• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, November 8, 2011

သိစေချင်လို့ပါ ..



လောကကိုလျှင်လှစေချင်က ငြိုငြင်မာန်တင်း ငြူစူကင်းလျှက် ချစ်ခြင်းဖြင့်သာ ရှုမြင်ပါ 

ကျွန်တော် ပထမတော့ ဒီပို့စ်လေးကို မတင်တော့ပဲ နေမလို့ပါ .. ဒါပေမယ့် လုပ်တဲ့သူကိုလည်း သိစေချင်လို့ ပြီးရင် နောက်ထပ် ပြောချင်တဲ့သူတွေ ရှိရင်လည်း တစ်ခါထဲ သိသွားအောင်ပါ .. ရပါတယ် .. ကျွန်တော့ကို မကျေနပ်တာ ရှိရင်လည်း ဆဲပါ .. ပြသနာမရှိပါဘူး ... အင်းခက်တော့ ခက်သားနော် .. :)  အခုကျွန်တော် ဒီစာကို ထိုင်ရေးပြီး ရီနေရတယ် ... ငါ့ကိုဘာတွေ များမကျေမနပ် ဖြစ်နေလည်းလို့လေ .. ဘာမှတော့ သူများထိ ခိုက်အောင် မလုပ်မိသေးပါဘူးလို့ .. ပြီးတော့ နေမင်းမောင် ဆိုဒ်ကလည်း နာမည်ကြီး ဆိုဒ်တစ်ခု ဆိုလည်း ထားပါအုံး .. ကိုယ်သိတာလေးတွေနဲ့ လိုအပ်တဲ့ Software လေးတွေကိုပဲ Sharing လုပ်ပေးနေတာပဲရှိတာပါ .. မကျေနပ်စရာ ဘာအကြောင်းမှလည်း မရှိပါဘူး ပေါ့နော် . . ကဲပါအဲ့ဒါတွေက ထားလိုက်ပါတော့ .. ကျွန်တော် အရင်တစ်ခါ ကိစ္စဖြစ်ပြီး ထဲက ကျွန်တော့် အကိုတစ်ယောက်နဲ့ စကားပြောဖြစ်တယ် .. သူက ကျွန်တော်ကို ဆုံးမစကားလေးတွေ တော်တော် ပြောခဲ့တယ် .. 

အဓိကကတော့ စေတနာ မေတ္တာ ထားတက်ဖို့ရယ် .. ဘ၀မှာ အဆင်ပြေပြေနဲ့ ဘယ်လိုနေထိုင် သင့်တယ် ဆိုတာတွေကို အကြံပေးခဲ့တယ် ..အကို့ကိုလည်း တော်တော် ကျေးဇူး တင်ပါတယ် .. နောက်ပိုင်း ဘယ်သူတွေ ဘာပြောပြော ကျွန်တော် ဘာမှပြန်ပြီး ချေပတော့မှာ မဟုတ်ပါဘူး .. စီဘောက်မှာ ဆဲခဲ့ရင် အမြင်မသင့်တော် ဘူးဆိုရင် ဖျက်ပလိုက်ပါမယ် .. ကွန်မန့်ပေးခဲ့ရင် မသင့်တော်ဘူးဆိုရင် ဖျက်ပလိုက်ပါမယ် .. မေးလ်ကိုပို့ရင် လည်းပို့ပါ .. ပို့နိုင်ပါတယ် .. ဒါပေမယ့် ဝေဖန်အကြံပေး တာတွေကိုတော့ ကျေနပ်စွာ လက်ခံပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစား သွားမှာပါ .. ဘယ်သူတွေ ဘာတွေပဲ ပြောပြော နေမင်းမောင်ကတော့ ကျွန်တော့် ဆိုဒ်လေးကို လာလည်ကြတဲ့ ကျွန်တော့်ကို ပညာတွေ ပိုတက်အာင် မြေတောင် မြောက်ပေးခဲ့တဲ့ နေမင်းမောင် ဆိုဒ်ကို အားပေးနေတဲ့ သူတွေ အားလုံးအတွက် ဆက်ပြီးတော့ အတက်နိုင်ဆုံး ကူညီပေးသွားအုံးမှာပါ .. ကဲမြန်မာပြည်က အကိုရေ .. အကိုလည်း စေတနာ မေတ္တာ ထားတက်သွားရင် အရာရာကို နားလည်ခွင့်လွတ် ပေးနိုင်သွားမှာပါ .. တကယ်လို့ ကျွန်တော့်အပေါ် မကျေနပ်စရာ အကြောင်းတစ်စုံတစ်ရာ ရှိရင်လည်း ( nayminmaung89@gmail.com ) ကိုမေးလ်ပို့ပြီး ပြောနိုင်ပါတယ် .. ကျွန်တော် ဘက်ကမှားနေတာ ရှိရင်လည်း တောင်းပန်နိုင်အောင်လို့ပါ ..  အားလုံးကို စိတ်အနှောင့် အယှက် ဖြစ်သွားစေတယ် ဆိုရင်တော့ တောင်းပန်ပါတယ်ခင်ဗျာ .. 

                                                      အားလုံးအတွက် .. ဆက်လက်ကြိုးစား နေအုံးမယ့်  

 နေမင်းမောင်




12 comments:

  1. အော..ဒီလိုလူတွေလဲရှိအုံးမှပေါ့ဗျ..သူတို့လဲ လောက အလှတ၊ရားတခုဘဲဗလ...နော်..ဟဟဟ..
    စိတ်မကောင်းဖြစ်မိမှာဘဲဗျ..အကိုရေ ဟသ လုပ်ပြီးရယ်လိုက်တော့ဗျ..
    ကျနော်တို့ကတော့ အကို့ဆိုဒ်ကြေင့် ဗဟုတုတ တွေ ပညာတွေ လေ့လာခွင့်ရနေတာကိုဘဲ ကျေးဇူးကြီးလှပါပြိးဗျ.....
    လေးစားစြွာ့ဖင့်
    မင်းသုခ

    ReplyDelete
  2. အင်း ...အမိယုတ်သော် နှုတ်ကြမ်း...အဖယုတ်သော် ကိုယ်အမူအရာကြမ်းတမ်း၏..ဆိုတဲ့စကားကတော့ အတော်မှန်တယ်.....ကိုနေမင်းရေ...အဲလိုလူတွေအတွက် ဥိးနှောက်ထဲမှာ နေရာပေးမနေပါနဲ့ဗျာ....ကိုနေမင်း ကျေးဇူးတွေကြောင့် ကျနော်တို့ကတော့ ပညာတွေရတာ အမှန်ပါ...အဲဒီအတွက် ကျေးဇူးလည်းတင်ပါတယ်....

    ReplyDelete
  3. သူတစ်ပါးအပေါ်ကို ဝန်တိုစိတ်ထားတဲ့အကျင့်ကို ကျနော်တို့မြန်မာအများစုဖျောက်သင့်ပြီ ဒီလိုသာဆိုရင်ရှေ့လျှောက်တိုးတက်ဖို့မရှိဘူး ကြိုးစားနေတဲ့သူကိုပိုကြိုးစားအောင် တော်တဲ့သူကို ပိုပြီး တော်အောင် အားပေးရမှာက ကျနော်တို့ မြန်မာအားလုံးရဲ့တာ ဝန်ပဲ ကိုနေမင်းဆက်လက်ပြီး ကြိုးစားပါ ပြီးတော့ ပညာဒါန လုပ်နေတဲ့ကိုနေမင်းကိုအားလည်းကျတယ် ကျေးဇူးအများကြီးလည်းတင်ပါတယ်ဗျာ

    ReplyDelete
  4. ကိုနေမင်းမောင် သီခံပေးလိုက်ပါဗျာ..

    ReplyDelete
  5. သင်သေသွားသော သင်ဖွားသောမြေသင်တို့မြေသည်

    အခြေတိုးမြင့် ကျန်ကောင်းသင့်၏

    ReplyDelete
  6. သူတစ်ပါးအပေါ်ကို ဝန်တိုစိတ်ထားတဲ့အကျင့်ကို ကျနော်တို့မြန်မာအများစုဖျောက်သင့်ပြီ ဒီလိုသာဆိုရင်ရှေ့လျှောက်တိုးတက်ဖို့မရှိဘူး ကြိုးစားနေတဲ့သူကိုပိုကြိုးစားအောင် တော်တဲ့သူကို ပိုပြီး တော်အောင် အားပေးရမှာက ကျနော်တို့ မြန်မာအားလုံးရဲ့တာ ဝန်ပဲ ကိုနေမင်းဆက်လက်ပြီး ကြိုးစားပါ ပြီးတော့ ပညာဒါန လုပ်နေတဲ့ကိုနေမင်းကိုအားလည်းကျတယ် ကျေးဇူးအများကြီးလည်းတင်ပါတယ်ဗျာ
    သင်သေသွားသော သင်ဖွားသောမြေသင်တို့မြေသည်
    အခြေတိုးမြင့် ကျန်ကောင်းသင့်၏

    ReplyDelete
  7. ကိုနေမင်းမောင်..အကိုတို့ လို မျှဝေတတ်တဲ့ သူတွေပျောက်သွားမှာ စိုးရိမ်မိပါတယ် ခင်ဗျ..ကျွန်တော် တို့လို ဟိုမရောက်ဒီမရောက်သူတွေအတွက် အကိုတို့လို မျှဝေတတ်တဲ့သူတွေ ရှိဖို့လိုပါတယ် ခင်ဗျ....ပြောခံလိုက်ရတဲ့ စာလုံးတွေကိုလည်း ကိုယ်ချင်းစာမိပါတယ် ခင်ဗျ...ဆက်လက် ရှင်သန်ပေးပါလို့ .......ခင်မင်လေးစားလျက်

    ReplyDelete
  8. ကို nayla ပြောသလိုပဲ ကျွန်တော်တို့လိုဟိုမရောက်ဒီမရောက်သူတွေအတွက် ကိုနေမင်းမောင် ဆိုက်က မသိမတက်သေးတဲ့နည်းပညာတွေဝေမျှပေးတဲ့အတွက် ကိုနေမင်းမောင်ကိုကျေးဇူးအများကြီးတင်ပါတယ်
    ကိုနေမင်းမောင်၇ဲ့စေတနာကိုမကြည့်တက်မမြင်တက်နဲ့ပါစပ် သ၇မ်းတဲ့ ကောင်ပြောတဲ့စကားအတွက်နဲ့ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့လို့ပြောချင်ပါတယ်
    ကိုနေမင်းမောင်ဒီထက်မက နည်းပညာတွေဝေမျှပေးနိုင်ပါစေ
    ကျေးဇူးတင်ပါတယ် ကိုနေမင်းမောင်

    ReplyDelete
  9. ကိုနေမင်းမောင်ရေ ဘုရားရှင်က ဟောထားတယ်မို့လားဗျာ ချစ်သားတို့ လောကမှာ အမြဲတမ်းချီးကျူးမွမ်းတင်ခံရသူ
    အမြဲတမ်းကဲ့ရဲ့ရှုတ်ချခံရတဲ့သူဆိုတာ ဘယ်သောခေတ် ဘယ်သောကာလမှာမှ ငါဘုရားရှိတယ်လို့မဟောဆိုပြီးရှိတယ်
    မို့လား လူပိန်းလူညံ့တွေရဲ့ ပြောဆိုမှုတွေကို ခေါင်းထဲမှာ နေရာမပေးပါနဲ့ အကိုလုပ်နေတဲ့ လုပ်ဆောင်မှုတွေက အများ
    ကျိုးကိုရှေးရှုထားတယ်ကိုက အလွန်မွန်မြတ်လှပါတယ်ဗျာ ၊ ဒီထက်တပိုး အောင်မြင်ထွန်းပေါက်ပါစေလို့ ဆုတောင်း
    လျှက်ပါအကိုရေ...

    ReplyDelete
  10.့ ဟိန်းလင်းNovember 27, 2011 at 8:38 AM

    စိတ်မကောင်းပါဘူးကိုနေမင်းရေ
    အချိန်တန်ရင်သူ့သဘောသူဆောင်သွားပါလိမ့်မယ်
    အစ်ကို ဆော့ဖ်ဝဲလေးတွေ များများတင်နိုင်ပါစေ

    ReplyDelete
  11. အေးဗျာ..ဒီလိုနုတ်ကြမ်း..လက်သရမ်းတဲ့လူ့ငနွားတွေကိုခေါင်းထဲထည့်မနေပါနဲ့ဗျာ။ သန့်ရှင်းတဲ့လူ့ဘောင်ကသူ့အလိုလိုထွက်သွားပါလိမ့်မယ်။ကြိုးစားထားဗျို့...လေးစားလျက်

    ReplyDelete
  12. အရေးမပါတဲ့အရာတွေအတွက်ခံစားမနေပါနဲ့အကိုရာ.."သစ်ပင်မြင့်တော့လေတိုက်ခံရတယ်...နိမ့်တော့နွားနင်းတယ်"
    လို့ပဲသဘောထားလိုက်ပါဗျာ...အဆဲအဆိုခံပြီးပညာပေးနေရတဲ့အကို့ကိုလည်းကျေးဇူးတင်နေတယ်နော်...

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်