ့သူတွေ အတွက် အခက်အခဲ ရှိနိုင်ပါတယ် .. သူက Download ကိုနှိပ်လိုက်ရင် ပိုက်ဆံတောင်းတဲ့ Box လေးပေါ်လာပါလိမ့်မယ် ..အဲ့ဒီအခါမှာ ဘယ်လိုလုပ်ရမှန်း မသိတော့ မိမိတို့ လိုချင်တဲ့ စာအုပ်ကို ယူဖို့အတွက် အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် Scribd.com ကနေပြီး PDF File တွေကို Free ယူလို့ရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


 

ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေနဲ့ ဒေါင်းလော့ ချတက်သွားမယ်လို့ ထင်ပါတယ် .
အားလုံးပဲအဆင်ပြေကြပါစေ ..  ကျေးဇူးတင်ပါတယ်ခင်ဗျာ..

5 comments:

  1. အခုမှဘဲရှင်းသွားတယ်။ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  2. www.scribd.com မှ Download ဆွဲနည်း နောက်တစ်နည်း Share ပေးချင်ပါတယ်ခင်ဗျ။

    Micro-Irrigation-Technology-and-Applications.pdf ဆိုတဲ့ E book ကိုဥပမာ download ဆွဲပြပေးမယ်ခင်ဗျ။

    http://www.scribd.com/doc/20157961/Micro-Irrigation-Technology-and-Applications

    ဒီအပေါ်က URL ကိုဖွင့်လိုက်ရင် စာအုပ်ကို ဖတ်လို့သာ အဆင်ပြေပြီး၊ Download ဆွဲဖို့ခက်နေပါလိမ့်မည်။ ဒါပေမဲ့ အပေါ်က URL ကို modified လုပ်ပြီး PDF ဖိုင်ကို download ဆွဲနိုင်ပါတယ်။

    ၁။ /doc/ ဆိုတဲ့နေရာကို /mobile/documents/ ဆိုပြီးအစားထိုးပေးပါ။
    ၂။ /Micro-Irrigation-Technology-and-Applications ဆိုတဲ့ File name ကိုဖျက်ပစ်လိုက်ပါ။

    အဲ့ဒီလို URL ကို modified လုပ်လိုက်ရင် အောက်ပါအတိုင်းရရှိမည်။

    http://www.scribd.com/mobile/documents/20157961

    ဒီအသစ် URL ကိုဖွင့်လိုက်ရင် Download Now ဆိုတဲ့ download button ရရှိပါမည်။ နှိပ်ပြီးတော့ ဒေါင်းလိုက်ရုံပါပဲ။

    ဒါပေမဲ့ ဒေါင်းပြီးလို့ရလာတဲ့ ဖိုင်ကိုတော့ Rename လုပ်ပြီး File extension .pdf ဆိုတာထည့်ပေးရပါမယ်ခင်ဗျ။

    ကျေးဇူးတင်လျက်။
    Zaw Min Oo
    Yezin Agricultural University
    zawminoo.yau@gmail.com

    ReplyDelete
  3. ဆရာ ခင်ဗျား .... ဆရာ တင်ပေးထားတဲ့ အတိုင်းလုပ်တာ နောက်ဆုံးအဆင့်ထိ့ ရောက်ပြီးမှ download လုပ်တာ အဆင်မပြေ ဘူးဖြစ်နေတယ် တပ်နိုင်ရင် ကူညီပေးပါအုံးနော် ကျေးဇူး အများကြီးတင်ပါတယ်
    ကိုဇော်မင်းဦး ( ရေဆင်း ) လုပ်တဲ့ အတိုင်းက ပိုပြီး အဆင်ပြေနေတယ် ကိုဇော်မင်းဦး ကိုလဲကျေးဇူး အများကြီးတင်ပါတယ်
    ကျွန်တော့် အကောင့်က dootcheck@gmail.com ဖြစ်ပါတယ်

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်