• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, October 5, 2011

Upload တင်ခြင်း နှင့် Download လုပ်ခြင်း အကြောင်း


ကျွန်တော် ဒီနေ့တော့ မသိသေးတဲ့ သူများအတွက် Upload တင်ခြင်းနှင့် Download ချခြင်းဆိုတာကို ပို့စ်တစ်ခု အနေနဲ့ ရေးပေးသွားပါမယ် .. ကျွန်တော့်ကို အကိုတစ်ယောက် Uploading Site တွေအကြောင်း မေးထားတာ လေးတွေရှိတာနဲ့ ဗဟုသုတ အနေနဲ့လည်း Uploading ဆိုတာဘာကို ခေါ်တာ ဘာအတွက် အသုံးပြုတယ် ဆိုတာရယ် Downloading  ဆိုတာဘာကိုခေါ်တာ ဘာအတွက် အသုံးပြုတယ် ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ပြီးမှ Uploading ဆိုဒ်တွေအကြောင်းနဲ့ ဘယ်လိုအသုံးပြု ရတယ်ဆိုတာကိုပါ ဆက်ပြီးရေးပေးသွားပါမယ် .. ကျွန်တော် ဒီအကြောင်းကို ရေးချင်နေတာ ကြာပါပြီ .. အများစုက အင်တာနက်မှာ ကိုလိုချင်တာကို ဒေါင်းလော့ချမယ် အဲ့ဒါကို ဒေါင်းလော့ချတယ်လို့ ခေါ်တယ်ဆိုတာထက်ပိုပြီး မသိကြပါဘူး .. တစ်ခါတစ်လေ ပြောနေကြတာ ကြားရပါတယ် .. ငါအင်တာနက် ကနေ Upload တင်လိုက်တာ ဆိုပြီးတော့ အမှန်တော့ သူပြောချင်တာ ဒေါင်းလော့ ချတာကို ပြောချင်တာပါ .. အဲ့ဒီအတွက် မသိသေးတဲ့ သူများအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော် ဒီပို့စ်လေးကို ကျွန်တော် နားလည်သလောက် ပြန်ပြီးတော့ ရေးပေးသွားပါမယ် .. 

အရင်ဆုံး Uploading and Downloading အကြောင်းမရေးခင် သူတို့ရဲ့သဘောတရားကို နည်းနည်းရှင်းပြပေး ပါမယ်.. တကယ်တော့ Upload တင်လိုက်တယ် ပြီးရင် ဒေါင်းလော့ ပြန်ချတယ် ဆိုတာ တကယ်တော့ File Sharing လုပ်တဲ့ သဘောမျိုးပါပဲ . ဥပမာ ။ ။ လူနှစ်ယောက်ရှိပါတယ် .. A နဲ့ B ပေါ့ဗျာ .. A က မလေးရှာမှာနေတယ် .. B က စင်္ကာပူမှာနေပါတယ်..  A အနေနဲ့ သူစက်ထဲမှာ ရှိတဲ့ Software တစ်ခုကို B ကိုပေးချင်ပါတယ် .. ဒါပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်က တစ်နိုင်ငံစီ ဖြစ်နေပါတယ် .. အဲ့ဒီအတွက် A ကသူစက်ထဲမှာရှိတဲ့ Software တစ်ခုကို B ကိုအလွယ်တကူ ပေးနိုင်ဖို့အတွက် အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  Site တစ်ခုကို အသုံးပြုပါမယ်.. A  ကမိမိစက်ထဲမှာ ရှိတဲ့ Software ကို Free Uploading ဆိုဒ်ပေါ်ကို တင်လိုက်တယ် .. တင်ပြီးသွားပြီဆိုရင် B ကို Software တင်ထားတဲ့ ဆိုဒ်လိပ်စာ ပေးလိုက်ပါတယ်.. B ကအဲ့ဒီ ဆိုဒ်ပေါ်ကနေ A  တင်ထားတဲ့ ဆော့ဝဲလ်ကို ပြန်ပြီးတော့ ဒေါင်းလော့ ချပြီးယူလိုက်ပါတယ် .. အဲ့ဒီ နည်းနဲ့ မလေးရှားမှာ ရှိတဲ့ A  ရဲ့စက်ထဲမှာရှိတဲ့ Software ကို စင်္ကာပူမှာရှိတဲ့ B ကရရှိသွားမှာ ဖြစ်ပါတယ်.. ဒါကတော့ ဘာကြောင့် Upload တင်ရတယ် .. ဒေါင်းလော့ချရတယ် ဆိုတာကို သဘောတစ်ရား တစ်ခုအနေနဲ့ ပြောပြပေးတာပါ .. 

Upload  တင်ခြင်း 

ကျွန်တော် အပေါ်မှာပြောခဲ့သလိုပါပဲ .. Upload တင်တယ်ဆိုတာ မိမိဆီမှာ ရှိတဲ့ ပစ္စည်းတစ်ခုကို အင်တာနက် ပေါ်မှာရှိတဲ့ Free Uploading  ဆိုဒ်တစ်ခုကို သုံးပြီး သိမ်းထားတဲ့သဘောပါပဲ ဒီမှာ အားသာချက် တစ်ခုရှိတာက အဲ့ဒီ  Free Uploading ဆိုဒ်ပေါ်မှာ သိမ်းထားတဲ့  ပစ္စည်းကို ဘယ်သူကို မဆို ပြန်ပြီးတော့ ပေးလို့ရတာပါပဲ .. အခုကျွန်တော်တို့ လုပ်နေသလိုပေါ့ဗျာ .. Software လိုချင်တဲ့ သူတွေကတောင်းတယ် အဲ့ဒီအခါမှာ အဲ့ဒီတောင်းတဲ့သူမှမဟုတ်ပါဘူး တစ်ခြားလိုအပ်တဲ့ သူတွေကိုပါ ကျွန်တော်တို့က Uploading Site တစ်ခုပေါ်မှာ တင်ပြီးတာနဲ့ ပေးလို့ရပါတယ်.. ဒါကြောင့်အကြမ်းမျဉ်း မှတ်ထားရမှာက Uploading လုပ်တယ်ဆိုတာ မိမိတို့ဆီမှာ ရှိတာကို အင်တာနက်ပေါ်မှာ ရှိတဲ့ နေရာတစ်ခုမှာ တင်ပြီး ကိုယ်သိမ်းထားချင် လည်းထားမယ် သူများကိုပေးချင် တယ်ဆိုရင်လည်း သုံးမယ် ဆိုတာပါပဲ .. ကျွန်တော်တို့အနေနဲ့ ပိုက်ဆံပေးပြီး မသုံးနိုင်တဲ့ အတွက်  Free ရတဲ့ Uploading Site တွေကိုပဲ အသုံးပြုကြ ရတာဖြစ်ပါတယ် .. ကျွန်တော် Upload တင်တာနဲ့ ပါတ်သတ်ပြီး  အများစု အသုံးများ နေတဲ့  Mediafire နဲ့  Ifile.it မှာ  Upload ဘယ်လိုတင်ရတယ်ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးသွား ပါမယ်..

Mediafire 



ဒီဆိုဒ်ကတော့ ကျွန်တော်တို့ ဒေါင်းလော့ချရတာ အဆင်ပြေဆုံး Uploading ဆိုဒ်တစ်ခုဖြစ်တဲ့ အတွက်အသုံးများ ကြပါတယ် .. Download ချဖို့အတွက် စောင့်စရာလည်းမလိုပဲ တိုက်ရိုက် ဒေါင်းလော့ချလို့ ရတာဖြစ်တဲ့ အတွက်ပိုပြီးတော့ အဆင်ပြေစေတာလည်း ဖြစ်ပါတယ်.. ဒီဆိုဒ်မှာ Upload တင်မယ်ဆိုရင် တစ်ကြိမ်တည်းနဲ့ အများဆုံး 200 MB သာခွင့်ပြုထားပါတယ် .. တစ်ကယ်လို့ ကျွန်တော်တို့က 200 MB ထက်ပိုပြီး တင်ချင်တယ်ဆိုရင် ဖိုင်တွေကို ခွဲပြီးတင်မှသာ အဆင်ပြေပါလိမ့်မယ် .. ကျွန်တော်တို့ အနေနဲ့ ဒီလိုဆိုဒ်တွေကို အသုံးပြုတဲ့အခါမှာ အနည်းဆုံး တစ်လကို နှစ်ကြိမ်လောက်တော့ ပုံမှန်အကောင့် ၀င်ပေးဖို့ လိုပါတယ် .. အကောင့်မ၀င်တာ ကြာတာနဲ့ မိမိတို့တင်ထားတဲ့ ဖိုင်တွေကို ဆိုဒ်ပေါ်ကနေ ဖျက်ပလိုက်မှာ ဖြစ်ပါတယ်.. ရက် 60 အထိစောင့်ပါလိမ့်မယ် .. သူကအကောင့်မ၀င်တာ ကြာလို့ ဆိုဒ်ပေါ်က ဖိုင်တွေကို မဖျက်ခင် အရင်ဆုံး သတိပေးတဲ့ E-Mail သုံးစောင်တိတိ ပို့ပါလိမ့်မယ် .. တကယ်လို့ ကျွန်တော်တို့က အကောင့်ထပ် မ၀င်ဖြစ်တော့ ဘူးဆိုရင်တော့ သူဆိုဒ်ပေါ်မှာ တင်ထားတဲ့ ဖိုင်တွေကို ဖျက်လိုက်မှာ ဖြစ်ပါတယ်.. ကျွန်တော်တို့ Upload မတင်ခင် အကောင့်တစ်ခုတော့ ဖောက်ဖို့လိုပါလိမ့်မယ် .. ဒါမှသာ မိမိတို့ တင်ထားတဲ့ ဖိုင်တွေကို ရေရှည်သိမ်းထားလို့ ရမှာဖြစ်ပါတယ်.. ဒီဆိုဒ်မှာ တင်တဲ့ File တွေအတွက် Storage size ကတော့ Unlimited ဖြစ်ပါတယ်.. ကျွန်တော် အောက်မှာ အသုံးပြုပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 












အောက်ကပုံအတိုင်း Upload တင်နေပါလိမ့်မယ် .. ကော်နက်ရှင်ကောင်းမယ် ဖိုင်ဆိုဒ်သေးမယ် ဆိုရင်တော့ မြန်မြန်ပဲပြီးပါလိမ့်မယ် .. ကောင်နက်ရှင် ကလည်းမကောင်း ဖိုင်ဆိုဒ်ကလည်း ကြီးမယ် ဆိုရင်တော့ ကြာပါလိမ့်မယ်..






Ifile.it



ဒီဆိုဒ်ကတော့ Upload တင်လို့ အကောင်း ဆုံးပဲဖြစ်ပါတယ် .. တင်ရတာလည်း မြန်သလို ကော်နက်ရှင် မကောင်းရင်တောင် Fail ဖြစ်တာ ရှားပါတယ်.. ဒီဆိုဒ်ကိုလည်း အများစု အသုံးပြုနေတာ ကြောင့်ရေးပေး တာဖြစ်ပါတယ် .. အပေါ်မှာပြောခဲ့ သလိုပါပဲ ဒီဆိုဒ်မှာလည်း ရက် 60 အတွင်း အကောင့်မ၀င် တော့ဘူးဆိုရင် တင်ထားတဲ့ File တွေကို ဖျက်ပစ်မှာ ဖြစ်ပါတယ်.. ဒီဆိုဒ်ကတော့ Upload တစ်ခါတင်ရင် File Size အများဆုံး 1 GB အထိ တင်ခွင့်ပြုပါတယ်.. ဒီဆိုဒ်ကလည်း Data Storage Size ကတော့ Unlimited ပဲဖြစ်ပါတယ် .. ကျွန်တော် ဒီဆိုဒ်ကို ဘယ်လိုအသုံးပြုပြီး Upload တင်ရမယ် ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. 



အကောင့် ဖောက်ပြီးရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် .. မိမိတို့ E-Mail ကိုပို့လာတဲ့ Verification  Link လေးကိုကလစ်ပေးပြီး Active လုပ်ပေးလိုက်ပါ..


မိမိတို့ အကောင့်ဝင်ပြီးပြီ ဆိုရင်တော့ အောက်ကပုံလေး အတိုင်း စပြီး Upload တင်လို့ရပါပြီ .. 




အောက်ကပုံအတိုင်း Upload တင်နေပါလိမ့်မယ်..




ဒါကတော့ ကျွန်တော်တို့ Uploading တင်ရခြင်း နဲ့ အသုံးများတဲ့ Uploading ဆိုဒ်တွေကို အသုံးပြုနည်း ပဲဖြစ်ပါတယ် .. ကျွန်တော် နောက်ထပ်အသုံးပြု လို့ရမယ့် Free Uploading Size တွေကို အောက်ကလင့်မှာ တင်ပေးထားတာ ရှိပါတယ် သွားကြည့်လိုက်ပါ..


 Download  ချခြင်း

ကျွန်တော် အပေါ်မှာ Upload တင်ခြင်းနဲ့ပါတ်သတ်ပြီး ရှင်းပြခဲ့ပြီး သွားပါပြီ .. Upload တင်တယ်ဆိုတာက ကိုယ့်ဆီမှာ ရှိတဲ့ဖိုင်တွေကို အင်တာနက်ပေါ်မှာ ရှိတဲ့ Free့ Uploading ဆိုဒ်တွေက တစ်ဆင့် ပေးတာဆိုရင် Download ချတယ် ဆိုတာကတော့ အဲ့ဒီ Free Uploading ဆိုဒ်ပေါ်မှာ တင်ထားပြီး မိမိတို့ကိုပေးတဲ့ ဖိုင်တွေကို ယူတာပဲ ဖြစ်ပါတယ် .. သူများတွေက Free Uploading ဆိုဒ်ပေါ်မှာ တင်ပြီးပြန် Share ပေးတာကို မိမိတို့က Download ချပြီးပြန်ယူ တာပဲဖြစ်ပါတယ် .. ဒါဆိုရင် Upload တင်တယ် ဆိုတာကတော့ ကိုယ့်ဆီက ပစ္စည်းကို Uploading Site တွေကိုကြားခံ အဖြစ်အသုံးပြုပြီး ယူတာဖြစ်ပြီး Download ချတယ်ဆိုတာကတော့ အဲ့ဒီ Uploading Site တွေပေါ်မှာ တင်ထားတာကို မိမိတို့က ပြန်ပြီးယူတာပဲ ဖြစ်ပါတယ် .. ဒီလောက် ဆိုရင်တော့ Uploading နဲ့  Downloading ကိုကွဲကွဲပြားပြား သိသွားပြီလို့ ထင်ပါတယ် .. ကျွန်တော် Download ချတာနဲ့ ပါတ်သတ်ပြီးတော့ သက်သက်ရေးမပေးတော့ ပါဘူး .. အားလုံးပဲ ဒေါင်းလော့ချနေတာဆိုတော့ နားလည်ပြီးသား ဖြစ်မယ်ထင်လို့ပါ .. 

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာယူလိုက်ပါ..


အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..


5 comments:

  1. ကိုဝင်းမြင့်November 25, 2011 at 2:12 PM

    ဟုတ်ကဲ့ဗျာ တော်တော်လေးကိုကောင်းပါတယ်ဗျာ ဒီဆိုဒ်တစ်ခုလု့းကို save page as နဲ့အကုန်ဒေါင်းထားတယ်ဗျ။

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ်ဗျာ

    ReplyDelete
  3. thank u for this page.

    ReplyDelete
  4. ဒီပိုစ်ကို ဖတ်ရတော့ ငါမသိသေးတာတွေ အများကြီးရှိပါသေးလားလို့ သိရပြိး လူပြိန်းတယောက် နားလည်လောက် အောင် ပုံနဲ့ တကွ ရှင်းပြပေးထားတဲ့ အတွက် အများကြီး အများကြီး ကျေးဇူးတင်ပါကြောင်း....Bookmark မှာ Save ထားလိုက်ပါတယ်. နောင်ကိုလည်း ဒီထက် ကောင်းတဲ့အကြောင်းအရာလေးများရှိရင် တင်ပေးပါအုံး... Thanks

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်