• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, November 13, 2011

Windows 7 Ultimate Live CD 2010 | ISO | ( Update )

ကျွန်တော့်ကို စီဘောက်မှာ ကိုပစ်တိုင်းထောင် ပြန်တင်ပေးဖို့ ပြောနေတာ ကြာပါပြီ .. ကျွန်တော် ဆီမှာကလည်း  Connection  ကမကောင်းတော့  အခုမှပဲ တင်ပေးဖြစ်တာပါ .. ကျွန်တော် အရင်တင်ပေး တုန်းက Windows Live CD နဲ့ ပါတ်သတ်ပြီး သေချာ မပြောဖြစ်လိုက်ပါဘူး . အခုဒီကောင်လေးအကြောင်းကို အနည်းငယ် သိသွားအောင် ပြောပြချင်ပါတယ် .. ဒီကောင်လေးက Windows XP Mini Tool ကိုအသုံးပြုဖူး သူတွေသိပါလိမ့်မယ် .. အဲ့ဒီသဘောမျိုးပါပဲ .. ကျွန်တော်တို့တွေ အသုံးပြုနေတဲ့ Windows ဟာ Virus ကြောင့်ပဲ ဖြစ်ဖြစ် တစ်ခြား အကြောင်းတစ်စုံတစ်ရာ ကြောင့်ပဲ ဖြစ်ဖြစ် Windows လုံးဝတက်မလာတော့ဘူး Windows ထဲမှာလည်း မိမိတို့အတွက် အရေးကြီးတဲ့ Data တွေက ရှိနေတယ် အဲ့ဒီ Data တွေကိုလည်း ကျွန်တော်တို့ အနေနဲ့ ပြန်ပြီးတော့ လိုချင်တယ်ဆိုရင် အခုကျွန်တော် တင်ပေးလိုက်တဲ့ Windows Live CD လေးကိုအသုံးပြုပြီး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် .. 
ဒါက ကျွန်တော် အဓိကအသုံးပြု လို့ရတာ တစ်ခုကိုပဲ ပြောပြတာပါ .. သဘောကတော့ ကျွန်တော်တို့အနေနဲ့ CD ခွေတစ်ခွေနဲ့  Windows တစ်ခု တည်ဆောက်ပြီး သုံးလိုက်တဲ့ သဘောမျိုးပါပဲ .. ပြီးရင် ဒီကောင်လေးမှာ တစ်ခြားသုံးလို့ ရတဲ့ Tool တွေ အများကြီးပါပါ သေးတယ် .. စမ်းသုံးကြည့်လိုက်ပါ .. အပေါ်က ရှင်းပြတာလောက် ဆိုရင်တော့ Windows Live CD ကိုဘာအတွက် အသုံးပြုရတယ် ဆိုတာကို အကြမ်းမျဉ်းတော့ သိသွားလိမ့်မယ်လို့ ထင်ပါတယ် .. လူတိုင်း ဆောင်ထားသင့်ပါတယ် .. ကျွန်တော် လက်တွေ့ ကြုံခဲ့ရတာလေး တစ်ခု ပြောပြပါမယ် .. အဲ့ဒီတုန်းက ကျွန်တော့်စက်ကို Trojan ကိုက်သွားပြီး Windows ကပြန်တော့ တက်လာတယ် ဘယ်လိုမှ ၀င်လို့မရတော့ဘူး .. အဲ့ဒီအချိန်မှာ ကျွန်တော်အနေနဲ့ လိုအပ်တဲ့ Data တွေကိုလည်း Destop ပေါ်ကနေ မသိမ်းရသေးဘူး .. အဲ့ဒီ အချိန်မှာ ကျွန်တော် Windows အသစ်ပြန်တင်ရမယ် ဆိုရင်လည်း အချိန်လည်းပေးရမယ် ကျွန်တော်လိုချင်တဲ့ Data လည်း ပြန်ရမှာ မဟုတ်တော့ပါဘူး .. ဒါကြောင့် ကျွန်တော် အရင်ဆုံး ဒီ Windows Live CD လေးကိုအသုံးပြုပြီး အရင်ဆုံး မိမိလိုချင်တဲ့ Data တွေကို Recovery ပြန်လုပ်လိုက်ပါတယ် .. ပြီးတော့မှ Windows ကို နောက်ကို တစ်ရက်လောက်  System Restore ပြန်လုပ်လိုက်တာ အားလုံး အဆင်ပြေသွားပါတယ် .. ဒါက ကျွန်တော် ဘယ်လိုလုပ်လို့ ရမယ်ဆိုတာကို ပြောပြတာပါ .. မိမိတို့ဆီမှာ ဆောင်ထားရင်တော့ လိုအပ်လာတဲ့ အချိန်မှာ ကောင်းကောင်း အသုံးချလို့ ရတာပေါ့ဗျာ .. လိုအပ်တဲ့သူတွေကတော့ အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ .. ကျွန်တော် 100 MB ဆီနဲ့ ( 4 ) ပိုင်းခွဲပြီး တင်ပေးထားပါတယ် ..



အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

8 comments:

  1. အပိုင်း 4 အဆင်မပြေဘူးအစ်ကိုရာ...
    ဖြစ်နိုင်ရင်ထပ်တင်ပေးပါအုန်း...

    ဆန္ဒနဲ့ဘ၀တထပ်ထဲ့ကျပါစေဗျာ..

    ReplyDelete
  2. ဟုကတ်ကဲ့အကို .. ကျွန်တော် ပြန်ပြင်ပေးပြီးသွားပါပြီ ..

    ReplyDelete
  3. 16.11.2011 ကျွန်တော်ကောင်မလေး မွေးနေ့ဗျာ
    ဘုန်းကြီးကျောင်းမှာဆွမ်းကဒ်မယ်...ငှက်ကလေးတွေလွှတ်မယ်ဗျာ
    အစ်ကိုအတွက်ပါ ဘုရားမှာဆုတောင်းပေးခဲ့မယ်

    ဒီထက်မက နည်းပညာတွေဖြန့်ဖြူးပေးနိုင်ပါစေခင်ဗျာ

    မထူးတော့ပါဘူး အားလုံးပြည့်စေဗျာ

    ရိုသေလေးစားစွာဖြင့်-
    မောင်ပစ်

    ReplyDelete
  4. ကိုနေမင်းမောင်ရေ ကျေးဇူးဗျာ ကူးသွားပြီနော်

    ReplyDelete
  5. အစ်ကိုရေ ကျေးဇူးပါနော် ယူထားလိုက်တယ် အခုတော့ ပြန်ကောင်းသွားပြီ လိုရမယ်ရ ဆောင်ထားရတာပေါ့

    ReplyDelete
  6. ကျေးဇူးတင်လျှက်တောင်းဆိုပါတယ်
    link တွေ သေလို့ ဒေါ်င်းလို့ မရဘူး ဖြစ့်နေတယ်
    ကျေးဇူးပြု၍ ပြန်တင်ပေးပါလို့ တောင်းဆိုပါတယ်။

    ReplyDelete
  7. ဒီနေ့ဆွဲတာရပါတယ်

    ReplyDelete
  8. အကိုလင့်တွေသေနေတယ်အကို
    ဒေါင်းလို့မရဘူး အပန်းမကြိးရင်ပြန်တင်ပေးပါဥိးအကို

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်