မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, October 31, 2011

Hard Disk ကိုကိုယ်တိုင် Partation ခွဲကြရအောင်



ကျွန်တော် ဆရာတော် အရှင်အိန္ဓက မေးထားတာလေး ရှိတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. ကျွန်တော် အရင်ကလည်း  EASEUS.Partition.Master.v7.1.1  ကိုအသုံးပြုပြီး Partation ခွဲနည်းကို ဗီဒီယို ဖိုင်လေးတွေနဲ့ တင်ပေးခဲ့ဖူးပါတယ် .. အခုတော့ ကျွန်တော် HarDisk တစ်လုံးကို Partation ဘယ်လိုခွဲ လို့ရမလည်း ဘယ်လိုနည်းလမ်းနဲ့ ဆိုရင် အဆင်ပြေမလည်း Hard Disk တစ်လုံးကို Format ပြန်ချပြီး Partation အသစ်ဘယ်လို ပြန်ခွဲမလည်း ဆိုတာကို ကျွန်တော် ရေးပေးသွားပါမယ် .. ကျွန်တော် အခုရေးပေး သွားမယ့် နည်းလမ်းလေးကတော့ လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြုနေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် .. 

LAN LOCAL AREA NETWORKS Connection 2 ( Movie )



ကျွန်တော် Local Area Network တစ်ခု ဖန်တီးဖြင်း ဆိုပြီး အပိုင်း ( ၁ ) ကို ဒီလင့် မှာတင်ပေးခဲ့ပြီးပါပြီ .. အခုတင် ပေးလိုက်တာကတော့ အပိုင်း ( ၂ ) ပါ .. ကျွန်တော်တို့ ဒီအပိုင်းမှာတော့ Network Cable တစ်ခုကို ဘယ်လို ပြုလုပ်ရမယ် .. ပြီးရင် Router နဲ့ဘယ်လို ပြန်လည် ချိတ်ဆက် ရမယ်ဆိုတာကို ရှင်းပြပေးထားပါတယ် .. လေ့လာချင်တဲ့ သူတွေအတွက် ကျွန်တော် အောက်မှာ ဒေါင်းလော့ လင့်လေးပါ ပေးထားပါတယ် . အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

TuneUp Utilities 2012 + Serial keys ( Update )


ဒါကတော့ အကိုတစ်ယောက် အဆင်မပြေဖူးဆိုလို့ Serial Key လေးနဲ့ပြန်တင် ပေးလိုက်ပါတယ် .. TuneUp Utilities 2012 ကတော့ နောက်ထပ်ထွက်တဲ့ Version လေးပါ .. အရင်တစ်ခါ တင်ပေးပြီးသား လည်းရှိပါတယ် ..မိမိတို့ အဆင်ပြေတဲ့ ကောင်ကိုသုံးပါ .. ဒီကောင်လေးကတော့ မိမိတို့ ကွန်ပျူတာမှာ တော်တော် များများ ဖြစ်နေတဲ့ Error တွေကို ဖြေရှင်းပေးနိုင် ဖို့အတွက် အထောက်အကူ ပေးမှာဖြစ်ပါတယ် .. စက်က သုံးတာကြာလာလို့ အရမ်းလေးလာပြီ ဆိုရင် ဒီကောင်လေးကို အသုံးပြုပြီး ရှင်ပေးမယ် ဆိုရင် စက်က သိသိသာသာ ပေါ့သွားပါလိမ့်မယ် ..  ကျွန်တော် အောက်မှာ Key  ဘယ်လို ထည့်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

Sunday, October 30, 2011

cFosSpeed 6.61 Build 1895 Beta Multilingual

ဒီကောင်လေးကတော့ ကျွန်တော်အရင်ကလည်း တင်ပေးခဲ့ပြီးပါပြီ။ အခုကတော့ နောက်ထွက်လာတဲ့ Update လေးပါ။ ကျွန် တော်တို့ Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်လာအောင် ဒီကောင် လေးက အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော်တို့ Beta Version လေးဖြစ်တဲ့ အတွက် ကီးထည့် ပေးစရာမလိုပါဘူး။ နောက်ကိုလည်း ကျွန်တော် Connection မြန်အောင် အထောက် အကူပြုပေး နိုင်တဲ့ Software လေးတွေရလာတာနဲ့ တင်တင်ပေးသွားပါ့မယ်။အသေးစိတ်သိလိုရင်   တော့ သူ့ရဲ့   HomePage   လေးမှာ လေ့လာ ကြည့်လိုက်ပါဗျာ။အသေးစိတ်ကိုလည်း အထဲမှာကျွန်တော်ထပ်ထည့်ပေးထားပါတယ်။

IOS Skin Pack 1.0 For Window 7 X64/X86

ကျွန်တော်အခု Window 7 အတွက် IOS Skin Packs လေးတင်ပေးလိုက်ပါတယ်။ ကျွန်တော် အခုပို့ပေးထားတဲ့ ဂျီမေးလ်အကောင့်တွေကို ကျွန်တော် အချိန်ရတာနဲ့ ချက်ချင်း Forward မေးကနေပြန်ပြန်ပြီးပို့ပေးသွားပါ့မယ်. အချိန်နည်းနည်းလောက်နောက်ကျတာကို သည်းခံပေးပါခင်ဗျာ။ ကျွန်တော်လည်း အလုပ်နည်းနည်းလေးများ နေလို့ပါ။ အခုဒီကောင်လေးကတော့ ဖိုင် ဆိုဒ် 83.77 MB ရှိပါတယ်။ အရင် Skin Pack လေးတွေလိုပါပဲ။ အသုံးပြုကြည့်လိုက်ပါဗျာ။

Gnome Skin Pack 1.0 for Windows 7 (x86/x64)


ကျွန်တော်အခု Gnome Skin Pack လေးတစ်ခုတင်ပေးလိုက်ပါတယ်။ Window 7 အတွက်ပါ။ 32 နဲ့ 64 ဆိုပြီး နှစ်မျိုးခွဲတင်ပေးထားပါတယ်။ Window 7 နဲ့ Window 7 SP1 တွေကို Support လုပ်ပေးပါတယ်။ အရှေ့ ပိုင်းမှာလည်း ကျွန်တော် Skin Pack လေးတွေတော်တော်များများတင်ပေးထားပါတယ်။ အခုတော့ အောက်က အဆင်ပြေမယ့်လင့်ခ်လေးက နေသာယူသွားလိုက်ပါဗျာ။

18 Glass Gadgets Pack For Windows 7



ကျွန်တော်အခု  Glass Gadgets လေးတွေစုစည်းထားတာလေးတွေကို တင်ပေးလိုက်ပါတယ်။ တော်တော်များ များပါဝင်ပါတယ်။ Double Click လေးနဲ့ Run ပြီးအသုံးပြုရင်အဆင်ပြေပါပြီ။ ဖိုင်ဆိုဒ်ကတော့ 26.85 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Friday, October 28, 2011

Corel VideoStudio Pro X4 v14.0.0.342 + Video Tutorials

 Corel- VideoStudio- Pro X4 ဟာဆိုရင် ကျွန်တော်တို့ Video ပြုလုပ်မှုကို အကောင်းဆုံး ၊ အလျင်မြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အာင်ပြုလုပ်ပေးထားပါတယ်။ သူ့အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Effects လေးတွေပြုလုပ်ပုံတွေကို အထဲမှာ Video ဖိုင်လေးတွေနဲ့ပြပေး ထားပါတယ်။ အားလုံးပေါင်း Video Tutorial 8 မျိုးပါဝင်ပါတယ်။ သူ့အတွက် Serial key ဖြည့်ပုံဖြည့်နည်းလေးတွေကိုတော့ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီ ရှင်းပြပေးထားပါတယ်။ ပြုလုပ်ပေးနိုင်တဲ့ အခွင့်အရေး လေးတွေကတော့ HDV, AVCHD, Blu-ray Disc တွေနဲ့ JVC HD camcorders ကင်မရာတွေကနေစပြီး ထည့်သွင်းပေးနိုင်သလို BD-J activation နဲ့ DVD ဒါမှမဟုတ် Blu-Ray discs တွေကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုလုပ်နေတဲ့ RevoStock ကနေပြီးတော့ Professional templates လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ တစ်ချိန်ထဲမှာ Music studio-quality titles, transitions နဲ့ တခြား effects လေးတွေကိုလည်း ထည့်သွင်းပေး နိုင်ပါတယ်။ ထည့်သွင်းပေးမယ့် သီချင်းကိုလည်း မိမိတို့ နှစ်သက်သလို ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ 3D Effects လေးတွေနဲ့လည်း မိမိတို့ နှစ်သက်သလို Box လေးတွေပြုလုပ်ပေးနိုင်ခြင်း၊NVIDIA CUDA technology နဲ့ Intel Core i7 အထိကို Support လုပ်ပေးခြင်း၊ Movies တွေကို မိနစ်ပိုင်းအတွင်းမှာ အမြန်ထုတ်ပေးနိုင်ခြင်း၊ ထုတ်ပေးထားတဲ့ Video တွေကို YouTube, Vimeo, Facebook နဲ့ Flickr တွေကို တိုက်ရိုက် Upload ပြုလုပ်ပေးနိုင်ခြင်း၊ Movies တွေကိုလည်း iPod, iPhone, PSP နဲ့ တခြား mobile devices တွေမှာ Save ပေးနိုင်ခြင်း စတဲ့ Features လေးတွေတော်တော်များများပါဝင်ပါတယ်။

G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်

ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mail ဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့  ယူလို့မရအောင်  Security ပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။  ။  12345 , nayminmaung  , maungmaung , 5201457  ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် .. 

Android_skin_pack လန်းလန်းလေး သုံးချင်သူများအတွက်



Windows 7 Users တွေအတွက်  android_skin_pack  လေးရလာလို့ တင်ပေးလိုက်ပါတယ် ..တော်တော်လေး လန်းတယ်ဗျာ .. ကျွန်တော် သုံးဖူးသမျှ  Skin Pack တွေထဲမှာတော့ ဒီကောင်လေးကို အကြိုက်ဆုံးပဲ ..  ကျွန်တော်နဲ့ အကြိုက်ချင်းတူတဲ့ သူတွေရှိရင်လည်း သုံးစေချင်လို့ ပြန်ရှယ်ပေးလိုက်တာပါ .. ဒီဇိုင်းလေးက တော်တော်လှတယ် .. သုံးချင်ရင်တော့ လွယ်ပါတယ် .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ Skin Pack လေးကို မိမိတို့စက်မှာ Run ပေးလိုက်ပါ .. ပြီးရင် စက်က Restart ကျသွားပါလိမ့်မယ် .. ပြန်တက်လာတဲ့ အခါကျရင် Android Skin လေးချိန်း သွားတာကို တွေ့ရပါလိမ့်မယ် .. အကြိုက်တွေ့တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 

SRS Audio Sandbox 1.9.0.4 + Patch

ဒီနေ့တော့ တောင်းထား တာလေးတွေကို အကုန်လိုက် ဖြတ်နေတာပါ .. အကိုတစ်ယောက် စီဘောက်မှာ တောင်းထား တာလေးပါ .. ဒီကောင်လေးက ကျွန်တော်တို့ Realtalk လိုသီးသန့် Audio Driver ကို Run နေစရာမလိုပဲ Audio အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးသုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. အရင်ဆုံး ဒီကောင်လေးကို မိမိတို့စက်မှာ Install လုပ်လိုက်ပါ .. Finish ပေးပြီးရင် ဒီကောင်လေးကို Exit လုပ်ပြီးပိတ်လိုက်ပါ .. ပြီးရင် Patch File လေးကို My Computer >> Local Disk ( C: ) >> Program File ထဲက SRS Labs ဆိုတဲ့ Folder လေးထဲမှာ ထည့်ပြီး Right Click ပေးလိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ယုံပါပဲ . ဒါဆိုရင် အဆင်ပြေသွား ပါလိမ့်မယ် ..လိုအပ်တဲ့သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Photo Scape Full Download



တောင်းထားတဲ့ အကိုတစ်ယောက် ရှိတာနဲ့ တစ်ခြားအသုံး ပြုချင်သူတွေပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. Photoscape  လေးကိုတော့ အားလုံးပဲ အကြိုက်တွေ့ လိမ့်မယ်လို့ ထင်ပါတယ် .. ဒီကောင်လေးက Freeware လေးပါ .. တော်တော်လည်း အသုံးဝင်ပါတယ် .. ကျွန်တော်တို့ ပုံတွေကို စိတ်ကြိုက် Edit လုပ်ပြီး ဓာတ်ပုံလေးတွေကို ကာတွန်ပုံလေးတွေ Effect လေးတွေထည့်ပြီး ဖန်တီးချင်တာပဲ ဖြစ်ဖြစ်  Animation ပုံလေးတွေ ဖန်တီးချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပါတယ် .. အသုံးပြုရတာလည်း အရမ်းလွယ်ပါတယ်..  ကျွန်တော် အောက်မှာ ဒီကောင်လေးကို အသုံးပြုလို့ ရတာလေးတွေကို နမူနာအနေနဲ့ ဖော်ပြပေးထားပါတယ် .. 

Windows 8 Skin Pack 2


ဒါကတော့ စီဘောက်မှာ အကိုတစ်ယောက် တောင်းထားလို့ ရှာပြီးတင်ပေးလိုက်ပါတယ် ... Windows 8 Skin Pack လေးသုံးချင်သူတွေအတွက်ပါ ..  အရင်တင်ပေးထား တာတော့ရှိပါတယ် .. Windows 8 Skin Pack 2 လိုချင်တယ်ဆိုလို့ ရှာပြီး တင်ပေးလိုက်ပါတယ် .. အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကို Run ပေးလိုက်ာယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွား ပါလိမ့်မယ် .. သုံးချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Toshiba Satellite A300 Series ပြုပြင်ထိန်းသိမ်းခြင်း ( E-Book )


ဒါကတော့ ကျွန်တော်တို့ အကို ကိုမုန်းလေး ရေးသားခဲ့တဲ့ လက်တော့ ဖြုတ်ခြင်းတပ်ခြင်း နှင့်ပါတ်သတ်ပြီး အသေးစိတ် ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. အကိုအနေနဲ့ တစ်ဆင့်ခြင်းကို ပုံလေးတွေနဲ့ သေချာ နားလည်အောင် ရှင်းပြပေးထားတာဖြစ်ပါတယ် .. ဒီစာအုပ်လေးမှာ Memory ကို ဘယ်လို Update လုပ်မလည်း Keyboard ကိုဘယ်လိုလဲမလည်း  လက်တော့ တစ်လုံးကို ဘယ်လိုသန့်ရှင်းရေးလုပ် သင့်သလည်း စတဲ့အချက်တွေကို ရေးသားပေးထားတာ ဖြစ်ပါတယ် .. မြန်မာမိသားစုဖိုရမ်   မှာရေးသားထားတဲ့ Topic တွေကို စုပြီး အကိုကိုယ်တိုင် စာအုပ် ပြန်ထုတ်ပေးထားတာ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

Creepy_halloween_screen_saver


ဒါလေးကတော့ အကိုတစ်ယောက် တောင်းထားတာလည်း ရှိတာနဲ့ တစ်ခြား အသုံးပြုချင်တဲ့ သူတွေရှိရင်လည်း  အလွယ်တကူ အသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ် . . ဒီကောင်လေးကတော့ ကျွန်တော်တို့ တစ်နေရာရာ သွားချင်တဲ့ အခါမှာ မိမိတို့ရဲ့ ကွန်ပျူတာကို Screen Saver သဘောမျိုး ထားခဲ့လို့ရမှာ ဖြစ်ပါတယ် .. မိမိတို့က တစ်နေရာသွားတော့ မယ်ဆိုရင် ဒီကောင်လေးရဲ့ Icon လေးကို နှိပ်ပြီး ထွက်သွားယုံပါပဲ .. ပြန်လာရင် Double Click ပြန်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် ။ အသုံးပြု ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့လင့် ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Wednesday, October 26, 2011

Standalone Gadgets Pack


ကျွန်တော်အခု Standalone Gadgets Pack လေးတစ်ခုတင်ပေးလိုက်ပါတယ်။ Glass လေးတွေပါပဲ။ အထဲမှာ အမျိုးအစားလေးတွေ တော်တော်များများပါဝင်ပါတယ်။ အသုံးပြုကြည့်လိုက်ပါဗျာ။  ဖိုင်ဆိုဒ်ကတော့ 18.47 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Internet Download Manager 6.07 build 14 Final

ကျွန်တော်တို့ အခု Internet Download Manager 6.07 Build 14 Final Update လေးထပ်ထွက်လာပါပြီ။ Update ကိုမှ သုံးရတာနှစ်သက်သူများအတွက် အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။ ကျွန်တော် IDM ကို Full Version ဖြစ်အောင် Install လုပ်နည်းကို  ဒီလင့်ခ်လေးမှာ ရှင်းပြပေးထားပါတယ်။ အခုလည်း ဒီကောင်လေးကို  အောက်မှာယူသွားလိုက်ပါဗျာ။

Prince of Persia : The Forgotten Sands

ကျွန်တော်လည်း ဂိမ်းကောင်းကောင်းလေးတွေလည်း တင်ပေးချင်ပါတယ်။ ဒါပေမယ့် နက်အခြေအနေအရ တင်ပေးရတာလည်း နည်းနည်းလေးအခက်အခဲရှိနေလို့ပါ။  အခု Prince of Persia အဟောင်းတော့ အဟောင်းလေးပါပဲ။ ဒါပေမယ့် ကျွန်တော့်မိတ်ဆွေများအတွက် အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။ ဂိမ်းလေးကို အားလုံးပေါင်း ၂၉ ပိုင်းခွဲတင်ပေးထားပါတယ်။ သူ့အတွက် Crack ဖိုင်လေးကတော့ သတ်သတ် ထည့်ပေးထားပါတယ်။ Windows XP / Vista / Windows 7 တွေကို Support လုပ်ပေးပါတယ်။ Processor အနေနဲ့ကတော့  2.6 GHz dual-core Intel Pentium D or AMD Athlon 64 X2 3800+ အနည်းဆုံးရှိရမှာဖြစ်ပါတယ်။ Memory အနေနဲ့ကတော့   Windows XP မှာ 1 GB ရှိရမှာဖြစ်ပြီး  Vista နဲ့ 7 မှာကတော့ 2 GB ရှိရမှာဖြစ်ပါတယ်။ Graphics အနေနဲ့ကတော့  256 MB ဆိုရင်ရပါပြီ။ Run ပြီးတာနဲ့ Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို Crack ဖိုင်လေးတွေ အကုန်ကူးထည့်ပေးလိုက်ရင်ရပါပြီ။ ကျွန်တော်ဒီ ဂိမ်းလေးကိုတော့ စက်နှစ်လုံးမှာ စမ်းပြီးတင်ပေးလိုက်တာပါ။ အဆင်ပြေပါတယ်။

U-Torrent Downloader ကို Download Speed မြှင့်ပြီး သုံးရအောင်



ကျွန်တော့် အရင်ပို့စ်မှာ U-Torrent Downloader နဲ့ဘယ်လို ဒေါင်းလော့ ချရမလည်း ဆိုပြီး ရေးပေးခဲ့ပြီး ပါပြီ .. အခု U-Torrent  Downloader  အသုံးပြုသူတွေ အတွက် ဒီကောင်လေးကို ဘယ်လို SPEED UP  လုပ်ရမယ်ဆိုတာကို  ရေးပေးသွားပါမယ် .. မေးထားတဲ့ သူတွေလည်း ရှိတာနဲ့  U-Torrent  Downlaoder အသုံးပြု သူတွေအတွက်  Download  Speed ဘယ်လို မြှင့်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. ကျွန်တော် အောက်မှာ ပြထားတဲ့ ပုံလေးတွေ အတိုင်းလိုက်ပြီး ပြောင်းပေးလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် ..

Corel VideoStudio Pro X3 v13.6.0.272 + Keygen



မေးလ်ထဲကနေ အကိုတစ်ယောက် တောင်းထားလို့ တင်ပေးလိုက်ပါတယ် ..  ဒီကောင်လေးကတော့ ကျွန်တော်တို့   မိမိတို့ စိတ်ကြိုက် Video တွေကို ပြင်ဆင်နိုင်ဖို့ အတွက် Ulead လိုပဲ အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..ဒါပေမယ့် ဒီကောင်လေးက Ulead ထက်ပိုမို ပြည့်စုံတဲ့ Feature တွေပါဝင်ပါတယ် .. ဖိုင်ဆိုဒ်ကတော့ 614 MB ရှိပါတယ် .. အားလုံးပေါင်း အပိုင်း ( 13 ) ပိုင်းရှိပါတယ် .. ဒီကောင်လေး အတွက် Keygen လေးပါထည့်ပေး ထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Animation Screen Saver အလန်းလေးတွေ ( ၁ )




ဒီကောင်လေး ကတော့ Animation Screen Saver လေးပါ .. ဒီနေ့ တွေ့တဲ့ Animation Screen Saver လေးတွေ

တော်တော် လန်းပါတယ် .. ကျွန်တော် တစ်ခုချင်း တင်ပေးသွားမှာပါ  .. လောလော ဆယ်

ဒီကောင်လေးကို အ၇င်တင်ပေးလိုက်ပါတယ် .. ကြိုက်နှစ်သက်တဲ့သူတွေ

ကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ 

ဒေါင်းလော့ချသွားလိုက်ပါ

U-Torrent Downloader အားအသုံးပြုနည်း

ကျွန်တော် မေးထားတာ လေးတွေကို ဖြည်းဖြည်း ချင်းတင်ပေး သွားပါမယ် .. ဒီနေ့တော့ Windows ခွေတွေ  တင်ပေးထားတာလည်း ရှိတာနဲ့ U-Torrent Downloader ကိုအသုံးပြုပြီး ဘယ်လို Download ချရမယ် ဆိုတာကို ရေးပေးသွားပါမယ် .. ကျွန်တော်က Windows ခွေတွေ တင်ပေးထားတာရှိတာနဲ့ အဆင်ပြေအောင် ရှင်းပြထားတယ် ဆိုပေမယ့် အခုပြောတဲ့ နည်းအတိုင်း U-Torrent Downloader ကိုအသုံးပြုပြီး ကြိုက်တဲ့ Torrent ဆိုဒ်ကနေပြီးတော့ မိမိတို့ ဒေါင်းလော့ချချင်တာကို အလွယ်တကူ ဒေါင်းလော့ ချနိုင်မှာ ဖြစ်ပါတယ်  .. အရင်ဆုံး ကျွန်တော် အောက်မှာ တင်ပေးထားတဲ့ U-Torrent Downloader လေးကို ဒေါင်းလော့ ချလိုက်ပါ .. ပြီးရင် အဲ့ဒီကောင်လေးကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်လိုက်ပါ .. ပြီးရင် U-Torrent Downloader လေးကို ဖွင့်လိုက်ပါ .. ပြီးရင် ဆက်လုပ်မယ့် အဆင့်လေးတွေကတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

Tuesday, October 25, 2011

Photoshop Top Secret Video Tutorial - DVD 5



ကျွန်တော် အခုနောက်ဆုံးအပိုင်းလေးကို တင်ပေးလိုက်ပါပြီ။ ဒါနဲ့ဆိုရင် အားလုံးပေါင်း DVD 5 ချပ်လုံးပြည့် သွားပါပြီ။  ကျွန်တော်နောက်ပိုင်းလဲ Photoshop နဲ့ပတ်သတ်တာလေးတွေကို လည်း ရတာနဲ့ တင်တင်ပေးသွား ပါ့မယ်။ အခုလောလောဆယ်တော့ အားလုံးအဆင်ပြေအောင် ကျွန်တော် Ifile မှာပဲဆက် တင်ပေးဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်း အားလုံးပေါင်း 2.71 G ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Aneesoft 3D Flash Gallery Full Version


ကျွန်တော့်ကို စီဘောက်ထဲမှာ ကိုကချင်လေး တောင်းထားလို့ ရှာပြီးတင်ပေး ထားပါတယ် ။။  တစ်ခြား လိုအပ်လို့ပဲ ဖြစ်ဖြစ် သုံးချင်တဲ့ သူတွေ ရှိရင် လည်းအဆင်ပြေ အောက်တင်ပေးလိုက်ပါတယ် .. ကျွန်တော် ဒီကောင်လေး ကို Full Version လေးသုံးလို့ရအောင် Keygen လေးပါထည့်ပေး ထားပါတယ် .. တစ်ခုသတိ ထားရမှာက ဒီကောင်လေးကို ဒေါင်းလော့ချ ပြီးလို့ ဖိုင်ဖြေတဲ့ အခါမှာ မိမိတို့ တင်ထားတဲ့ Antivirus က Virus ဖြစ်တယ် ဆိုပြီး သတိပေးပါလိမ့်မယ် .. အဲ့ဒီအခါမှာ File ကို Delete လုပ်မှာလားလို့ မေးရင် Delete မလုပ်ပါနဲ့ .. လက်ခံတယ် ဆိုပြီး ရွေးပေးလိုက်ပါ .. သူမှာပါတဲ့ Keygen ကြောင့်ဖြစ်တာပါ .. ဘာပြသနာမှမရှိပါဘူး .. ကျွန်တော် ဒီကောင်လေးကို လွယ်လွယ်ကူကူ နဲ့အသုံးပြု တက်သွားအောင် Tutorial လေးပါ တင်ပေးလိုက်ပါတယ် .. Key ထည့်နည်းကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

AutoCAD 2012 Full download ( 32 Bits and 64 Bits )



တောင်းတဲ့ သူတွေကလည်း မြန်မြန်လေး ဆိုတော့ အမြန်သာ ရှာပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ .. မေးလ်ထဲမှာ အကိုတစ်ယောက် တောင်းထားလို့ ရှာပြီးတင်ပေးလိုက်ပါတယ် .. 32 Bits အတွက်ရော 64 Bits အတွက်ရော Mediafire ကနေရှာပြီး တင်ပေးလိုက်ပါတယ် .. အောက်မှာသာ မိမိတို့ အသုံးပြုနေတဲ့ Windows Version အလိုက်ရွေးပြီး ဒေါင်းလော့ချသွားလိုက်ပါ .. 

Monday, October 24, 2011

မျှဝေပေးလိုက်ပါတယ် ..


သူငယ်ချင်း တစ်ယောက် Facebook ကနေပြန်ရှယ် ပေးလိုက်လို့ ပြန်ပြီးမျှဝေ ပေးလိုက်တာပါ .. အားလုံးပဲ ကျန်းမာ ချမ်းသာ ကြပါစေခင်ဗျာ ..


Photoshop Top Secret Video Tutorial - DVD 4



ကျွန်တော်အခု Photoshop Top Secret Video Tutorial - DVD အပိုင်း ကိုတင်ပေးလိုက်ပါပြီ။ ကျွန်တော် တင် ခဲ့တာ ဒါနဲ့ဆိုရင် အားလုံးပေါင်းပိုင်းရှိပါပြီ။  သူ့အပိုင်းအလိုက် ပါဝင်နေတဲ့ Tutorial Videos လေးတွေ ကလည်း မတူညီပါဘူး။ အခုအပိုင်းမှာဆိုရင် Water Bubbles လေးတွေ Smoke လေးတွေကိုပြုလုပ်ပေးတဲ့ အပိုင်လေးတွေ ပါဝင်ပါတယ်။ ကျွန်တော်ကျန်တဲ့နေရာလေးတွေမှာ တင်ပေးဖို့စဉ်းစားပါသေးတယ်။ ဒါပေမယ့် အားလုံးအဆင်ပြေနိုင်ဖို့ ခက်ခဲတဲ့ အတွက် ကျွန်တော် ဒီ Ifile လေးမှာပဲ ဆက်တင်ဖြစ်သွားတာပါ။ ဒီ Tutorials လေးတွေရဲ့ လင့်ခ်လေးတွေ မသေအောင်လည်း ကျွန်တော်အကောင့်တစ်ခုမှာ တစ်ခွေစီပဲထည့်ပြီး တင်ပေးထားပါတယ်။ သေသွားခဲ့ရင်လည်း ကျွန်တော်ပြန်တင်ပေးပါ့မယ်။ လိုချင်တဲ့သူများလဲ ကျွန်တော့်ဆီမှာ အချိန်မရွေးယူလို့ရအောင်လုပ်ပေးပါ့မယ်။ Photoshop သမားများ အတွက်တော့ တန်ဖိုးရှိတဲ့ Tutorials လေးတွေပါပဲ။ ဖိုင်ဆိုဒ်ကတော့ အပိုင်း ပိုင်းပေါင်း 3.27 MB ရှိပါတယ်။

ကျွန်တော် ရှာဖွေထားသော Windows ခွေများ ( 3 )



Windows XP Pro SP3 OEM X86 November 13, 2010 with Driver Pack

ကျွန်တော် Windows ခွေတွေ မတင်ခင် ဘာကြောင့် OEM ကိုရွေးပြီး တင်ပေးလိုက်လည်း ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြချင်ပါတယ် .. ကျွန်တော် ဟိုတစ်နေ့က ကျွန်တော့် အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ပြောပြပါမယ် .. ကျွန်တော်တို့ ကွန်ပျူတာ မှာ Windows တွေတင်မယ်ဆိုရင် တွေ့ကရာ ဖြစ်ကတက်ဆန်း Windows 7Windows XP ဆို ပြီးရော ဆိုပြီး မတင်ဖို့ မိမိတို့ တင်မဲ့ Windows ဟာ OEM Version ကို ရွေးပြီးသုံးဖို့ ပြောပါတယ် .. ဘာကြောင့် OEM Version ကိုရွေးပြီး သုံးသင့်လည်း ဆိုတော့ OEM Version ဟာ Latop ဆိုရင် သူရဲ့လက်တော့ အမျိုးအစား Windows အမျိုးအစားလိုက် ရွေးချယ် အသုံးပြုနိုင်မှာဖြစ်သလို Destop ဆိုရင်လည်း မိမိတို့ Destop ရဲ့ Motherboard အမျိုးအစားအလိုက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Windows အသုံးပြုတာ ကြာလာတာနဲ့အမျှ Error တွေ အများအပြား ကြုံလာခြင်း တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ .. အမျိုးအစား တူတာကို ရွေးပြီးသုံးတဲ့အတွက် Windows တစ်ခုကိုအသုံးပြုမယ် ဆိုရင် Error နည်းနည်းနဲ့ ရေရှည်မှာ Windows Error တွေကြောင့် စိတ်ညစ်စရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် ..

ကျွန်တော် ရှာဖွေထားသော Windows ခွေများ ( ၂ )




DVD Windows 7 Sp1 32 Bits Multi OEM + Multi XpSp3 Pro MultiOEM + Hirren's Boot 13.2 Rebuild + Mini XP SATA ( Share10S.Com)

ကျွန်တော် Windows ခွေတွေ မတင်ခင် ဘာကြောင့် OEM ကိုရွေးပြီး တင်ပေးလိုက်လည်း ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြချင်ပါတယ် .. ကျွန်တော် ဟိုတစ်နေ့က ကျွန်တော့် အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ပြောပြပါမယ် .. ကျွန်တော်တို့ ကွန်ပျူတာ မှာ Windows တွေတင်မယ်ဆိုရင် တွေ့ကရာ ဖြစ်ကတက်ဆန်း Windows 7Windows XP ဆို ပြီးရော ဆိုပြီး မတင်ဖို့ မိမိတို့ တင်မဲ့ Windows ဟာ OEM Version ကို ရွေးပြီးသုံးဖို့ ပြောပါတယ် .. ဘာကြောင့် OEM Version ကိုရွေးပြီး သုံးသင့်လည်း ဆိုတော့ OEM Version ဟာ Latop ဆိုရင် သူရဲ့လက်တော့ အမျိုးအစား Windows အမျိုးအစားလိုက် ရွေးချယ် အသုံးပြုနိုင်မှာဖြစ်သလို Destop ဆိုရင်လည်း မိမိတို့ Destop ရဲ့ Motherboard အမျိုးအစားအလိုက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Windows အသုံးပြုတာ ကြာလာတာနဲ့အမျှ Error တွေ အများအပြား ကြုံလာခြင်း တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ .. အမျိုးအစား တူတာကို ရွေးပြီးသုံးတဲ့အတွက် Windows တစ်ခုကိုအသုံးပြုမယ် ဆိုရင် Error နည်းနည်းနဲ့ ရေရှည်မှာ Windows Error တွေကြောင့် စိတ်ညစ်စရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် ..

ကျွန်တော် ရှာဖွေထားသော Windows ခွေများ ( ၁ )




Windows 7 SP1 OEM Activated + Hiren's BootCD Made by Share10s.Com

ကျွန်တော် Windows ခွေတွေ မတင်ခင် ဘာကြောင့် OEM ကိုရွေးပြီး တင်ပေးလိုက်လည်း ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြချင်ပါတယ် .. ကျွန်တော် ဟိုတစ်နေ့က ကျွန်တော့် အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ပြောပြပါမယ် .. ကျွန်တော်တို့ ကွန်ပျူတာ မှာ Windows တွေတင်မယ်ဆိုရင် တွေ့ကရာ ဖြစ်ကတက်ဆန်း Windows 7 ၊ Windows XP ဆို ပြီးရော ဆိုပြီး မတင်ဖို့ မိမိတို့ တင်မဲ့ Windows ဟာ OEM Version ကို ရွေးပြီးသုံးဖို့ ပြောပါတယ် .. ဘာကြောင့် OEM Version ကိုရွေးပြီး သုံးသင့်လည်း ဆိုတော့ OEM Version ဟာ Latop ဆိုရင် သူရဲ့လက်တော့ အမျိုးအစား Windows အမျိုးအစားလိုက် ရွေးချယ် အသုံးပြုနိုင်မှာဖြစ်သလို Destop ဆိုရင်လည်း မိမိတို့ Destop ရဲ့ Motherboard အမျိုးအစားအလိုက် အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Windows အသုံးပြုတာ ကြာလာတာနဲ့အမျှ Error တွေ အများအပြား ကြုံလာခြင်း တွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ် .. သဘောကတော့ .. အမျိုးအစား တူတာကို ရွေးပြီးသုံးတဲ့အတွက် Windows တစ်ခုကိုအသုံးပြုမယ် ဆိုရင် Error နည်းနည်းနဲ့ ရေရှည်မှာ Windows Error တွေကြောင့် စိတ်ညစ်စရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ် ..

Sunday, October 23, 2011

Halloween Screensaver



ကျွန်တော်အခု Halloween Screensaver လေးတင်ပေးလိုက်ပါတယ်။သူရဲ့ Motion လေးတွေလဲပါပါတယ်။ တော်တော်လေးကို ကြည့်လို့လဲကောင်းပါတယ်။ Desktop Enhancements လေးတွေနဲ့ပတ်သက်ပြီးလဲ ကျွန်တော်တော်တော်များများတင်ပေးထားပါတယ်။ နောက်ကို လည်း ရတာလေးတွေကို တင်တင်ပေးသွားပါ့မယ်။ အခုတော့ အောက်မှာယူသွားလိုက်ပါဗျာ။

Windows 7 Manager v3.0.2 (x86 & x64)



ကျွန်တော် ပထမပိုင်းတော့ ကျွန်တော်စိတ်ထဲနည်းနည်းလေး ခံရခက်သွားတာပေါ့ ဗျာ။ ဒါပေမယ့် ကျွန်တော့် အစ်ကိုတွေဝိုင်းပြီး အားပေးကြတာကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် Software တစ်ခုတင်တော့မယ်ဆိုရင် ကျွန်တော်စက်နဲ့ ကျွန်တော့်သူငယ်ချင်းစက်နှစ်လုံး အပါအဝင် သုံးလုံးမှာ ကျွန်တော်စမ်းရပါတယ်။ သုံးလုံးစလုံးမှာ အဆင်ပြေသွားပြီဆိုတော့မှ ကျွန်တော်တင်ပေးတာပါ။ တစ်ခါတစ်လေမှာတော့ Serial keys လေးတွေကို သူတို့ထုတ်တဲ့ ကုမ္ပဏီတွေက နေဘမ်းလိုက်တာတွေလည်းရှိပါတယ်။ အဲ့ဒါလေးတစ်ချက်တော့ ရှိပါတယ်။ ဒါကလည်း တစ်ခါတစ်လေမှပါ။ ကျွန်တော်အခု ကျွန်တော့်ရဲ့ အစ်ကိုတွေအတွက်  Windows 7 Manager Update လေးထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ System  တွေနဲ့ hardware information တွေကိုလည်းအသေးစိတ်ကအစ ကြည့်ရှူနိုင်ခြင်း ၊မိမိတို့စက်ထဲမှာရှိတဲ့ running processes နဲ့ threads တွေရဲ့ အချက်အ လက်တွေ ကိုလည်းအသေးစိတ်ကြည့်နိုင်ခြင်း၊Windows 7 Manager မှာ 1-clicking cleans system automatically လည်းပါဝင်ခြင်း၊windows startup and shutdown speed ကိုလည်း တိုးမြှင့်ပေးနိုင်ခြင်း၊ hardware တွေရဲ့ system speed နဲ့ performance တွေကိုလည်းတိုးမြှင့်ပေးနိုင်ခြင်း၊မလိုအပ်တဲ့  system tasks တွေကိုလည်း Turn off လုပ်ပေးနိုင်ခြင်း၊ Registry Cleaner ကလည်း မိမိတို့ရဲ့ incorrectly linked registry entries အလိုအလျောက်ဖယ်ရှားပေးခြင်း နဲ့စတဲ့ Features လေးတွေတော်တော်များများကိုပါဝင်ပါတယ်။ ကျွန်တော်နောက်ထပ် Update လေးတွေထွက်လာတိုင်းလဲ ကျွန်တော်အချိန်မှီတင်ပေးသွားပါ့မယ်။

တော်တော်စိတ်မကောင်းဖြစ်သွားတယ်ဗျာ ..


23 Oct 11, 06:31 AM 
မောင်အောင်: ဒီဘလော့ဂ်ဆိုဒ်ပိုင်ရှင် “ကောင်လေးငယ်” သေချာနားမလည်ရင် သူများဒုက္ခရောက်အောင် ဒါမျိုးတွေမဖြန့်ပါနဲ့။
23 Oct 11, 06:30 AM
မောင်အောင်: အဲဒါကို ယောင်လို့မှ install သွားမလုပ်လိုက်မိကြပါနဲ့။
23 Oct 11, 06:29 AM
မောင်အောင်: PC OptimizerPro ဆိုတဲ့ Software ကို Rogue Anti-Spyware(သို့) Fake Antivirus လို့ ယူဆထားတယ်။

ဒီနေ့ ကျွန်တော် တော်တော်တော့ သံဝေဂရသွားတယ် .. စိတ်မကောင်းလည်း တော်တော် ဖြစ်သွားတယ် ကောင်လေးငယ်ဆိုဒ် မှာ ကျွန်တော့် အကိုကို ကောင်လေးငယ် မြန်မာပြည် ပြန်သွားထဲက အကို အင်တာနက် မသုံးနိုင်သေး တာကြောင့် ကျွန်တော် ဆိုဒ်ကို ကိုင်ပြီး ပို့စ်တွေရေး နေတာပါ .. အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း မအားပါဘူး .. အခုအချိန်ထိလည်း ကျွန်တော် မအိပ်ရသေးပါဘူး မေးထားတာလေးတွေ နဲ့ တောင်းထားတာ လေးတွေကို ပြီးအောင် ဖြတ်မယ်ဆိုပြီး ကျွန်တော် အရင်ရက်တွေက မတင် ပေးဖြစ်တာ တွေကော လိုက်ရှာပြီး တင်ပေးနေတာပါ .. ကျွန်တော့် ကို စီဘောက်ကနေ   

မိုးစက် အကိုရေ ကျွန်တော့်ကို pc optimtzer pro ရဲ့ လိုင်စင်ကီးလေး ရှိရင် ပေးပါဦးနော် ကျွန်တော့်စက်မှာ တော်တော်များများပြင်စရာတွေများနေလို့ပါ

ဆိုပြီး တောင်းထားတာ ရှိလို့ ကျွန်တော် Full Version လိုက်ရှာပြီး တင်ပေးလိုက်တာပါ .. ကျွန်တော်တို့ လုပ်နေတယ် ဆိုတာ အားလုံးကို အဆင်ပြေစေချင်လို့ ကွန်ပျူတာအကြောင်း နားမလည်သေးတဲ့ အချိန်မှာ အခက်အခဲ မဖြစ်စေချင်တဲ့ စေတနာနဲ့လုပ်ပေးတာပါ .. ပြီးတော့ ကျွန်တော်တို့ ဘယ်တော့ မှ ဖြစ်ကတက်ဆန်းမလုပ်ပါဘူး .. ဆော့ဝဲလ်တစ်ခု တင်တော့မယ်ဆိုရင် အဲ့ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ကိုယ်တိုင် စမ်းသုံးပြီး အဆင်ပြေမှ တင်ပေးလိုက်တာပါ .. အခု အပေါ်ကအကို စီဘောက်မှာ အော်ခဲ့သလို ကျွန်တော်တင်ပေးလိုက်တဲ့ PC OptimizerPro ကို Rogue Anti-Spyware(သို့) Fake Antivirus လို့ ယူဆထားတယ်ဆိုရင် အဲ့ဒီအကို အသိပေးတာနဲ့ ကျွန်တော် အဲ့ဒီကောင်နဲ့ပါတ်သတ်တာကို Google မှာရှာ ဖတ်ပြီး ဟုတ်တယ်ဆိုတာနဲ့ အဲ့ဒီပို့စ်ကို ဖျက်ပေးမှာပါ .. ကျွန်တော် မှာငါလုပ်တာမှ မှန်တယ် ငါလုပ်တာပဲဟုတ်တယ် ဆိုတဲ့ စိတ်မျိုးလည်း မရှိပါဘူး .. ကျွန်တော်တို့ အနေနဲ့ ဒီတစ်ခုထဲကိုပဲ အတွင်း ကျကျလုပ်နေတာလည်း မဟုတ်ပါဘူး .. တောင်းဆိုတဲ့အတွက် ရှာပေးတယ် .. တွေ့ပြီဆိုရင် ကိုယ်တိုင်သုံးကြည့်တယ် .. အဆင်ပြေတယ်ဆိုမှ တင်ပေးလိုက်တာပါ .. ဒါပေမယ့်ဗျာ ..  ဒီဘလော့ဂ်ဆိုဒ်ပိုင်ရှင် “ကောင်လေးငယ်” သေချာနားမလည်ရင် သူများဒုက္ခရောက်အောင် ဒါမျိုးတွေမဖြန့်ပါနဲ့။  ဆိုတာကို ကျွန်တော် ဖတ်လိုက်ရတော့ စိတ်ထဲမှာ တော်တော်စိတ်မကောင်း ဖြစ်သွားတယ် .. ကျွန်တော် သူများကို ဒုက္ခရောက်အောင် သူများဒုက္ခရောက်စေမဲ့ အလုပ်မျိုးကိုလည်း ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး .. အခုလည်းမလုပ်သလို နောက်လည်း လုပ်မှာမဟုတ်ပါဘူး .. တောင်းဆိုတဲ့ သူတွေ အားလုံး အဆင်ပြေ အောင်တစ်ယောက်ထဲ ကလိုက်ပြီး လုပ်ပေးနေရတယ် ဆိုတဲ့ အားနည်းချက် တော့ ကျွန်တော်တို့မှာ ရှိပါတယ် .. အခုလိုမျိုး အပြောခံလိုက် ရပြီးထဲက ကျွန်တော် တစ်ခုကိုသံဝေဂ ရလိုက်ပါတယ် .. နောက်ပိုင်း ကျွန်တော် လေ့လာလို့ ရသမျှကို အသုံးဝင်မယ် ထင်တာ တွေကို ပြန်ရေးပေးမယ် ..အားလုံးကို ပြန်မျှဝေပေးမယ် .. ကျွန်တော် ကိုယ်တိုင် စိတ်ကြိုက်ဖြစ်လို့ အသုံးဝင်မယ် ထင်တဲ့ Software မျိုး တွေဆို ကျွန်တော် ပြန် Share ပေးပါမယ် .. တောင်းဆိုသမျှ အခက်အခဲတွေကို ကျွန်တော် အတက်နိုင်ဆုံး ဖြေပေးပါမယ် .. ဒါပေမယ့် တောင်းဆိုသမျှ Software  တွေ Application တွေကို ကျွန်တော် တင်မပေး နိုင်တော့ ရင်တော့ ကျွန်တော့်ကို နားလည်ပေးပါလို့ပဲ .... ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ .. ကိုယ့်ထမင်း ကိုယ်စာပြီးတော့ .. အိပ်ရေးပျက်ခံ အပင်ပန်းခံပြီးတော့ သူများကို ဒုက္ခပေးတဲ့ သူမျိုး ကျွန်တော် အဖြစ်မခံချင်တော့ လို့ပါ ..  ကျွန်တော် ဒီအလုပ်ကို စလုပ်ထဲက အားလုံးအပေါ် စေတနာ ထားပြီး လုပ်ပေးခဲ့တာတွေမှာ အမှားတွေပါခဲ့ရင် စီဘောက်မှာ အော်ခဲ့တဲ့ အကိုပြောသလို သူများကို ဒုက္ခရောက်အောင် လုပ်ခဲ့တာမျိုး တွေရှိရင် နားလည်ခွင့်လွတ် ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေ အားလုံးပဲ အစစအရာရာ အဆင်ပြေ ကြပါစေခင်ဗျာ .. ခင်မင်လေးစားစွာဖြင့် ...............  နေမင်းမောင်

Driver တွေကို အလွယ်တကူနဲ့ ရှာကြရအောင်



ကျွန်တော့်ကို C-Box ထဲမှာ အကိုတစ်ယောက်က Dell D500 window XP အတွက် Driver လိုချင်လို့ ဆိုပြီး တောင်းထားတာ ရှိပါတယ် .. အဲ့ဒါနဲ့ ကျွန်တော်လိုက်ရှာ ကြည့်ရင်းနဲ့ အခုဆိုဒ်လေးကို သွားတွေ့ ပါတယ် .. ဒီဆိုဒ်လေးမှာ မိမိတို့ Latop တွေနဲ့ Motherboard တွေရဲ့ Company အမျိုး အစားအလိုက် လိုအပ်တဲ့ Driver တွေကို အလွယ်တကူ ရှာဖွေနိုင်တာ သွားတွေ့ရပါတယ် .. ဒါကြောင့် တစ်ခြား Driver လိုအပ်တဲ့ သူတွေ ရှိရင်လည်း အလွယ်တကူ ရှာလို့ရအောင် ကျွန်တော် ဒီဆိုဒ်လေးမှာ မိမိတို့ လိုအပ်တဲ့ Driver တွေကို ဘယ်လို Download ချလို့ရမလည်း ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 

PC Optimizer Pro 6.1.4.5 + Patch


ကျွန်တော်တို့ PC တွေကို အသုံးပြုတာ ကြာလာတာနဲ့ အမျှစက်က ပေါ့ပေါ့ပါးပါး မရှိတော့ပဲ လေးလံလာရင်ပဲ ဖြစ်ဖြစ် မိမိတို့က ကွန်ပျူတာကို အသုံးပြုယုံသက်သက် ပဲသုံးပြီး ရှင်းလင်း စရာရှိတာတွေကို ရှင်းပေးတာ တွေမလုပ် တဲ့အခါမှာ ပဲဖြစ်ဖြစ် Application Software တွေကို တစ်ခုပြီးတစ်ခု အသုံးပြုတာ များလာလို့ပဲ ဖြစ်ဖြစ် မိမိတို့ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ Error တွေများလာပြီး အသုံးပြုရတာ စိတ်တိုင်းမကျ ဖြစ်နေသူများ အတွက် အခုကျွန်တော် တင်ပေးလိုက်တဲ့ PC Optimizer လေးက အထောက်အကူ ပြုပါလိမ့်မယ် .. ဒီကောင်လေး ကိုတောင်းထားတဲ့ အကိုတစ်ယောက် လည်းရှိတာနဲ့ တစ်ခြား သုံးချင်တဲ့ သူတွေပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် .. 

Autodesk 3ds MAX 2010 (x86/64)



ဒီကောင်လေးကိုတော့ စီဘောက်မှာ အကိုတစ်ယောက်တောင်းထားလို့ တင်ပေးလိုက်ပါတယ် .. တစ်ခြားလိုအပ်တဲ့ သူတွေရှိရင်လည်း အလွယ်တကူ အသုံးပြုလို့ ရအောင် တင်ပေးလိုက်တာပါ .. ဖိုင်ဆိုဒ်ကတော့ 3.58 GB လောက် ရှိပါတယ် ... ကျွန်တော် ဆီကနေ တင်ပေးဖို့ အခက်အခဲ ရှိတဲ့အတွက် ကျွန်တော် ဒေါင်းလော့ ချရတာ အဆင်ပြေအောင် Mediafire Link ရှာပြီး တင်ပေးထားပါတယ် .. အားလုံးပေါင်း အပိုင်း ( ၁၀ ) ပိုင်းရှိပါတယ် ..  လိုအပ်တဲ့ သူတွေကတော့ အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Babylon Pro 9.0.3 r14 ( FULL VERSION -- NO CRACK )



ကျွန်တော်လည်း အခုနောက်ပိုင်း MM to En dictornary တွေပဲ သုံးဖြစ်နေတော့ Babylon ဖက်ကို သိပ်တောင် မလှည့်ဖြစ်ဘူး .. တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းတော့ ဘယ်တူမလည်းနော် .. အကိုတစ်ယောက် တောင်းထားလို့ Babylon 9 Version အသစ် ထပ်ထွက်လာတာလေး ရှာပြီး တင်ပေးလိုက်ပါတယ် .. ဒီကောင်လေးက Auto Cracker လေးပါ .. အရင်တုန်းကလို Patch File တွေ ဘာတွေ မလိုပါဘူး .. ကျွန်တော် အခုတင်ပေးလိုက်တဲ့ ကောင်လေးကို Run လိုက်ပါ .. ပြီးရင် Install ဆိုတာလေးကို နှိပ်ပြီး  Install လုပ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် ဒီကောင်လေးကို အဆင်ပြေပြေ နဲ့ သုံးလို့ရ သွားပါလိမ့်မယ် .. English ကနေ မြန်မာလို အသုံးပြုဖို့ အတွက်တော့ ကျွန်တော် အထဲမှာ padonma-english-myanmar  Directory လေးပါ ထည့်ပေးထားပါတယ် .. Babylon လေးကို Install လုပ်ပြီးပြီ ဆိုရင် padonma-english-myanmar Directory လေးကို Run ပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. ဒီကောင်လေးကို Install မလုပ်တက်သူများ အတွက် အောက်မှာ ဘယ်လို Install လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..

Install or Uninstall Programs From Safe Mode ( Movie )



ဒီနေ့ ကျွန်တော် ရေးမယ်ဆိုပြီး စိတ်ကူးထားတာ တစ်ခုရှိပါတယ် .. လောလောဆယ် ဒီနေ့တော့ မရေးဖြစ်တော့ ပါဘူး .. ကျွန်တော် ဒီနောက်ပိုင်းတော့ တစ်နေ့ကို ပို့စ်တစ်ခုတော့ အနည်းဆုံး ရေးပေးမယ်လို့ စိတ်ကူးထားပါတယ် .. အားလုံးအတွက် Knowledge ရမယ့် ပို့စ်မျိုးပေါ့ဗျာ .. အခု Video File လေးတစ်ခု တင်ပေးလိုက်ပါတယ် .. ဘာအတွက် တင်ပေးတာလည်း ဆိုတော့ ကျွန်တော်တို့ Software တွေကို အသုံးပြုတဲ့ အခါမှာ များသောအားဖြင့်တော့ Skin Pack တွေပေါ့ဗျာ .. ဘာဖြစ်တက်လည်း ဆိုတော့ လက်ရှိ အသုံးပြုနေတဲ့ Windowds နဲ့ ညှိပြီး Windows ပြန်တက် မလာတာတွေ ကြုံရပါလိမ့်မယ် .. အဲ့ဒီအခါမျိုးမှာ တစ်ချို့ကလည်း မသိတော့ Windows အသစ်ပြန်တင် ရတာမျိုးတွေ ရှိတက်ပါတယ် .. အခုကျွန်တော် တင်ပေးလိုက်တဲ့ Video File လေးက အဲ့လိုမျိုးတွေ ကြုံလာရပြီ ဆိုရင် မိမိတို့ Run မိလိုက်တဲ့ Software တစ်ခုခုကို  Safe Mode ထဲကနေ ၀င်ပြီး ဘယ်လို Uninstall လုပ်လို့ရမယ် ဆိုတာကို ရှင်းပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် U-Tube ကနေ ကြည့်လို့ အဆင်မပြေ သူတွေအတွက် Download Link လေးတွေ အောက်မှာ ပေးထားပါတယ် .. Safe Mode ထဲကို ၀င်ချင်တယ် ဆိုရင်တော့ မိမိတို့ ကွန်ပျုတာကို Restart ချလိုက်ပါ .. ပြီးရင် Post Settingပီးတာနဲ့ Keyboard မှ F 8 Key ကိုနှိပ်ထားလိုက်ပါ .. ဒါဆိုရင် Safe Mode ထဲကို ရောက်သွားပါလိမ့်မယ် ..

Saturday, October 22, 2011

Myanmar Window ကို Virtual Box နဲ့သုံးရအောင်



ကျွန်တော် ဒီနေ့တော့ Tharlon OS ဆိုပြီး  Myanmar Windows Beta Version 1.0 လေးကို အကိုတစ်ယောက်က ပြောလို့ စမ်းကြည့်ရင်းနဲ့ ကျွန်တော်တို့လိုပဲ စမ်းသုံးကြည့်ချင်တဲ့ သူတွေရှိရင်လည်း အလွယ်တကူ အသုံးပြုလို့ရအောင် ဒီကောင်လေးကို Virtual Box ထဲမှာ Install လုပ်ပြီးဘယ်လို အသုံးပြုလို့ ရမလည်းဆိုတာကို ရေးပေးသွားပါမယ် . . Tharlon OS  ကို Linux ရဲ့ Unbuntu ပေါ်မှာ အခြေခံထားတယ်လို့ ထင်ပါတယ် .. ပထမဆုံး မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ် (Myanmar Operating System) ဆိုတော့လည်း ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း စိတ်ဝင်စားမယ်ထင်လို့ မိတ်ဆက်ပေးချင်တာရယ် .. Virtual Box မှာ မိမိတို့ကြိုက်နှစ်သက်တဲ့ OS တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို မသိသေးတဲ့ သူများအတွက်လည်း Virtual Box ကိုဘယ်လိုအသုံးပြုရမယ် ဆိုတာကို သိစေချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ .. 

PhotoInstrument 5.2.531 Multilingual (+ Portable)


ကျွန်တော်ဒီတစ်ခါ အရင်ကလည်း တင်ပေးခဲ့ပါတယ်။ ဒါကတော့ နောက်ထပ် Update လေးဖြစ်ပါတယ်။ Serial Key ထည့်ရတာအဆင်မပြေ ဖြစ်နေတဲ့ အစ်ကိုတစ်ယောက်လဲရှိတာနဲ့ ကျွန်တော်နောက်ထပ် နောက်ဆုံး Update လေးကို ရှာပြီးတင်ပေးလိုက်ပါတယ်။ နောက်ထပ် Update ဆိုတဲ့ အတွက် အရင်ကနဲ့ မတူနဲ့ Effects လေးတွေထပ်ပြီးပါဝင်လာပါပြီ။ ပုံမှာပြထားတဲ့ အတိုင်းပါပဲ။ ကျွန်တော် Portable လေးပါတွဲပြီးတင်ပေးထားပါတယ်။ Serial Key အတွက်မှာပေးထားတဲ့ Email လိပ်စာနဲ့ Key ကိုပါ နှစ်ခုလုံးကို ဖြည့်ပေးဖို့လိုပါတယ်။ မိမိတို့ရဲ့ Email လိပ်စာနဲ့မရပါဘူး။ အထဲမှာ Video Tutorials လေး  တွေပါတဲ့အတွက် အသုံးပြုနည်းကိုတော့ ပြောမပြတော့ပါဘူး။ အောက်မှာယူသွားလိုက်ပါ။   နောက်ထပ် Update လေးတွေထွက်လာရင်လည်း ကျွန်တော်ထပ်ပြီးတင်တင်ပေးသွားပါ့မယ်။

Friday, October 21, 2011

Keys for Kaspersky, Dr. Web, ESET NOD32, Avast, Avira 21.10.2011

ဒါကတော့  ESET NOD32, AVAST, Kaspersky, Avira နဲ့ Dr.Web!  အတွက်  Update Key တွေပါ.. 
အထဲမှာ သူအမျိုးအစားအလိုက် ခွဲပြီးထည့်ပေး ထားပါတယ်.. လိုအပ်တဲ့သူတွေကတော့ 
အောက်မှာအဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Thursday, October 20, 2011

Advanced Uninstaller PRO 10.5.3



ကျွန်တော်အခု ဒီတစ်ခါ Advanced Uninstaller PRO Version လေးတင်ပေးလိုက်ပါတယ်။ PRO ဆိုမှတော့ တော်ရုံတန်ရုံမဟုတ်လို့ပေါ့ဗျာ။ ဒီကောင်လေးက ကျွန်တော်တို့ရဲ့ applications တွေနဲ့ programs လေးတွေကို အလွယ်ကူဆုံး Uninstall လုပ်ပေးနိုင်ပါတယ်။ Control Panel ကနေဝင်ဖြုတ်နေရတာထက် စာရင်တော့ ပိုမြန်ပါတယ်။ ကျွန်တော်အောက်မှာ သူ့အတွက် Features လေးတွေ ကိုအသေးစိတ် ရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါဗျာ။

AKVIS Lightshop 3.0 Multilingual for Adobe Photoshop



ကျွန်တော်ရှေ့မှာလည်း Photoshop Plugins လေးတွေတင်ပေးထားတာလေးတွေလဲ ရှိပါတယ်။ ဒါကတော့ နောက်ထပ် Effect လေးတစ်ခုပါ။ Photoshop သမားများအတွက်ကတော့ အသုံးဝင်ပါတယ်။ ဖိုင်ဆိုဒ်က 22 MB ကျော်ကျော်ရှိပါတယ်။ နက်ကလည်းသိပ်မကောင်းတော့ ကျွန်တော် ဖိုင်ဆိုဒ်နည်းတာလေး တွေကိုပဲ တင်တင်ပေးနေရတယ်ဗျာ။ ကျွန်တော်ဒီတစ်ပါတ်တော့ Photoshop Top Secret Video Tutorial Part 4 လေးကိုတော့ ရအောင်တင်ပေးပါ့မယ်။ အရှေ့မှာ ကျွန်တော် သုံးပိုင်းတင်ပေး ခဲ့ပြီး ပါပြီ။ ကျွန်တော်တို့ Photoshop သမားများအကျွမ်းကျင်ဆုံးလေ့လာနိုင်အောင် တင်ပေးတာပါ။ Part 4 ပြီးရင် နောက်ထပ် Part 5 လည်းဆက်တင်ပေးသွားပါ့မယ်။

Platinum Hide IP 3.1.2.6


ကျွန်တော်အခု Platinum Hide IP Internet Tool လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ IP ဖျောက်ထား လိုသူများအတွက် အသုံးဝင်ပါတယ်။ အသုံးပြုရတာလဲလွယ်ပါတယ်။ သူ့အတွက် Patch ဖိုင်လေးကိုပါတစ်ခါ တည်းထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

WinRAR 4.10 Beta 2 (x86/x64)



ကျွန်တော်အခု  WinRAR 4.10 Beta Version လေးတင်ပေးလိုက်ပါတယ်။ နောက်ထပ် Update လေးတွေ ထွက်လာတိုင်းလဲ တင်တင်ပေးသွားပါ့မယ်။ 32 နဲ့ 64 အတွက်ကိုသီးသန့်စီခွဲထည့်ပေးထားပါတယ်။ သူ့ရဲ့ နဂို Setup ဖိုင်လေးကိုပါ ထပ်ပြီးထည့်ပေးထားပါတယ်။ Setup ဖိုင်လေးကတော့ ဒီကောင်လေးကို RUN လိုက် တာနဲ့ 32, 64 နဲ့ Keygen ဖိုင်လေးပါထပ်ရလာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 6.39 MB ပါ။

Connectify v3.0



ကျွန်တော် ဒီကောင်လေးကို အစ်ကိုတစ်ယောက်ကလည်း Laptop ကနေပြီးတော့ Wifi ပြန်ရှယ်ပေးချင်တယ် ဆိုတာနဲ့ ဒီကောင်လေးကို Update လေးရှာပြီးတင်ပေးလိုက်တာပါ။ Desktop PC တွေမှာ တော့ သုံးလို့မရပါဘူး။ Laptop အတွက်သီးသန့်ပါ။ Wifi ရှယ်တဲ့အချိန်မှာ ကျွန်တော်တို့ နှစ်သက်သလို Password ခံပြီး ရှယ်ပေးလို့ရပါတယ်။ သူ့အတွက် Crack ဖိုင်လေးပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 8.69 MB ရှိပါတယ်။

Backup & Restore Emails in Outlook Express ( Movie )

စီဘောက်မှာ အကိုတစ်ယောက် မေးထားလို့ Backup & Restore Emails in Outlook Express ဆိုတဲ့ Video Tutorial လေးတင်ပေးလိုက်ပါတယ် .. တစ်ခြား သူတွေလည်း လိုအပ်မယ်ထင်လို့ တင်ပေးလိုက်တာပါ .. ကျွန်တော် U-Tube ကနေလည်း တင်ပေးထားပါတယ် .. U-Tube ကနေကြည့်လို့ အဆင်မပြေ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ ( E-Book )



ဓာတ်ပုံ နဲ့ပါတ်သတ်တဲ့ စာအုပ်လေးတွေကို အရင်တုန်းကလည်း တောင်းတော့ လိုက်ရှာပေးဖူးပါတယ် .. အခုလိုတော့ မြန်မာလို  ရေးထားတဲ့ စာအုပ်မတွေ့ခဲ့ဖူးပါဘူး .. အခု စီဘောက်မှာ အကိုတစ်ယောက် တောင်းလို့ လိုက်ရှာပေးရင်းနဲ့ တက္ကသိုလ်စိုးဝင်း ရေးထားတဲ့ အဆင်မြင့် ဒီဂျစ်တယ် ဓာတ်ပုံပညာ ဆိုတဲ့ စာအုပ်လေး ကို ဒီဖိုရမ်မှာ တင်ပေးထားတာ တွေ့လို့ ပြန်ရှယ်ပေးလိုက်ပါတယ် .. ဓာတ်ပုံပညာ နဲ့ပါတ်သတ်ပြီး လေ့လာချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 

Microsoft Visual Basic 6 အသုံးပြုနည်း ( E-Book )



ကျွန်တော် Microsoft Visual Basic 6 Portable လေးကိုတော့ အကိုတစ်ယောက် တောင်းလို့ တင်ပေးပြီး သွားပါပြီ .. ဒါကတော့ ကကကွန် ကထုတ်တဲ့ Visual Basic 6 အသုံးပြုနည်း ကိုရေးပေးထားတဲ့ စာအုပ်လေးပါ .. Microsoft Visual Basic 6 ကိုအသုံးပြုတဲ့ အခါမှာ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်အောင် တင်ပေးလိုက်တာပါ .. အရင်ကတော့ Portable လေးတင်ပေးရင်းနဲ့ တွဲပြီး တင်ပေးမလို့ပါပဲ .. ဒါပေမယ့် တစ်ချို့က စာအုပ်ပဲ လိုအပ်တဲ့ သူမျိုးဆိုရင် ရှာရတာ အဆင်ပြေအောင် သီးသန့်တင်ပေးလိုက်ပါတယ် .. ကျွန်တော် နှစ်နေရာ ခွဲတင်ပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..