• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, November 15, 2011

Windows 7 မှာ Virtual Memory Size ကိုတိုးပြီး အသုံးပြုချင်သူများ အတွက်



ကျွန်တော်တို့ Windows 7 မှာ လက်ရှိ အသုံးပြုနေတဲ့ Run ပမာဏထက် တိုးပြီး အသုံးပြုချင် သူတွေအတွက် ကျွန်တော် နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. ဘယ်အရာမျိုး မဆို သူရဲ့ သတ်မှတ်ချက်အတိုင်း Automatically အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ .. ကျွန်တော် ဘာကြောင့် ဒီနည်းလမ်းလေးကို ရေးပေးရသလည်း ဆိုတော့ တစ်ချို့ ကွန်ပျူတာကို ပုံမှန်ထက်ပိုပြီး အသုံးပြုနေသူ တွေအတွက် Run ရဲ့ပမာဏကို တိုးပြီး အသုံးပြုတဲ့ အတွက် အရင် ပုံမှန်သုံးနေ ရသလိုပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် .. ဥပမာ ။ ။ Hard Disk ကိုနှစ်လုံး တပ်ပြီး အသုံးပြုတဲ့ အခါမှာပဲဖြစ်ဖြစ် .. စက်က ပုံမှန်ထက် သိသိသာသာလေး ၀ပ်သွားမယ် ဆိုရင် Automatically သတ်မှတ်ပေးထားတဲ့ Run ပမာဏထက် ပိုပြီး Maximun ပမာအထိ တိုးပြီး အသုံးပြုတဲ့ သဘောပါပဲ .. 

ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ Virtual Memory size ကိုဘယ်လို တိုးပြီး အသုံးပြုလို့ ရမလည်း ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး My Computer ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ ..







အောက်က ပုံမှာ ပြထားတဲ့ အတိုင်း အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့အတိုင်း Custom size ကိုရွေးပေး လိုက်ပါ ..
အောက်ကအဆင့်မှာတော့ ကျွန်တော်တို့ အနေနဲ့  နံပါတ် ( 1 ) နဲ့ ( 2 ) ကိုနှိုင်း ယှဉ် ကြည့်လိုက်ပါ .. ( 2 ) မှာ ပြထားတာ ကတော့ ကျွန်တော်တို့ စက်မှာ ခွင့်ပြုထားတဲ့ အနည်းဆုံးပမာဏ ၊ လက်သင့်ခံနိုင်တဲ့ အများဆုံး ပမာဏနဲ့ လက်ရှိခွင့်ပြုထားတဲ့ ပမာဏတွေကို ပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ သူက လက်သင့်ခံနိုင်တဲ့ ပမာဏ 5368 MB လို့ဖော်ပြထားတာ ဖြစ်တဲ့ အတွက် အများဆုံး အသုံးပြုချင်တဲ့ ပမာဏကို 5200 လောက်ထားလိုက်မှာ ဖြစ်ပါတယ် .. ပြီးရင် စတင်အသုံးပြုမဲ့ ပမာဏကို 5000 သတ်မှတ်လိုက်ပါတယ် .. MB လို့သတ်မှတ်ပြီးသား ဖြစ်တဲ့ အတွက်  Unit မထည့်တော့ပါဘူး .. ဒါက ကျွန်တော့် စက်မှာ ရှိတဲ့ Run ပမာဏနဲ့ နိုင်းယှဉ်ပြီး ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ပြီးရင်တော့ OK ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း  Restart  ချခိုင်းပြီ ဆိုရင်တော့ Restart ချပေးလိုက်ယုံပါပဲ .. ပြီးရင်တော့ မိမိတို့ အခုတိုးပေးလိုက်တဲ့ ပမာဏအတိုင်း အသုံးပြုလို့ ရသွားပါလိမ့်မယ် .. တကယ်လို့ ကျွန်တော်တို့က မူလအတိုင်း ပြန်ပြီး သုံးချင်တယ် ဆိုရင်တော့ Automatically manage paing file size all drivers မှာ အမှန်ခြစ်လေး ပြန်ပေးလိုက် ယုံပါပဲ ဒါဆိုရင် အဆင်ပြေသွား ပါလိမ့်မယ် ..

အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

5 comments:

  1. ကျေးဇူးဘဲဗျ..ကျနော်လဲ ကလိလိုက်အုံးမယ်..အကိုရေ..

    မင်းသုခ

    ReplyDelete
  2. Thank you .........Nay Min Maung be happy...........;)

    ReplyDelete
  3. သိပ်ကောင်းတဲ့ ခေါင်းစဉ်ပါပဲ။

    ReplyDelete
  4. ဗဟုသုတ/ပညာ တခုထပ်တိုးပြန်ပါပြီ----၊
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  5. ကျေဇူးပဲအစ်ကိုရေကလိလိုက်ပြီး။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်