မင်္ဂလာပါခင်ဗျာ ... အဆင်မပြေတာများရှိရင် nayminmaung89@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လေးစားစွာဖြင့် ... နေမင်းမောင်

  • Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Wednesday, November 30, 2011

G-Mail အကောင့်ကို စိတ်ချလက်ချသုံးကြရအောင်



ကျွန်တော် ဒီအကြောင်းအရာ လေးကို ရေးပေးချင် တာတော့ ကြာပါပြီ .. ဒါပေမယ့် ရေးမယ်လုပ်လိုက် မရေးဖြစ်လိုက် ဖြစ်နေလို့အခုမှပဲ ရေးဖြစ်သွားတာပါ .. ကျွန်တော်တို့  လက်ရှိ အသုံးပြူနေကြတဲ့ G-Mail အကောင့်တွေနဲ့ ပါတ်သတ်ပြီး လွယ်လွယ်ကူကူ Recovery ပြန်လုပ်လို့ ရမယ့် နည်းလမ်းလေးမို့ ရေးပေးချင်တာပါ .. ဘာပဲ ပြောပြော ဒီနည်းလမ်းလေးကို သိထားပြီ ဆိုတာနဲ့  G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password မေ့သွားလို့ပဲ ဖြစ်ဖြစ် ကျွန်တော် အခုပြောတဲ့ နည်းလမ်းလေးအတိုင်း အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. ဒါလေးတွေက ခက်ခက်ခဲခဲ နည်းလမ်း တစ်ခုတော့မဟုတ်ပါဘူး .. ပုံမှန် Password Recovery လုပ်တဲ့ နည်းလမ်းလေးပါပဲ .. ဒါပေမယ့် အများစုက မသိကြတော့ ခက်ခက်ခဲခဲတွေ လျောက်တွေး ကုန်ကြတာပါ .. ကျွန်တော် အခုပြောပြမဲ့ Recovery နည်းလမ်းလေးတွေကိုတော့ အားလုံးကို သိထားစေချင်ပါတယ် .. ဒါမှလည်း မိမိတို့ G-Mail အကောင့် Password ပျောက်သွားလို့ပဲ ဖြစ်ဖြစ် Password အချိန်းခံလိုက်ရရင်ပဲ ဖြစ်ဖြစ် အလွယ်တကူ Recovery ပြန်လုပ်လို့ ရမှာဖြစ်ပါတယ် .. 

WiFi Hack Ultimate AIO (2011)



ကျွန်တော်အခု အားလုံးပြောပြောနေကြတဲ့ WiFi Hack တဲ့ Software လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကျွန်တော့်ကိုလည်း တောင်းထားတဲ့ အစ်ကိုတွေကတော့ များနေပါပြီ။ ကျွန်တော်လည်း အဆင်ပြေမယ့်ကောင်လေးတွေ လိုက်ရှာနေရတော့ အချိန်နည်းနည်းတော့ ကြာသွားပါတယ်။ Windows 2000/XP/Vista / Windows 7 စတဲ့ OS တွေကို Support လုပ်ပေးပါတယ်။ 2011 အတွက် updated လေးဖြစ်ပါတယ်။ အထဲမှာ သူ့အတွက် လိုအပ်တဲ့ Support လုပ်ပေးတဲ့ ကောင်လေးတွေကိုပါ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်။ အသုံးပြုနည်းကိုတော့ ကျွန်တော်ရေးမပေးတော့ပါဘူး။ အထဲမှာ မိမိတို့ ပြုလုပ်လိုတဲ့ အပိုင်းကို PDF ဖိုင်လေးတွေနဲ့ ရှင်းပြပေးထား ပါတယ်။ ချင့်ချိန်ပြီးသုံးပေါ့ဗျာ။ ကျွန်တော်လည်း အများကြီးတော့မပြောတက်လို့ပါ။ လင့်ခ်လေးတွေ မသေခင်လေး ယူထားပေးပါဗျာ။ဖိုင်တွေလည်း အကုန်စုံပါတယ်။ ကျွန်တော်သေသေချာချာစစ်ပြီး တင်ပေးထားပါတယ်။ လင့်ခ်လေးတွေသေသွားခဲ့ရင် Comment လေးထားခဲ့ပေးပါ။ ကျွန်တော်ပြန်တင်ပေးပါ့မယ်။

Uniblue PowerSuite 2012 + Keys

   
Uniblue PowerSuite 2012  လေးထပ်ထွက်လာလို့ တင်ပေးလိုက်ပါတယ် .. Uniblue ကထွက်တဲ့ Registry Booster , SpeedUpMyPc တို့ကိုတော့ တော်တော်များများ အသုံးပြုဖူး ကြလိမ့်မယ်လို့ ထင်ပါတယ် .. အခုကျွန်တော် တင်ပေးလိုက်တဲ့ PowerSuite လေးကတော့ Uniblue ကထွက်လာတဲ့ Registry Booster , SpeedUpMyPc , DriverScanner သုံးမျိုးလုံးကို ဒီကောင်လေးကို Install လုပ်လိုက်ယုံနဲ့ အလွယ်တကူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ အသုံးပြုလို့ ရအောင် Serial Key လေးပါ ထည့်ပေးထားပါတယ် .. Key ထည့်ရတာတော့ လွယ်ပါတယ် .. အောက်မှာ ပုံလေးနဲ့လည်း ပြပေးထားပါတယ် .

TeraCopy 2.27 Final


ကျွန်တော် အခုတင်ပေးတဲ့ ကောင်လေးကတော့  ကျွန်တော်တို့ File တွေကို Transfer လုပ်တဲ့ အခါမှာ ဖိုင်တစ်ခုကို Partation တစ်ခုကနေ နောက် Partation တစ်ခုကို  Copy ကူးတဲ့ အခါမှာပဲ ဖြစ်ဖြစ် လျင်လျင်မြန်မြန် နဲ့ File Transfer လုပ်ပေးနိုင်မှာ ဖြစ်သလို မိမိတို့ ကူးထည့်ချင်တဲ့ Hard Drive ကိုပဲဖြစ်ဖြစ် Folder ကိုပဲ ဖြစ်ဖြစ် အလွယ်တကူနဲ့ Transfer လုပ်ပေးနိုင်မှာ ဖြစ်ပါတယ် .. အသုံးပြုဖူးတဲ့ သူတွေတော့ သိမှာပါ .. လိုအပ်လို့ အသုံးပြုချင်တဲ့ သူတွေရော စမ်းအသုံးပြုချင်တဲ့ သူတွေရော အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ ..

ESET NOD32 LiveCD 4.0.63.0



ကျွန်တော် အရင်တုန်းကတော့ Kapersky Rescue Disk CD ခွေတွေ တင်ပေးဖူးပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ ESET NOD32 LiveCD လေးပါ ။ NOD 32 ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်တော့ ဆောင်ထားသင့်တဲ့ Live CD လေးပါပဲ ။ ဒီကောင်လေးကို ESET Smart Security Business Edition ကို Live CD အဖြစ်ပြန်ထုတ်ထားတာ ဖြစ်ပါတယ် .. ကျွန်တော်တို့ အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ Windows အတွင်းကို Virus ၀င်ရောက်တဲ့အခါ ပုံမှန် အနေအထား ထက်ပိုပြီး ဆိုးရွားတဲ့ အခြေအနေကြောင့် Operating System တောင် အသုံးပြုပြီး ၀င်ရောက်လို့  မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ အခုလို Live CD ကိုအသုံးပြုပြီး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ် .. ဖိုင်ဆိုဒ်က 196.46 Mb လောက်ပဲ ရှိတာဖြစ်တဲ့ အတွက် ဆောင်ထားသင့်တဲ့ ကောင်လေးပဲ ဖြစ်ပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Tuesday, November 29, 2011

Adobe Photoshop CS6 13.0 Pre Relse + Keys



ကျွန်တော် အခု Adobe.Photoshop.CS6.v13.0 လေးတင်ပေးလိုက်ပါတယ် .. Adobe.Photoshop ကိုတော့ အများစု အသုံးပြုကြပါတယ် .. ဒါပေမယ့် အများစုက Tutorial တွေမှာ ရှင်းပြထားတဲ့ CS 3 , CS 4 တွေကိုသာ အသုံးများပါတယ် .. အခုတင်ပေးလိုက်တာကတော့ Adobe.Photoshop.CS6 ကိုစမ်းပြီး အသုံးပြုချင်သူတွေ အတွက် အဆင်ပြေအောင် ပြန်ရှယ်ပေးလိုက်တာပါ .. ဒါပေမယ့် ဒီကောင်လေးကိုတော့ ကျွန်တော် Mediafire တို့ Ifil.it တို့ကနေ ပြန်မတင်ပေးနိုင်တော့ပါဘူး .. ဘာလို့လည်းဆိုတော့ ကျွန်တော့်အနေနဲ့ ဖိုင်ဆိုဒ်များတဲ့ အတွက် လက်ရှိ ကော်နက်ရှင်အနေအထားနဲ့ ဆိုရင် ပြန်တင်ပေးဖို့ အခက်အခဲ ရှိနေလို့ပါ .. ဒါပေမယ့် လိုအပ်တဲ့သူတွေ အဆင်ပြေအောင် ကျွန်တော် Torrent ကနေ ရှာပြီးတင်ပေးလိုက်ပါတယ် .. U-torrent Downloader ကို ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ ဒီလင့်လေး မှာရေးပေးထားပါတယ် .. ဒီကောင်လေးကို Full Version လေးနဲ့ အသုံးပြုလို့ ရအောင် Active Key တွေကိုပါ ထည့်ပေးထားပါတယ် .. Key ပဲသက်သက်လိုချင်တဲ့ သူတွေအတွက်လည်း သက်သက်တင်ပေးထားပါတယ် .. 

Wi-Fi Signal လေးကိုမြှင့်ပြီး အသုံးပြုချင်သူများ အတွက်


ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကို http://www.hackinguniversity.in/  မှာရေးပေးထားတာတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် .. 

Monday, November 28, 2011

OXFORD Picture Dictionary: Vocabulary reinforcement activity book with 2 audio CDs

ကျွန်တော်အခု OXFORD Picture Dictionary လေးကို Audio ဖိုင်လေးတွေနဲ့ပါ တွဲပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်စာကို အနိမ့်ဆုံးအဆင့်ကနေ စပြီးလေ့လာလို့ရပါတယ်။ အင်္ဂလိပ်စာလေ့လာလို သူများအတွက်လည်း အသုံးဝင်သလို မိမိတို့ ကလေးတွေအတွက်လည်း အသုံးဝင်ပါတယ်။ Audio ဖိုင်လေးမှာ အသံထွက်တွေကို ဖြည်းဖြည်းခြင်းပဲပြောပေးထားတဲ့ အတွက် နားလည် လွယ်ပါတယ်။ အခုလို Audio CD လေးတွေနဲ့ တွဲပြီးရတာ တန်ဖိုးရှိပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်။ 174.8 MB ရှိပါတယ်။ ကျွန်တော်နောက်ကိုလည်း ဒါမျိုးလေးတွေ တင်တင်ပေးသွား ပါ့မယ်။ အခုတော့ အောက်မှာ ယူသွားလိုက်ပါဗျာ။

Mens Fitness: 101 Best Exercises Ebook Tutorial

အခုကျွန်တော်တို့ ယောကျာင်္းလေးများအတွက် Exercises လေးတွေပါတဲ့ E-Book လေးတစ်အုပ်တင်ပေး လိုက်ပါတယ်။ အထဲမှာ ကျွန်တော်တို့ လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်း တွေကို ပုံလေးတွေနဲ့ တစ်ခါတည်း သေသေ ချာချာရှင်းပြပေးထားပါတယ်။ အားလုံးအတွက်လည်း အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကတော့ 31.28 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။..

Manufacturing Processes, 2nd Edition


အစ်ကိုတစ်ယောက်ကလည်း စက်မှု အင်ဂျင်နီယာနဲ့ ဆိုင်တဲ့ စာအုပ်လေးတွေတင်ပေးပါ ဆိုတာနဲ့ ကျွန်တော်လည်း ရှာပေးရင်း တခြားလိုအပ်တဲ့သူတွေလည်း ယူလို့ရအောင်တင်ပေးလိုက်တာပါ။ ကျွန်တော် အသုံးဝင်မယ်ထင်တဲ့ စာအုပ်လေးတွေကိုလည်း ကျွန်တော်တင်တင်ပေးခဲ့ပါတယ်။ နောက်ကိုလည်း ကျွန်တော်ဆက်ပြီးတင်ပေးသွားပါ့မယ်။ အခုစာအုပ်လေးရဲ့ ဆိုဒ်ကတော့ 1.5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Security Task Manager 1.8d Multilanguage


ကျွန်တော်တို့  အင်တာနက်ဆိုင်တွေမှာ သုံးတဲ့အခါမှာ တစ်ချို့ဆိုင်တွေက ဘာမှလုပ်မထားသလို တစ်ချို့ဆိုင်တွေ ကြပြန်တော့လည်း keylogger , Cyber Alert စတဲ့ ကောင်လေးတွေသုံးထား တက်ကြပါတယ်။ ကျွန်တော်တို့ဒီကောင်လေးကို အနည်းဆုံး ဆိုင်မှာသွားသုံးတဲ့ အချိန်မှာ Memory Stick လေးထဲကိုပဲ ဖြစ်ဖြစ်ထည့်သွားသင့်ပါတယ်။ Run တော့ Run ပေးရတာပေါ့ဗျာ။ ဒါပေမယ့် လွယ်လွယ်လေးပါပဲ။ ဆိုင်တွေမှာတင်မကပါဘူး။ ကိုယ်ပိုင်စက်နဲ့သုံးနေတဲ့သူများအတွက်လည်း အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စက်တွေထဲမှာ Window Task Manager နဲ့ ပိတ်လို့မရတဲ့ Service လေးတွေရှိပါတယ်။ တစ်ခါတစ်ရံမှာ မိမိတို့ အမှတ်တမဲ့ ဖြစ်နေတဲ့ ကောင်လေးတွေက spyware, malware တွေနဲ့ Trojan တွေဖြစ်နေတက်ပါတယ်။ ဆိုင်မှာသုံးမယ့်အချိန်မှာလည်း မိမိတို့ အသုံးမလိုတဲ့ ကောင်လေးတွေ ဒါမှမဟုတ် မင်္သကာတာနဲ့ ပိတ်ပစ်လိုက်ပါ။ အနီရောင်ဘက်ကို များလေလေ အန္တရာယ်ရှိလေပဲဖြစ်ပါတယ်။ လူတိုင်းဆောင်ထားသင့် တဲ့ Tool လေးတစ်ခုပါ။ ဖိုင်ဆိုဒ်ကတော့ 3.3 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။.

Sunday, November 27, 2011

Winstep Xtreme v11.10

ကျွန်တော်အခု Desktop အလှဆင်လိုသူများအတွက် Winstep Xtreme ဆိုတဲ့ Software လေးတစ်ခု တင်ပေးလိုက်ပါတယ်။ အရင်တစ်ခါကလဲ ဒါမျိုးလေးပါပဲ။ မိမိတို့ နှစ်သက်တဲ့ Themes လေးတွေကို ပြောင်းသုံးပေးနိုင်ပါတယ်။ နောက်ထပ်ကိုလည်း Internet ကနေပြီး Download ချပြီး သုံးလို့ရပါတယ်။ Features လေးတွေလည်း တော်တော်များများ ပါဝင်ပါတယ်။ ကျွန်တော် တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ထပ်ထပ်ထွက်လာတဲ့ Update လေးဖြစ်ပါတယ်။ နောက်ပိုင်းမှာလဲ ကျွန်တော် Update ဖြစ်တာနဲ့ တင်တင်ပေးသွားပါ့မယ်။ အခု ဖိုင်ဆိုဒ်ကတော့ 35.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Smart PC Solutions Smart Driver Updater 3.0.0.0

ကျွန်တော်တို့ စက်တွေမှာ လိုအပ်တဲ့ Drivers လေးတွေကို ဒီကောင်လေးကနေ Download ယူပေးနိုင်သလို Date Out နေတဲ့ Drivers လေးတွေကိုလည်း Update လုပ်ပေးနိုင်ပါတယ်။ အများစု Laptop သမားတွေမှာ အများဆုံးလိုပါတယ်။ တစ်ခုလောက်တော့ ရှိထားသင့်ပါတယ်။ သူ့ရဲ့ Registry ဖိုင်လေးကို Double-click ပေးလိုက်ရင် Full Version ဖြစ်ပါပြီ။  ဖိုင်ဆိုဒ်ကတော့ 4.21 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Registry Repair Wizard 2011 Build v6.63

ကျွန်တော်တို့ Registry Repair ရဲ့ နောက်ထပ်ထပ်ထွက်လာတဲ့ Update လေးဖြစ်ပါတယ်။ ကျွန်တော်တို့ စက်ထဲမှာ အနည်းဆုံး ဒီလို System tool လေးတစ်ခုလောက်တော့ ရှိသင့်ပါတယ်။ စက်တွေမှာ အများဆုံးဖြစ်တက်တာကတော့ Registry Errors လေးတွေပဲဖြစ်ပါတယ်။ ဒါလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကတော့ ဒီလိုကောင်လေးတွေ ရှိထား သင့်ပါတယ်။ သူ့ရဲ့ ဖိုင်ဆိုဒ်ကတော့ 3.8 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

AnyBizSoft PDF Converter 2.5.0.11


ကျွန်တော်အခု တောင်းထားတဲ့ အစ်ကိုတစ်ယောက်လဲရှိတာနဲ့ ကျန်တဲ့ သူတွေလဲ ယူလို့ရအောင် ဆိုဒ်မှာပဲ တင်ပေးလိုက်ပါတယ်။ Word, Excel,Powerpoint, Epub,Html နဲ့ Text ဆိုပြီးမျိုးကို Convert လုပ်ပေး နိုင်ပါတယ်။ သူ့အတွက် Serial key နဲ့ လိပ်စာလေးပါ ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 7.3 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Ultra Video Splitter


ကျွန်တော်အခု အစ်ကိုတစ်ယောက် တောင်းထားတာလေးလဲ ရှိတာနဲ့ရှာပေးရင်း ကျန်တဲ့သူတွေလည်း သုံးလို့ရအောင်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အမြန်ဆုံးအသုံးပြုနိုင်ပါတယ်။ Videos တွေကို ဖြတ်၊ ဆက်မယ့် နေရာမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးသုံးနိုင်ပါတယ်။ သူ့အတွက် License Key လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.12 MB ပဲရှိပါတယ်။ ယူသွားလိုက်ပါဗျာ..

Saturday, November 26, 2011

English for Primary Teachers: A handbook of activities and classroom language (with Audio CD )

ကျွန်တော်လည်း အစ်ကိုတစ်ယောက်က အခုလို English E-Books လေးတွေတင်ရင်  Audio ဖိုင်လေးတွေနဲ့ ပါတွဲတင်ပေးပါဆိုတာနဲ့ ကျွန်တော်လည်း ရလာတာနဲ့ တင်ပေးလိုက်ပါတယ်။ ဆရာတွေအတွက်တင်မဟုတ် ပါဘူး ။ ကျန်တဲ့သူတွေလည်း လေ့လာနိုင်ပါတယ်။ Audio Lessons လေးတွေနဲ့ ပါတွဲပြီး နားထောင်လို့ရပါတယ်။ စာသင်ခန်းထဲက ဒီဇိုင်းအတိုင်းပါပဲ။ တော်တော်လေးကို တန်ဖိုးရှိပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများသွားပါတယ်။ 115.32 MB ရှိပါတယ်။ Audio Lessons လေးတွေပါပါဝင်နေတဲ့ အတွက်ကြောင့်ပါ။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Internet Download Manager 6.08 Build 1 Beta

ကျွန်တော်အခု Internet Download Manager ရဲ့ နောက်ဆုံး Update လေးဖြစ်တဲ့ Build 1  Beta Version လေးတင်ပေးလိုက်ပါတယ်။ IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။ Firefox 9 အထိ Support လုပ်ပေးပါတယ်။

Hide Folders 2009 v3.9 Build 3.9.1.677

ကျွန်တော်တို့ ဒီကောင်လေးကတော့ ဖိုင်တွေကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ဖွက်ပေးနိုင်တဲ့ ကောင်လေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဖွက် ချင်တဲ့ဖိုင်တွေ ကို  ကျွန်တော်တို့ဒီ software  လေးကိုသုံးပြီး  function လေး  မျိုးပြုလုပ်   လို့ရပါတယ်။ Hide, Lock, Hide & Lock, Read Only ဆိုပြီး ၄မျိုးအသုံးပြုလို့ရပါတယ်။ Add ကနေပြီး ကိုယ်လိုချင်တဲ့ Folder လေးကိုရွေးမယ် ပြီးရင် အမျိုးအစားသတ်မှတ်မယ်။ပြီးရင်တော့ Enable လုပ်ပေးလိုက်ရုံပါပဲ။ ဖိုင်ဆိုဒ်ကတော့ 1.8 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

UnCleaner v1.1 - The Unnecessary Files Cleaner Solution

ကျွန်တော်အခု UnCleaner ဆိုတဲ့ System Tools လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ Files တွေနဲ့ Folders လေးတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးရှင်းလင်း ပေးနိုင်ပါတယ်။။ ဝင်းဒိုးအတက်မှာလည်း system resources ကိုအနည်းဆုံးအသုံး ပြုပြီး ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။ အောက်မှာလည်း သူရှင်းလင်းပေးတဲ့ ဖိုင်တွေကို အသေးစိတ်ထပ်ထည့် ပေးထားပါတယ်။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 1 MB ပဲရှိပါတယ်။

Sunset River Screensaver (+ Animated Wallpaper)


ကျွန်တော်အရင်က တင်ပေးခဲ့သလိုပါပဲ၊ ဒီကောင်လေးကတော့ Sunset River Screensaver လေးပါ။ သူနဲ့ အတွက် Animated Wallpaper Pack လေးပါတင်ပေးထားပါတယ်။ 3D Animation Background လေးပါပဲ။ အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကတော့ 27.53 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Friday, November 25, 2011

Internet Tracks Washer v12.0

ကျွန်တော်အခု Internet Tracks Washer လေးတစ်ခုတင်ပေးလိုက်ပါတယ်။ Window System , Internet Browsers , Window Registrys နဲ့ Disk Drivers တွေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ရှင်းလင်းပေးနိုင်ပါတယ်။ နောက်ထပ်သူ့မှာ System Tweak, Secure Deletion နဲ့ Shortcuts Fixer ဆိုတဲ့  Optimization Tools  လေးသုံးမျိုးထပ်ပြီးတော့ ပါဝင်လာပါတယ်။ သူ့အတွက် Crack ဖိုင်လေး ပါထည့်ပေးထားပါတယ်။ Crack ဖိုင်လေးကို Install လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေး လိုက်ရင် Full Version ဖြစ်ပါပြီ။ ဖိုင်ဆိုဒ်ကတော့ 2.42 MB ပဲရှိပါတယ်။

Surgical Atlas of Orbital Diseases


ကျွန်တော်အခု ဆရာဝန်များအတွက် ဒါမှမဟုတ်လေ့လာလိုသူများအတွက် လည်း အဆင်ပြေပါတယ်။ မျက်လုံးအကြောင်းကို အသေးစိတ်ထည့်သွင်းပေးထားပါတယ်။ ကျွန်တော်ကတော့ ဆောင်ထားပါတယ်။ လိုချင်တဲ့သူများလဲ အောက်မှာ ယူသွားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 20.97 MB ရှိပါတယ်။

English to the Max: 1,200 Questions


ကျွန်တော်တို့အခု English skill ကိုမြှင့်တင်ပေးနိုင်ဖို့အတွက် မေးခွန်းပေါင်း 1200 ကျော်နဲ့ ရေးထားတဲ့ ဒီ E-Book လေးတစ်အုပ်တင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ reading, writing နဲ့ sentence completion Skills လေးတွေကို တိုးတက်လာအောင် ဒီစာအုပ်လေးက အထောက်အကူပြုပေးပါ လိမ့်မယ်။ အထဲမှာ မေးခွန်းတွေနဲ့အတူ အဖြေလေးတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ အင်္ဂလိပ်စာဆိုတာကတော့ ဘယ်နေရာမှာမဆို အသုံးဝင်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကတော့ 3.16 MB ရှိပါတယ်.။

Calculator Version 2.50

ကျွန်တော်အခု အားလုံးအတွက် အသုံးဝင်နိုင်မယ့် Calculator Version လေးတစ်ခုတင်ပေးလိုက်ပါတယ်။ Portable လေးပါ။ သုံးရတာလဲပေါ့ပါးပြီး အဆင်ပြေပါတယ်။ အရှေ့မှာတုန်းကလဲ ကျွန်တော် Calculator Program လေးတွေစုစည်းထားတာကို ဒီလင့်ခ်လေးမှာ တင်ပေးခဲ့ပြီးပါပြီ။ စုထားတာဆိုတော့ အမျိုးအစားအလိုက် တော်တော်များများကိုပါပါတယ်။ အခုကောင်လေးဖိုင်ဆိုဒ်ကတော့ 1.15 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Handbook of Statistical Systems Biology

ကျွန်တော် ကတော့ စာအုပ်လေးတွေ စုရတာကို ဝါသနာပါတယ်ဗျ။ ကျွန်တော်အသုံးမ လိုဘူးဆို   ပေမယ့်  ကျောင်းသူကျောင်းသား နဲ့ တခြားပေါ့ဗျာ အသုံးလိုမယ့်သူရှိရင် ကျွန်တော်တို့ လက်ဆောင်အဖြစ်ပဲဖြစ်ဖြစ် ပေးလို့ရပါတယ်။ Statistical Systems Biology ဆိုတဲ့ E-Book လေးပါ။ စာအုပ်လေးရဲ့ ဆိုဒ်ကတော့ 11.7 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Genuine Activators For Window Xp, Vista, 7 (x86/x64)


ကျွန်တော်အခု operating system genuine ဖြစ်တဲ့သူများအတွက် Update ထွက်လာတဲ့ Activators လေး တစ်ခုတင်ပေးလိုက်ပါတယ်။ အရင်ကလည်းတင်ပေးခဲ့တာတွေရှိပါတယ်။ ကျွန်တော်နောက်ကိုလည်း Update ထွက်လာတိုင်း တင်တင်ပေးသွားပါ့မယ်။ ဖိုင်ဆိုဒ်ကတော့ 7.42 MB ပါ။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Thursday, November 24, 2011

Ashampoo Burning Studio 11.0.2.9 Final Multilanguage


ကျွန်တော်အခု အခွေ Burn တဲ့နေရာမှာ အဆင်မပြေသူများအတွက် ဒီ Ashampoo Burning Studio လေးကို တင်ပေးလိုက်ပါတယ်။ CD-RW, DVD-RW, DVD RW နဲ့ Blu-ray discs တွေကို Burn ပေးနိုင်ပါတယ်။ နောက်ထပ် cover နဲ့ label design တွေကိုပါတစ်ခါတည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အသုံးပြုနေတဲ့သူများကတော့ ဒီကောင်လေးရဲ့ Features လေးတွေကိုပိုပြီး သိမှာပါ။ ပေးထားတဲ့ .Dll ဖိုင်လေးကို Install လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေးလိုက်ရင် Full Version လေးဖြစ်ပါပြီ။ ဖိုင်ဆိုဒ်ကတော့ 174.51 MB ရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Free 3D Photo Maker 2.0.13


ကျွန်တော်တို့ ဓါတ်ပုံတွေကို အလွယ်ဆုံး 3D ပုံပြုလုပ်ဖို့အတွက် Free 3D Photo Maker လေးတစ်ခုတင်ပေး လိုက်ပါတယ်။  ဖိုင်ဆိုဒ်ကလည်း 20 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

n-Track Studio 6.1.2 Build 2853 (x86/x64) Final


ကျွန်တော်အခု recording လုပ်ချင်သူများအတွက် အသုံးဝင်ပြီး အဆင်ပြေမယ့် ကောင်လေးတစ်ခု တင်ပေး လိုက်ပါတယ်။ ဖိုင်ဆိုဒ်ကလဲဘယ်လောက်မှမရှိပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်းအဆင်ပြေပါတယ်။ သူ့ရဲ့ Keygen လေးကို Install လုပ်ထားတဲ့ Folder လေးထဲကို ကူးထည့်ပေးပြီး Patch အရင်ဆုံးဖြေပေးပါ။ ပြီးရင် Offline Register လေးလုပ်ပေးလိုက်ရင် Full Version  လေးဖြစ်ပါပြီ။ ပါဝင်တဲ့ Features လေးကိုတော့ အောက်မှာ ဒီအတိုင်းထည့်ပေးထားပါတယ်။ ကျွန်တော် 32 နဲ့ 64 အတွက်ဆိုပြီး နှစ်နေရာခွဲတင်ပေးထားပါတယ်။ ယူသွားလိုက်ပါဗျာ...

Tuesday, November 22, 2011

Autumn Forest 3D ScreenSaver & Autumn Forest 3D Wallpaper Animated v1.0

ကျွန်တော်အခု နောက်ထပ် 3D Screensaver လေးတစ်ခုတင်ပေးလိုက်ပါတယ်။ တော်တော်လေးကို လှပါတယ်။ သူ့အတွက် Patch ဖိုင်လေးကိုပါတင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 27.36 MB ရှိပါတယ်။ ကျွန်တော် နောက်ထပ်ထွက်လာရင်လည်း တင်တင်ပေးသွားပါ့မယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Banner Designer Pro 5.1.0.0 incl Crack


ကျွန်တော်အခု ကျွန်တော်အစ်ကိုတစ်ယောက် Keygen နဲ့လည်း အဆင်မပြေဖြစ်နေတာနဲ့ ရှာပေးရင်း လိုအပ် တဲ့သူများလဲ သုံးလို့ရအောင် တင်ပေးလိုက်တာပါ။ သူ့ရဲ့ Crack ဖိုင်လေးကို Install လုပ်ထားတဲ့ ဖိုလ်ဒါလေးထဲကို ကူးထည့်ပေးပြီး Crack ဖြည်ပေးလိုက်ရင်ရပါပြီ။ အောက်မှာလည်းပုံလေးနဲ့ပြပေးထား ပါတယ်။ Full Version သုံးလို့ရပါတယ်။ ဖိုင်ဆိုဒ်ကတော့ 36.12 MB ရှိပါတယ်။ ကျွန်တော် Mediafire လည်း ပါအောင် အားလုံးလဲအဆင်ပြေအောင် Mirrorcreator ကနေပြီး တင်ပေးလိုက်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။။

The Java Tutorial: A Short Course on the Basics (4th Edition) (Book + CD)



Java programming language ကိုလေ့လာနေသူများအတွက် hands-on guide လို့ပြောလို့ ရတဲ့ E-Book နဲ့ အတူ CD လေးကိုပါ ISO ဖိုင်နဲ့ ထည့်ပေးထားပါတယ်။ CD-ROM လေးမှာ latest Java SE software (the JRE, JDK, Java API spec, နဲ့  the guide documentation) ဆိုပြီးထည့်ပေး ထားပါတယ်။ Questions တွေ အဖြေတွေနဲ့ Exercises တွေပါတစ်ခါတည်း ထည့်ပေးထားပါတယ်။  ဖိုင်ဆိုဒ်ကတော့ 251 MB ရှိပါတယ်။ နှစ်ပိုင်းခွဲတင်ပေးထားပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ် .. ။


ဒီတစ်ရက် နှစ်ရက် မေးထားတာလေးတွေကို မဖြေဖြစ်သေးပါဘူး .. နောက်ရက်တွေတော့် ကျွန်တော် အားပါပြီ .. ဆိုဒ်ဖက်ကို သေချာ ပြန်ပြီး အာရုံစိုက်နိုင်ပါပြီ .. အမှန်တော့ ဒီနေ့ စာရေးမယ်လို့ စဉ်းစားထားတာပါပဲ .. ဒါပေမယ့် ကျွန်တော်တို့ စိမ်းလန်းမြေ ( ပရဟိတ ) အဖွဲ့ရဲ့  Website ကို နည်းနည်း ပြန်ပြီးတော့ ပြင်ချင်တာလေးတွေ ရှိတာနဲ့ပဲ အရင်တင်ပြီးသား ဆိုဒ် ကိုပြန်ဖျက် ပြီးတော့ အသစ်ပြန်တင် ဒီကြားထဲ Connection ကမကောင်းတော့ နှစ်ခါသုံးခါလောက် ပြန်တင်နေရတာနဲ့ပဲ အချိန်တော်တော်လေး ကြာသွားပါတယ် .. အခုတော့ အားလုံးနီးပါး လိုချင်တဲ့ ပုံစံ ရသွားပြီမို့ နောက်ရက်တွေတော့ ဆိုဒ်ဘက်ကို ကျွန်တော် ပြန်လှည့်နိုင်ပါပြီ ..  ကျွန်တော့် ဆိုဒ်လေးကို လာလည်ကြတဲ့ ညီအကို မောင်နှမများကိုလည်း ကျွန်တော်တို့ အဖွဲ့လေးကိုလည်း ဖိတ်ခေါ်ချင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ ..  တစ်ယောက် အားနဲ့ မရသော် အများအားဖြင့်ကူ ဆိုတဲ့ အတိုင်းပဲ တပ်အားသရွေ့ လက်တွဲပါဝင် ပေးဖို့ကိုလည်း စိမ်းလန်းမြေ ( ပရဟိတ ) အဖွဲ့ နဲ့အတူ အားလုံးကို ဖိတ်ခေါ်ပါရစေခင်ဗျာ ...

စိတ်ပါဝင်စားတဲ့ ညီအကို မောင်နှမများကတော့  ဒီအောက်ကလင့်လေးကနေ တစ်ဆင့် စိမ်းလန်းမြေ ( ပရဟိတWebsite သို့ သွားရောက်နိုင်ပါတယ်ခင်ဗျာ ..


အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..


Basic English Grammar Structure and Vocabulary


ကျွန်တော်အခု နောက်ထပ် Basic English Grammar Structure and Vocabulary ဆိုတဲ့ စာအုပ်လေးတစ် အုပ်ထပ်တင်ပေးလိုက်ပါတယ်။ အင်္ဂလိပ်စာလေ့လာနေ သူများအတွက် အဆင်ပြေပါတယ်။ ကျွန်တော်တို့ အသုံးမလိုရင်တောင် အသုံးလိုတဲ့သူတွေကိုလက်ဆောင်ပေး လို့ရတာပေါ့ ဗျာ။ အင်္ဂလိပ်စာဆိုတာကတော့ အကုန်လုံးအတွက် အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကတော့ 1.93 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

PC Today 2011 Full Year Collection


ကျွန်တော်အခု ကွန်ပျူတာဝါသနာရှင်များ အတွက် PC Magazine လေးတွေ တစ်နှစ်စာစုစည်းထားတာလေး ကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အထဲမှာ  latest computing news လေးတွေ  current Windows Updates, hardware previews, တွေနဲ့ software reviews လေးတွေပါဝင်ပါတယ်။ အထဲမှာ PDF ဖိုင်လေးတွေနဲ့ တစ်နှစ်စာ 12 စောင်ပါပါတယ်။ ဖိုင်ဆိုဒ်ကတော့ 201.4 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Salfeld Child Control 2011 v11.274.0.0


ကျွန်တော် ဒီကောင်လေးကို တင်ပေးမယ်တင်ပေးမယ်နဲ့ ချိန်နေတာတော့ကြာပါပြီ။ အခုမှပဲတင်ပေးဖြစ်သွား တာပါ။ ဒီကောင်လေးကတော့ Internet Remote Control ပုံစံလေးပါပဲ။ မိမိတို့ကလေးတွေ မကြည့်သင့်တဲ့ Video တွေမကြည့်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်သလို၊ programs တွေကို sharing လုပ်ခြင်း  sites တွေကို ဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာ ဘလော့ထားမယ်ပေါ့ဗျာ။ မိမိတို့မရှိပေမယ့်လည်း နာရီနဲ့ပေးထားနိုင်တဲ့ အတွက် ကလေးတွေဘယ်လိုမှ ဖွင့်လို့ရမှာမဟုတ်ပါဘူး။ Software ကိုလည်း မိမိတို့ပတ်စ်ဝက်ပေးပြီးတင်ရတာ ဖြစ်တဲ့ အတွက် ဒီနည်းကို ကလေးတွေသိသွားရင်တောင် ဆော့ဖ်ဝဲလ်ကိုပြန်ဖြုတ်လို့မရပါဘူး။ ကျန်တဲ့ Features လေးတွေ တော်တော်များများ လည်းထပ်ပြီးပါဝင်ပါသေးတယ်။ ကျွန်တော်အထဲမှာလည်း ထည့် ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 19.14 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။။

Handbook of Small Electric Motors


ကျွန်တော်အခု Handbook of Small Electric Motors ဆိုတဲ့ E-Book လေးတစ်အုပ်တင်ပေးလိုက်ပါတယ်။ ဒါလေးလဲ အသုံးဝင်မယ်လို့ထင်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း 10 MB ပဲရှိပါတယ်။ ဆောင်ထားလိုက်ပါဗျာ။ သူ့အတွက် ခေါင်းစဉ်လေးတွေနဲ့အတူ အမျိုးအစားအလိုက် ပါဝင်ပါတယ်။

Monday, November 21, 2011

Disk Doctors Photo Recovery v2.0.0.26


ကျွန်တော်အခု Photo Recovery လုပ်လိုသူများအတွက် ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာအဆင်ပြေတဲ့ Systemtool လေးတစ်ခုတင်ပေးလိုက် ပါတယ်။ Keygen ဖြည်တဲ့အချိန်မှာတော့ ကျွန်တော် အောက်မှာ ပုံလေးနဲ့ ပြပေးထားတဲ့ အတိုင်း Machine Name လေးကိုထည့်ပြီး Keygen ထဲမှာ Generate လုပ်ပေးဖို့တော့ လိုပါတယ်။ ဒါမှမိမိတို့ ထည့်တဲ့ Key မှန်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 16.28 MB ပဲရှိပါတယ်။

Sunday, November 20, 2011

The Web Application Hacker's Handbook

ဒီတစ်ခါကျွန်တော် The Web Application Hacker's Handbook ဆိုတဲ့ E-Book လေးတစ်အုပ်တင်ပေး လိုက်ပါတယ်။ ဘာစာအုပ်လဲတော့ ကျွန်တော်မပြောပြတော့ပါဘူး။ လိုချင်တဲ့သူများ အောက်မှာသာ ယူသွား လိုက်ပါဗျာ..ဖိုင်ဆိုဒ်ကတော့ 13 MB ကျော်ကျော်ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။။

Shiny Day Screensaver

ကျွန်တော်အခု Shiny Day Screensaver လေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ့အတွက် နောက်ခံ Wallpaper လေးတွေပါဝင်တဲ့ Wallpaper Pack လေးတစ်ခုပါထပ်ထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 11.16 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..

Atomix Virtual DJ Pro 7 Cracked


ကျွန်တော်အခု Virtual DJ Pro  လေးတင်ပေးလိုက်ပါတယ်။ အစ်ကိုတစ်ယောက်တောင်းထား တာလေးလဲ ရှိတာနဲ့ လိုတဲ့ သူတွေလည်း တစ်ခါတည်းယူလို့ရအောင်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း စက်နဲ့ ကိုက် အောင်ရှာနေရလို့ နည်းနည်းကြာသွားတာပါ။ အသုံးပြုနည်းကိုတော့ ကျွန်တော်မရေးပေးတော့ပါဘူး။ စမ်းကြည့်လိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကတော့ 35.31 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။

Hard Drive နှစ်လုံးကို Clone ရိုက်ချင်သူများ အတွက်



ကျွန်တော့်ကို စီဘောက်မှာ အကိုတစ်ယောက် Hard Disk ကို Clone ရိုက်လို့ ရမယ့် Software နဲ့ နည်းလမ်းလေးကို ရေးပေးပါဆိုပြီး တောင်းဆို ထားတာ ရှိပါတယ် .. ကျွန်တော်လည်း မအားလို့ မတင်ပေး ဖြစ်သေးတာပါ .. အခုကျွန်တော် Acronis True Image Home  ကိုအသုံးပြုပြီး Hard Disk နှစ်လုံးကို ဘယ်လို Clone ရိုက်လို့ ရမလည်း ဆိုတာကို ရေးပေးသွား ပါမယ် .. အရင်ဆုံး Hard Disk နှစ်လုံးကို ဘာကြောင့် Clone ရိုက်ရလည်း ဆိုတာကို ကျွန်တော်နားလည် သလောက် ရှင်းပြပေးပါမယ် .. 

Human Physiology, 12th Edition


ကျွန်တော်အခု နောက်ထပ် အသုံးဝင်မယ့် Human Physiology ဆိုတဲ့ E-Book လေးတစ်အုပ် ထပ်တင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့အတွက် အသုံးမဝင်ဘူးဆိုပေမယ့်လည်း ဆရာဝန်တွေနဲ့ တခြားကျောင်းသူ ကျောင်းသားတွေအများ စုစာတမ်းအတွက်နဲ့ တခြားကိစ္စတွေအတွက်တော့ အသုံးဝင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသုံးဝင်မယ့်သူတွေအတွက်ကတော့ မျှဝေပေးလို့ရတာ ပေါ့ဗျာ။ ဖိုင်ဆိုဒ်ကတော့ 72.76 MB ရှိပါတယ်။ ဆောင်ထားလိုက်ပါဗျာ။

Basics Animation : Drawing for Animation



ကျွန်တော်တို့ Animation လေးတွေရဲ့ အခြေခံလေးတွေကို လေ့လာလိုသူများအတွက် ဒီ  Basics Animation ဆိုတဲ့ စာအုပ်လေးတင်ပေးလိုက်ပါတယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ အတိုင်းပေါ့ဗျာ။ ကျွန်တော်လည်း အခုတစ်လော တန်ဖိုးရှိတဲ့ စာအုပ်လေးတွေ ကိုရတာနဲ့ တင်တင်ပေးနေပါတယ်။ မြန်မာလို မဟုတ်တာလေးကလွဲရင် အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်ဆို ဒီလိုတန်ဖိုးရှိတဲ့ စာအုပ်လေးတွေ ရတာနဲ့ ဆိုဒ်မှာလည်းတင်ပေးရင်း ကျွန်တော်လည်းသိမ်းထားပါတယ်. နောက်ကိုလည်း လိုအပ်တဲ့အချိန်သုံးလို့ရတာပေါ့ဗျာ။ လိုအပ်တဲ့သူတွေ ရှိရင်လည်း မျှပေးလို့ရအောင်ပါ။ ဖိုင်ဆိုဒ်ကတော့ 18.86 MB ရှိပါတယ်။ ယူသွားလိုက်ပါဗျာ..

Dictionary of Economics



ဒီတစ်ခါ ကျွန်တော်တို့ Eco သမားများအတွက် အဆင်ပြေအောင် Dictionary လေးတစ်အုပ်တင်ပေးလိုက်ပါ ပြီ။ ကျွန်တော်လည်း အားလုံးအဆင်ပြေမယ့် စာအုပ်လေးတွေရတာနဲ့ တင်တင်   ပေးထားပါတယ်. နောက်ကိုလည်း ကျွန်တော် ထပ်ပြီးတင်ပေးသွားပါမယ်။ မြန်မာလိုတော့မဟုတ်ပေမယ့် အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်က 1 MB ပဲရှိပါတယ်။ ဆောင်ထားလိုက်ပါဗျာ..

PHP Master: Write Cutting Edge Code

ကျွန်တော်အခု PHP သမားများအတွက် အသုံးဝင်မယ့် စာအုပ်လေးတစ်အုပ်ထပ်တင်ပေးလိုက်ပါတယ်။ အသုံးဝင်ပါတယ်။ ဖိုရမ်သမားများတော့ သိကြမှာပါ။ သူ့အတွက် Lessons လေးတွေတော်တော် များများပါပါ တယ်။ ဖိုင်ဆိုဒ်ကတော့ 14.87 MB ပဲရှိပါတယ်။ ဆောင်ထားလိုက်ပါဗျာ။

မေးလ်ဝင်လာတာနဲ့ AutoReply Massage လေးပြန်ပို့ချင်တယ်ဆိုရင်



ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတာလေး ရှိလို့ ရေးပေးလိုက်ပါတယ် .. မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. ကျွန်တော်တို့ ဆီကို တစ်ယောက်ယောက် ကပို့လိုက်တဲ့ မေးလ်တစ်စောင်စောင် ၀င်လာတာနဲ့ မိမိတို့ဆီက  Auto Reply ပြန်လုပ် ပေးနိုင်တဲ့ နည်းလမ်းလေးပါ .. လုပ်နည်းလေးကတော့ လွယ်ပါတယ် .. ကျွန်တော် အောက်မှာ လိုက်လုပ်ရတာ အဆင်ပြေအောင် ပုံလေးတွေနဲ့ ဖော်ပြ ပေးထားပါတယ် ..  

HTML5: Your visual blueprint for designing rich Web pages and applications


ကျွန်တော်အခု HTML ရဲ့နောက်ဆုံး Update ထွက်လာတဲ့ E-book လေးတစ်အုပ် တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အထဲမှာ HTML Lessons လေးတွေ တော်တော်များများပါဝင်ပါတယ်။ ကျွန်တော်တို့ Web pages တွေကိုဖန်တီးနိုင်ရန်အတွက် နောက်ဆုံးထွက်လာတဲ့ standard markup language လေးတွေဖြစ် ပါတယ်။ ဖတ်ပြီးသုံးကြည့်လိုက်ပါဗျာ.. အဆင်ပြေပါတယ်။ စာအုပ်လေးရဲ့ဆိုဒ်က 18.69 MB ဖြစ်ပါတယ်။

Calculator Programs များစုစည်းမှု



ကျွန်တော်အခု Calculator Programs လေးတွေစုစည်းထားတာလေး တင်ပေးလိုက်ပါတယ်။ Calculator Programs လေးတွေတော်တော်များများကိုပါဝင်ပါတယ်။ အောက်မှာလည်း ကျွန်တော် ပါဝင်တဲ့ Calculator လေးတွေကို ထည့်ပေးထားပါတယ်။ သူ့အမျိုးအစားအလိုက်လိုအပ်တဲ့ Calculator Programs လေးတွေကို ဖိုလ်ဒါလေးတွေအလိုက်ထည့်ပေးထားပြီး ဖွင့်ပြီးသုံးရင်ရပါပြီ။ ကျောင်းသူကျောင်း သားများအတွက် တော်တော်လေးကိုအသုံးဝင်တဲ့ ကောင်လေးတွေပါ။ တစ်ခါတည်းတွက်ထုတ်ပေးနိုင်ပါ တယ်။ မသုံးဖြစ်ရင်တောင်ဆောင် ထားသင့်ပါတယ်။ တန်ဖိုးရှိပါတယ်။ ဖိုင်ဆိုဒ်က 8.65 MB ပဲရှိပါတယ်။