• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Tuesday, November 15, 2011

Install Windows 7 on external usb hard disk ( Movie )



အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ စမ်းသပ်ချင်တဲ့ သူတွေအတွက်ပါ .. External Hard Disk သို့မဟုတ် USB Flash Drive ထဲမှာ Windows တင်တဲ့ နည်းလမ်းလေးပါ .. Tutorial Movie လေးပါ စမ်းကြည့်လိုက်ပေါ့ဗျာ .. ဟိုနေ့က Google မှာတွေ့လို့ စမ်းကြည့်မလို့ ဆိုပြီး ဒေါင်းလော့ချထားလိုက်တာ .. ကျွန်တော်လည်း မအားလို့ မစမ်းဖြစ်တာနဲ့ စမ်းချင်တဲ့ သူတွေရှိရင် အဆင်ပြေအောင် တင်ပေးလိုက်တာပါ .. စမ်းကြည့်ချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းသွားလိုက်ပါ ..




အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

7 comments:

  1. thank U, thank u. thank u. ကဲအကိုရေ ရေးတော့နော်. ပြောပေးခဲ့ပြီ ၃ ခုထပ်ရေးပေးရမယ်။ vcd တွေမှာ စတမ်းထိုးတဲ့ software လေးလိုချင်လို့ ကူညီပါနော်။ mediafire က access deined ဖြစ်နေတယ် ဘာဖြစ်လို့လဲ 4shares လဲ အဲလိုပဲဖြစ်နေတယ်ပြောပြပါလား။ ziddu, ifile ရယ်ကရတယ်။ ပြောပြပေးပါအုံးဗျာ

    ReplyDelete
  2. ဟုတ်ကဲ့အကို .. VCD တွေကို စာတမ်းထိုးတဲ့ ဆော့ဝဲလ်ကိုတော့ ကျွန်တော် စမ်းပြီး တင်ပေးပါမယ်အကို .. တစ်ချို့ ဆိုဒ်တွေက ဒေါင်းလော့ ချလို့မရတာကတော့ အကိုတို့ သုံးနေတဲ့ Internet Sever ကနေပြီးတော့ အဲ့ဒီဆိုဒ်တွေကို ဘမ်းထားလို့ ဖြစ်ပါလိမ့်မယ်အကို ..

    ReplyDelete
  3. အသေးလေးNovember 16, 2011 at 12:32 PM

    ကိုနေမင်းမောင်
    မီဒီယာဖိုင်းယား ကအရင်တုန်းကလိုမဟုတ်တော့ပဲ page ကအသစ်ကြီးဖြစ်နေတယ်ဗျာ
    Download တွေဘာတွေဘာမှလည်းမပေါ်တော့ဘူးဗျာ

    အိုင်ဖိုင် ကလည်း မန်နေဂျာနဲ့ဒေါင်းရင် receiving data ကတစ်လိုင်းတည်းရတယ်ဗျာ ...

    ကူညီပါအုန်း ကိုနေမင်းမောင် ရဲ့ဆိုက်ကနေ တောင်မဒေါင်းပဲ ... အပြင်မှာ ဟက်ဒစ် နဲ့သာလာကူးလိုက်ချင်တယ်ဗျာ ....

    လေးစားစွာဖြင့်
    အသေးလေး

    ReplyDelete
  4. ညီလေးနေမင်းမောင်ရေ မေးရမှလဲအားတော့နာတယ်ညီလေးကို၊ဒါပေမဲ့လည်းမသိရင်မေးမစင်ရင်ဆေးဆိုတဲ့ဆိုရိုးကလည်းရှိတော့အားနားနာနဲ့ပဲမေးလိုက်ဦးမယ်။အဆင်ပြေတဲ့တစ်နေ့ဖြေကြားပေးပါလို့အလျှင်မလိုပါဘူး။လက်ရှိအစ်ကို့လက်တော့မှာ adobeflash player install လုပ်လို့မရဘူးဖြစ်နေတယ်။ညီလေးတင်ပေးလိုက်တဲ့ video လည်းကြည့်လို့လုံးဝမရဘူးဖြစ်နေတယ်။တစ်ချို့ video ကြတော့လည်းကြည့်လို့ရတယ်။အရင်ဆုံးညီလေးရဲ့ video ကို realplay မှာဖွင့်လိုက်ရင် realplayer needs to download new software to play this clip ဆိုပြီးစာတန်းကျလာတယ်အဲဒါနဲ့ အဲဒီဆော့ဝဲအသစ်ကိုဒေါင်းပြီး run တော့ တစ်ဝက်နဲ့ပဲပြုတ်ပြုတ်သွားတယ် ပြီးတော့ unable to play flash file ဆိုပြီးစာတန်းထပ်ပေါ်လာတယ်။ပြီးတော့ adobe flash player 11 ကိုဒေါင်းလုပ်လုပ်ခိုင်းတယ်။အဲဒါနဲ့adobe flashplayer 11 ကိုဒေါင်းပြီးအင်စတောလုပ်ရော တစ်ဝက်နဲ့ပဲ ပျက်ကျသွားတယ်။ကိုကြီးရဲ့လက်တော့က dell inspiron N4010 64 bit ပါ။ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပေးပါလို့ကိုကြီးတောင်းဆိုပါတယ်။သြော်တစ်ခုပြောဖို့မေ့နေတယ်၊ကိုကြီးစက်က၀ယ်တုန်းကတော့window7 home premium ပါ ခုတော့ window7 ultimate ကိုပြောင်းတင်ထားပါတယ်။ညီလေးကိုအစဉ်လေးစားလျှက်။

    ReplyDelete
  5. thank u.ပြန်ဖြေပေးထားတော့ ထပ်ပြောလိုက်တယ်နော် ရှာပေးမယ်ဆိုတော့အားတက်မိတယ်ဗျာ။ အကိုတို့တွေကို ကျေးဇူးတင်ပါတယ်ဆိုတာထပ်ကိုပိုပါတယ်ဗျာ။ မြန်မာတွေပိုပြီးတိုးတက်လာတယ် လာအုံးမယ်လို့လဲမျှော်လင့်ပါတယ်။ ibm မျိုးဆက်တွေပေါမှာ mac os တင်ချင်လို့ အဆင်ပြေမပြေလေးပြောပြပေးပါအုံးနော်။ လောလောဆယ်တော့ themes တွေနဲ့သုံးနေတာ အဆင်ပြေပါတယ်။ ဒါပေသိ သိတယ်မလား အစစ်ကိုသုံးကြည့်ချင်လို့ပါ။ (Thank u. thank u)x 1000

    ReplyDelete
  6. အစ်ကိုရေဒေါင်းလို့ လဲရပါတယ်။ကြည့်လို့ လဲရတယ်....ဒါပေမယ့်ကျွန်တော်ကပိန်းလို့ လားမသိဘူးနားမလည်ဘူးဖြစ်နေလို့ ဖြစ်နိုင်ရင် အစ်ကို့ အနေနဲ့ PDF file လေးနဲ့ ရှင်းပြပေးပါလား...လိုအပ်မယ့် software လေးတွေကောစာရင်းလေးနဲ့ ပေါ့......
    ကျေးဇူးတင်လျက်....

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်