• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, November 29, 2011

Wi-Fi Signal လေးကိုမြှင့်ပြီး အသုံးပြုချင်သူများ အတွက်


ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကို http://www.hackinguniversity.in/  မှာရေးပေးထားတာတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် .. 

အရင်ဆုံး မိမိတို့ သောက်ပြီးသား Coca cola ဗူးခွံကိုပဲဖြစ်ဖြစ်  Beer ဗူးခွံကိုပဲဖြစ်ဖြစ် ယူလိုက်ပါ .. ပြီးရင် ရေစင်အောင် ဆေးပေးလိုက်ပါ .. အနံတွေဘာတွေ ပျောက်သွားအောင်လို့ပါ .. 


ပြီးရင်အောက်က ပုံမှာပြထားသလို ဗူးခွံရဲ့ အပေါက်လေးမှာ ရှိတဲ့ အပိတ်လေးတွေ ကျန်ခဲ့တာရှိရင် ဖယ်ထုတ်ပလိုက်ပါ ..



ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဗူးခွံရဲ့ နောက်ပိတ်ပိုင်းကို ဖြတ်ထုတ်ပလိုက်ပါ .. 

အပေါ်က အဆင့်အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ နောက်တစ်ဆင့် အနေနဲ့ ဖြတ်လိုက်တဲ့ နောက်ပိတ်ပိုင်းကနေ ဘေးနှစ်ဘက်ကို ညီအောင်ညှိပြီး အရှည်လိုက် ဗူးခွံအဖုံးစပ် အထိရောက်အောင် ခွဲချလိုက်ပါ ..


ပြီးသွားပြီ ဆိုရင်တော့ စောစောက ဗူးခွံရဲ့ အပေါက်လေးကို ကျွန်တော်တို့ အသုံးပြု နေတဲ့ Wi-Fi Moden ရဲ့ antenna လေးမှာ တင်ဆင်ပေးလိုက် ယုံပါပဲ ..



ဒီလောက် ဆိုရင်တော့ မိမိတို့ Wi-Fi Signal ကိုမြှင့်ပြီး အသုံးပြုချင်သူတွေအတွက် စမ်းသပ်ကြည့်လို့ အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် http://www.hackinguniversity.in/ မှာရေးပေး ထားတဲ့ နည်းလမ်းလေးကို  ပြန်ရှယ်ပေး လိုက်ပါတယ် ..

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 

7 comments:

  1. စမ်းကြည့်လိုက်မယ်...သိုင်းကျူး

    ReplyDelete
  2. တကယ်အဟုတ်လားဗျ
    စမ်းကြည့်လိုက်ပါအုံးမယ်နော် အခုလို share ပေးတာကျေးဇူးတင်ပါတယ်

    ReplyDelete
  3. အခု လို နည်းပညာလေး တွေ ရှယ်လ် ပေးတဲ့ အတွက် ကျေးဇူးပါ။

    ReplyDelete
  4. နဲနဲတော့ ခိုးချသွားတယ်ဗျာ ခွင့်လွတ်နော်
    ကျေးဇူးပဲ

    ReplyDelete
  5. ပိုက်ပိုက်ကုန်တော့ဘူး

    ReplyDelete
  6. wowow that's Great.. thanks u bro..

    ReplyDelete
  7. အကိုေ၇ စမ်းလိုက် ဦးမယ်းဝ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်