• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Thursday, December 15, 2011

Ashampoo Snap 5 v5.1.2

ကဲ ဒီတစ်ခါလည်း ဒီ Ashampoo snap လေး Update ထွက်လာပြန်ပါပြီ။ ကျွန်တော် နောက်လည်း Update ဖြစ်တိုင်းကို ကြိုးစားပြီး တင်တင်ပေး သွားပါ့မယ်။ Software လေးတွေ Update ဖြစ်လာတာနဲ့ အမျှ ပါဝင်လာတဲ့ Features လေးတွေပိုပြီးစုံလင်လာတာ ကိုတွေ့ရမှာပါ။  အထဲမှာ .Reg ဖိုင်လေးနဲ့ Registry လုပ်ရန်အတွက် ထည့်ပေးထားပါတယ်။ Double-Click ပေးပြီး Run ပေးလိုက်ရင် ရပါပြီ။ အသုံးပြုပုံကိုတော့ ကျွန်တော်နည်းနည်းတော့ ရှင်းပြပေးပါ့  မယ်။  အောက်မှာ ကြည့်လိုက်ပါဗျာ။ ကျွန်တော် နှစ်ချက်တော့ပြပါ မယ် ပုံလေးမှာကြည့်ပေးပါ။
ပထမဆုံး Tool လေးကတော့ Video ကို Capture ပေးတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Screen ကို Video ရိုက်တဲ့ အချိန်မှာ အသုံးဝင်ပါလိမ့်မယ်။ နောက်ထပ် တတိယမြောက် Tool လေးကိုကျော်ကြည့်လိုက်ပါဗျာ။ ကျန်တာတွေက ဓါတ်ပုံရိုက်တာတွေပါ။ နည်းနည်းလောက်အသုံးပြုကြည့်လိုက်ရင်သဘောပေါက်ပါတယ်။ အခု တတိယမြောက် Tool လေးကဆိုရင် ကျွန်တော်တို့ Website စာမျက်နှာတွေကို ဓါတ်ပုံရိုက်မယ်ဆိုပါ တော့ဗျာ။ ဒီအတိုင်းရိုက်ရင်လည်း အောက်ကစာသားတွေကျန်ခဲ့မယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ တတိယမြောက် Tool လေးကိုသုံးလိုက်ရင် ကျွန်တော်တို့ရဲ့ Website စာမျက်နှာတစ်ခုလုံးကို ဆွဲပြီးရိုက်ပေးသွားပါတယ်။ နောက်ဆုံး Tool လေးကိုကျော်ကြည့်လိုက်ပါ။ ကျွန်တော်မြှားလေးနဲ့ ပြပေးထား ပါတယ်။ ကျွန်တော်တို့ Effect လေးတွေ ထည့်ဖို့ မေ့ကျန် သွားတာကိုပြန်ပြီး   Edit လုပ်ပေးနိုင်ပါတယ်။  


ဒီကောင်လေးမှာ ကျွန်တော်တို့ ဘယ်ဘက်က Tools လေးတွေ အပေါ်က Tools လေးတွေနဲ့ မိမိတို့ နှစ်သက် သလို ပြုပြင်ပေးလို့ရပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။

Ashampoo.Snap.5.v5.00



အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

2 comments:

  1. ကျေးဇူးပဲ ကိုနေမင်းမောင်ရေ၊ ကျွန်တော်က ကိုနေမင်းရဲ့ ဆိုဒ်ကို နေ့စဉ်နဲ့အမျှဝင်ကြည့်တဲ့သူပါ၊ ကိုနေမင်းရဲ့ တပည့်ဆိုလည်း မမှားပါဘူး၊

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ----။

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်