• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Sunday, December 18, 2011

MS office 03,07,10 blue ,Black, VL and All Versions


တနေ့ တနေ့ စဉ်းစားကြည့်တယ် ရုံးသွားတော့လည်း တွေး ကျောင်းရောက်တော့လည်း တွေးနဲ့ အတွေးတွေကတော့ ပလုံစီနေတာပဲ့ စီနေသလောက်သာ ပြန်ရေးချရရင်လည်း တကယ်ကို မလွယ်တဲ့ ကိစ္စပါလား မလွယ်ပေ့သိတိုင်အောင် စကားကို တိုတိုတုတ်တုတ် တခွန်းလောက် ပြောချင်ပါတယ်။ လူငယ်တွေ အတွက်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။လူငယ်တွေကို လမ်းပြတာ လူကြီးတွေပါ အဓိကပြောချင်တာတော့ လူငယ်တွေကိုပဲ့ ကျွန်တော်တို့ လူငယ်တွေ မတိုးတက်တာ ဘာကြောင့်လည်းဆိုပြီး ဟိုနေ့က အတွေးဝင်မိသေးတယ်။ ဒါနဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားစပြောရင်း သူက ကျွန်တော့ကို ဒီလိုလေး ပြောတယ် ဗျ... လူတွေက ၀ါသနာ နဲ့ အလုပ်နဲ့ တထပ်တည်းမကျတော့ မတိုးတက်သလိုဖြစ်နေတာတဲ့ ဒီစကားလေးပါ....

အင်း ဟုတ်တော့ ဟုတ်ပါတယ် ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ ၁၀ တန်းအောင်တာ နဲ့ ဆေးမှီရင် ဆေးတက်ဖို့ မိဘတွေက တိုက်တွန်းကျတာ မဟုတ်လား။ မိဘတွေကို အပြစ်ပြောတာ မဟုတ်ပါဘူး တကယ်တော့ လူငယ်တွေ အတွက် လိုအပ်နေတဲ့ လူကြီးတွေရဲ့ အားနည်းချက်ပါ. လူငယ်ခံစားချက်ကို နည်းနည်းကျဉ်းကျဉ်းလောက် မေးပြီးမှ လုပ်ကိုင်ပေးဖို့ လိုမယ် ထင်ပါတယ်။ ဒါကတော့ အမြင်နဲ့ အထင်ပါ။ အလုပ်မှာလည်း ကျွန်တော်တို့ လူငယ်တွေ စိတ်မပါ အိမ်ရောက်တော့လည်း စိတ်မပါတပါ ဘာမှ အလုပ်မပြီးပါဘူး။ ဒါဘာလို့လည်း ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေ က လွဲနေသလို ၀ါသနာနဲ့ လုပ်နေရတဲ့ အလုပ်က လွဲနေလို့ဆိုတာကို လူကြီးတွေ မမေ့ထားသင့်ပါဘူး။ကဲ့ထားပါတော့ ဒီနေ့တော့ ဒါလေးတွေးရင်နဲ့ ကျွန်တော်တို့ ရုံးတွေကျောင်းတွေမှာ အသုံးပြုဖြစ်ဆုံး Office ကို စဉ်းစားမိတာနဲ့
အင်း ဒါလေးတော့ တင်ပေးဦးမှ ပဲ့ဆိုပြီး ကျွန်တော်  တစ်ခေါက် ရောက်လာတာပါ။





ကျွန်တော်တို့တွေ နေ့စဉ် အင်တာနက်ထဲ့သွားတယ် ရုံးတွေမှာ အသုံးပြုတယ် ကျောင်းတွေမှာ ဒီ ဆော့ဝဲကို လက်လွှတ်လို့ မရပါဘူး။ ဒါဘာလည်းဆိုတာကို လူတိုင်းသိပြီးသားပါ Microsoft Office ပါ.. သူ့ ကို 2003 ကနေ စပြီး တင်ပေးပါ့မယ်။ တချို့က 2007 လိုတယ် တချို့က 2003 ကို ပိုကြိုက်တယ် အများစုကတော့ 2010 ကို အသုံးပြုရတာ ပိုပြီး နှစ်သက်တယ် ဒါတွေကို ဘေးချိတ် ကြိုက်တာ သုံးလို့ ရအောင်လို့ ကျွန်တော် အပိုင်းလိုက် ခွဲခြားတင်ပေးထားပါတယ် ဒီလောက်တင်မဟုတ်ပါဘူး နောက်ပိုင်းဆိုရင် ကျွန်တော် Winodow တင်ပြီး လိုအပ်သော Software များနှင့် အတူ နောက်အသုံးပြုလို့ ရတာတွေကို တင်ပေးသွားဦးမှာပါ.ဒါကတော့ ကြော်ငြာပေါ့ ကြော်ငြာဆိုပေ့မယ်လည်း ကျွန်တော်တို့တွေဟာ နည်းပညာတွေကို သေသေချာချာ ချပေးနိုင်တဲ့ အနေထားမျိုးကို မေ၇ာက်သေးပေ့မယ် ရောက်အောင် ခြေလှမ်းတွေ စနေတာပါ. .


Office 2003


OR

2003 ( 4 Mb) သာရှိတဲ့ ဖိုင်


ကျွန်တော် ဒီကောင်လေးကိုတော့ သက်သက်ရှာတင်ပေးထားတာပါ. မြန်မာကလူတွေတွက် အဓိက ရည်ရွယ်ပါတယ်။ Mb နည်းတဲ့အတွက် ချက်ချင်းရနိုင်ပါတယ် သီချင်းတပုတ်စာပဲ့  ရှိတော့ ပိုအဆင်ပြေတာပေါ့...ကီးထည့်ပေးပြီးသားပါ တကယ်လို့ ကီးကို မတွေ့ရင်တော့ ဒီ Key ကို သုံးပါ.  
Key

TCP8W-T8PQJ-WWRRH-QH76C-99FBW


ဒါကတော့ MS 2007 ပါ။ Blue Edition လို့ဆိုပြီး နာမည်ကြီးပါတယ်။ အောက်က လင့်တွေထဲ့ကနေ ကြိုက်တဲ့ လင့်ကနေ ဒေါင်းယူနိုင်ပါတယ်။  

Microsoft Office 2007 Blue Edition


or


or

နောက်ထပ်ကတော့ ကျွန်တော် Office 2010 ကို VL Version နဲ့ 2003.2007.2010  ISO File ကိုတွေ့လို့ တင်ပေးလိုက်ပါတယ်။ သူကိုခွေရိုက်ထားရင် ပိုကောင်းပါတယ်။ အထဲ့မှာ x64 .x86 တွက် နှစ်ခုလုံးပါပါတယ်။ ခွေမရိုက်ချင်ရင် ISO ကို Mount လုပ်ပြီး သုံးလို့ ရပါတယ် ။ Mount တာ ဘယ်လို Mount လည်းဆိုတာ ဒီနေရာမှာ တခါ ရှင်းပြထားခဲ့ပါသေးတယ်။ VL 2010 ကိုသုံးတော့မယ်ဆိုရင် အကုန်လုံးကို ဒေါင်းလုပ်ချပါ ဖိုရာ တခုတည်းကို ထည့်ပြီး rar ဖြည်လိုက်ယုံပါပဲ့ ။ Rar ချုပ်တာ ဖြည်တာကို မသုံးတက်ရင် ဒီနေရာမှာ ကျွန်တော် ရှင်းပြထားပါတယ်။

Office 2010( VL Version)



Office 2010 Black Edition



Office 2003 2007 2010 ( 3 မျိုးလုံး)

ဒီကောင်လေးကတော့ လူတိုင်းအဆင်ပြေမှာပါ။ ဒေါင်းပြီးလို့ ရလာတဲ့ ဖိုင်တွေက rar ဖိုင်တွေ ပေါ့.. ပြန်ဖြည်ချလိုက်ရင် ISO ဖိုင် တဖိုင် ရပါလိမ့်မယ်။ ခွေရိုက်ထားပြီး ရမ်းမယ်ဆိုရင် 2003 နဲ့ 2007 တွက် ကီးမလိုပါဘူး။ Auto ပါ။ 2010 တွက်တော့ ခွေရိုက်ပြီး ဖွင့်လိုက်တာနဲ့ Activate လုပ်ဖို့  ဖိုင်ပါလာပြီးသားပါ။



ဒီအောက်ကတော့ လိုလိုမယ်မယ် Activate လုပ်ဖို့တွက်ပါ အပေါ်မှာ Key တွေက အစပါပါတယ်။ တင်ပေးထားတဲ့ဖိုင်တွေထဲ့မှာ Key ဒါမှမဟုတ် Activator တခုတော့ ပါပါတယ်။ အခုက လိုလာရင် ရှာနေရမှာစိုးတာနဲ့ တခါတည်းပေါင်းတင်ပေးလိုက်တာပါ။Activate လုပ်ဖို့ကတော့ အောက်က ပုံလေးကို ကြည့်လိုက်ရင် ရှင်းသွားမယ်ထင်ပါတယ်။

Activate လုပ်ဖို့တွက် Activat၀r တွေကတော့ အောက်မှာပေးထားပါတယ်။

office activator


EZ activator





အဆင်ပြေပါစေ..
သန့်ဇင်ဌေး

11 comments:

  1. ကျေးဇူးတင်ပါတယ် ကိုနေမင်းမောင်။ ကိုနေမင်းမောင် ပြောသွားတာမှန်ပါတယ်။ လူတွေက ကိုယ်ဝါသနာပါတာနဲ့ လုပ်ရတာနဲ့ တစ်ခြားစီပါ။ ကျွန်တော့်အမြင်ကတော့ မိဘတွေကိုပဲ အပြစ်တင်လို့မရပါဘူး။ သူတို့လဲ စားဝတ်နေရေး အခက်အခဲကို နေ့စဉ်နှင့်အမျှ ဖြေရှင်းနေရတာပါ။ အမှန်ပြောရရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာက အဘက်ဘက်က ချွတ်ခြုံကျနေလို့ဖြစ်ရတာပါ ။ ဒါဟာ စီမံခန့်ခွဲမှု ညံ့လို့လဲဖြစ်နိုင်ပါတယ် ။ အုပ်ချုပ်မှုကိုပြောတာနော်။ ဒါဆိုရင် နိုင်ငံရေးကို ပါသွားတော့မယ်။
    အခုလိုမျိုး နည်းပညာမျှဝေပေးတာ ကျေးဇူးပါပဲ။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. Thank ဆိုတဲ့စကားတစ်ခွန်းနဲ့ မလုံလောက်မှန်းသိပေမယ့်...ကျေးဇူးတင်ပါတယ်လို့ ပဲထပ်လောင်းပြောပါရစေ၊သေခြာတာတစ်ခုကတော့ခင်ဗျားဟာအရမ်းလေးစားထိုက်တဲ့လူတစ်ယောက်လို့ ကျနော်ရင်ထဲကအသိအမှတ်ပြုပါတယ်။

    ReplyDelete
  4. အစ်ကိုခင်ဗျာ.. ကျွန်တော်ကတော့ လိုအပ်ရင်သုံးလို့ရအောင် ခွေနဲ့ ဘမ်းထားလိုက်ပါတယ်..
    ထိုင်းမှာက လိုအပ်ရင် ဘယ်နားလိုက်ရှာရမှန်းမသိဘူးဗျ..၀ယ်ရင်လည်းဈေးတအားကြီးတယ်.
    အစ်ကိုတို့လို လူမျိုးတွေ များများရှိပါစေဗျာ..ဒါမှ မြန်မာလူမျိုး ပညာတတ်တွေ များလာမှာ..

    ReplyDelete
  5. YOU ARE REALLY GREAT MAN..
    THANK U VERY VERY MUCH..
    I AM REALLY PROUD OF YOU.
    OK.

    ReplyDelete
  6. အစ်ကိုကျနော်၃မျိုးလုံးကိုဒေါင်းပြီး အိုင်အက်အိုနဲ့ဘန်းလိုက်တယ်
    ခွေသွင်းပြီး အင်စတောတာ ထရို၈ျန်ပါတယ်တဲ့အစ်ကိုရေ ..
    အခုထက်ထိသွင်းလို့မရဘူး.
    မောင့်လုပ်ပြိးသွင်းကြည့်တာလဲပြီးခါနီးမာ အယ်ရာရှိတယ်တဲ့..
    ဆက်လုပ်လို့မရဘူးခင်ဗျ.. ကူညီပါဦးနော်..
    ကျေးဇူးအ၇မ်းတင်ပါတယ်..

    ReplyDelete
  7. အကို Microsft office 2007 Activate ဖြစ်အောင်ဘယ်လို့ လုပ်ရမလည်းအကို ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပေးပါအကို

    ReplyDelete
  8. ကျေးဇူးအရမ်းတင်ပါတယ်အစ်ကို တကယ်ကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  9. လင့်တွေသေနေတယ် အစ်ကို ပြန်တင်ပေးပါအုံး

    ReplyDelete
  10. ကိုနေမင်းမောင်ခင်ဗျား microsoft office 2003.2007.2010 သုံးမျိုးစလုံးဖိုင်ဒေါင်းတာမှာ
    part01,03 နဲ့ 04 တို့ပျောက်နေပါတယ်ခင်ဗျား ကျေးဇူးပြုပြီးထပ်တင်ပေးပါဦးခင်ဗျား ကျေးဇူးအထူးတင်ရှိပါတယ်

    ReplyDelete
  11. The links are dead brother! Anyhow, thanks a lot. Really appreciate your effort.

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်