• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Thursday, October 6, 2011

Windows 8 မှာမြန်မာဖောင့် အဆင်မပြေသူများအတွက်

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..

32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..

64 Bits Users တွေကတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့သွားချလိုက်ပါ..


Keymagic ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့ချလိုက်ပါ..

အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

6 comments:

  1. အကိုေ၇...ကျတော် window 8 သုံးတာပါ . ကျတော်လည်း အစတော့ အကိုပြောသလို လုပ်ကြည့်တယ် .. အဆင်မပြေဘူး အကိုရ.. နောက်တော့ ကျတော်သိလိုက်တာလေး .. ပြောပြချင်လို့ပါ .. internet explorer 9 နဲ့ သူက တည်ဆောက်ထားတာဆိုတော့ မြန်မာဖောင့်က အခက်ခဲဖစ်နေတယ် အကိုရာ .. အဲဒီတော့ tools ထဲကနေ .. internet options ကို သွားလိုက်ပေါ့ .. ပီးရင် .. အဲမှာ font ကို အောက်ဆုံးက ဇော်ဂျီဝမ်း ထားပေးလိုက်ရင် အားလုံးအဆင်ပြေသွားပါတယ် .. ညီလေး မှားခဲ့ရင်လည်း .. တောင်းပန်ပါတယ် .. အကို့တွက်လည်း ပြန်လည် မျှဝေပေးခဲ့ပါတယ် .. ကျေးကျေးပါ အကို .. ကျတော့် အကောင့် က zawwinnhtoo@gmail.com . ပါ .. အကယ်လို့များ မှားခဲံရင် ကျတော့်ကို ပြန်လည်သင်ပေးပါ ..ခုတော့ 8 ပဲ ဆက်သုံးဖစ်နေပါတယ် ..

    ReplyDelete
  2. ဟုတ်ကဲ့အကို .. အခုလိုပြန်ပြီးမျှဝေပေးသွားတာကျေးဇူးတင်ပါတယ် ..
    ကျွန်တော်က ထွက်ထွက်ခြင်းသုံး ပြီးနောက်ပိုင်းမအားတာနဲ့မစမ်းဖြစ်တော့လို့အကို .. အခုလိုအကိုသိတာလေးမျှဝေပေးတာကိုပဲကျေးဇူးတင်ပါတယ်အကို ..

    ReplyDelete
  3. အစ်ကိုရေကျွန်တော်ကျတော့vmနဲ့ကောvirtual box နဲ့ပါအဆင်မပြေဘူးခင်ဗျ၊သုံးချင်တာကလဲတော်တော်ဖြစ်နေတော့မထူးဘူးဆိုပြီးပုံမှန်အတိုင်းပါတီးရှင်းအသစ်တစ်ခုလုပ်တင်လိုက်တယ်ကျွန်တော်လက်ရှိသုံးနေတာကဝင်းဒိုး764bit genuine ပါအဲဒီမှာwin-8x64တင်တာအဆင်မပြေဘူး၊x32နဲ့မှအဆင်ပြေသွားတယ်အဲ့ဒီမှာdefault window ကိုwin 8 နဲ့ထားပြီးDual boot လုပ်သုံးတာအဆင်ပြေတယ်ခင်ဗျ၊ကိုနေမင်းမောင်ကိုလဲအခုလိုအသိပညာတွေဖြန့်ဝေပေးလို့ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်အဲ့ လိုလေးတွေပြောပြလို့ ကျွှန်တော်ဗမာဖောင့်မရလို့တိုင်ပတ်နေတာ အိုကေသွားပါပြီ အားလုံးကိုလဲကျေးဇူးတင်ပါတယ်
ှဗျာ

    ReplyDelete
  5. Window 8.1 မှာ Keymagin ကို Install လုပ်ပြီး Run တာ "The application has failed to start because its side-by-side configuration is incorrect........" ဆိုပြီး ပေါ်လာတယ်။ အစ်ကို ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြပေးပါ။

    ReplyDelete
  6. Window 8.1 မှာ Keymagin ကို Install လုပ်ပြီး Runို.မရဖြစ်နေတာလေး ကူညီပေးပါအုန်း

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်