Tuesday, November 22, 2011

အားလုံးကို ကျေးဇူးတင်ပါတယ် .. ။


ဒီတစ်ရက် နှစ်ရက် မေးထားတာလေးတွေကို မဖြေဖြစ်သေးပါဘူး .. နောက်ရက်တွေတော့် ကျွန်တော် အားပါပြီ .. ဆိုဒ်ဖက်ကို သေချာ ပြန်ပြီး အာရုံစိုက်နိုင်ပါပြီ .. အမှန်တော့ ဒီနေ့ စာရေးမယ်လို့ စဉ်းစားထားတာပါပဲ .. ဒါပေမယ့် ကျွန်တော်တို့ စိမ်းလန်းမြေ ( ပရဟိတ ) အဖွဲ့ရဲ့  Website ကို နည်းနည်း ပြန်ပြီးတော့ ပြင်ချင်တာလေးတွေ ရှိတာနဲ့ပဲ အရင်တင်ပြီးသား ဆိုဒ် ကိုပြန်ဖျက် ပြီးတော့ အသစ်ပြန်တင် ဒီကြားထဲ Connection ကမကောင်းတော့ နှစ်ခါသုံးခါလောက် ပြန်တင်နေရတာနဲ့ပဲ အချိန်တော်တော်လေး ကြာသွားပါတယ် .. အခုတော့ အားလုံးနီးပါး လိုချင်တဲ့ ပုံစံ ရသွားပြီမို့ နောက်ရက်တွေတော့ ဆိုဒ်ဘက်ကို ကျွန်တော် ပြန်လှည့်နိုင်ပါပြီ ..  ကျွန်တော့် ဆိုဒ်လေးကို လာလည်ကြတဲ့ ညီအကို မောင်နှမများကိုလည်း ကျွန်တော်တို့ အဖွဲ့လေးကိုလည်း ဖိတ်ခေါ်ချင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ ..  တစ်ယောက် အားနဲ့ မရသော် အများအားဖြင့်ကူ ဆိုတဲ့ အတိုင်းပဲ တပ်အားသရွေ့ လက်တွဲပါဝင် ပေးဖို့ကိုလည်း စိမ်းလန်းမြေ ( ပရဟိတ ) အဖွဲ့ နဲ့အတူ အားလုံးကို ဖိတ်ခေါ်ပါရစေခင်ဗျာ ...

စိတ်ပါဝင်စားတဲ့ ညီအကို မောင်နှမများကတော့  ဒီအောက်ကလင့်လေးကနေ တစ်ဆင့် စိမ်းလန်းမြေ ( ပရဟိတWebsite သို့ သွားရောက်နိုင်ပါတယ်ခင်ဗျာ ..


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


1 comment:

  1. ၀င်လို့ မရပါ။အယ်ရာတက်နေပါတယ်။

    ReplyDelete