• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, December 12, 2011

Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်



အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ  Ctrl + R ကိုနှိပ်ပြီး  Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ gpedit.msc လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Local Group Policy Ediitor Box ပေါ်လာပါလိမ့်မယ် .

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း  Administrative Templates  >> Network >>  QoS Packet Scheduler  ဆိုပြီး အဆင့်ဆင့် သွားပြီး QoS Packet Scheduler  ကိုရောက်ပြီ ဆိုရင် ညာဘက်က Limit reservable bandwidth ကိုရှာပါ .. တွေ့ပြီဆိုရင် အဲ့ဒီကောင်လေးကို Double Ckick ပေးလိုက်ပါ .. 




အောက်ကပုံအတိုင်း Limit reservable bandwidth Box လေးပေါ်လာပါလိမ့်မယ် .. အဲ့ဒီကျရင် ပုံမှာ ပြထားတဲ့ အတိုင်း Not Configured ကို Enable ပေးလိုက်ပါ .. ပြီးရင် Bandwidth limit ( % ) ကို 20 မှ 80 ပြောင်းပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ ..


ဒါကတော့  Client Computer တွေမှာ Internet Speed ကို လက်ရှိ Bandwidth Limit ထက်ပိုပြီး မြှင့်ပြီး သုံးနိုင်မဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. သုံးကြည့်ချင်တဲ့ သူတွေကတော့ စမ်းကြည့်လိုက်ပေါ့ဗျာ ..

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..



24 comments:

  1. အခုလိုမသိသေးတာတွေကိုသေသေချာချာရှင်းပြပေးတဲ့အတွက်
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  2. client computer တွေမှာ download နဲ့  upload speed ကိုပဲ limit လုပ်လို့ ရပါသလားခင်ဗျာ...
    ကျွှန်တော်တို့ အင်တာနက်ဆိုင်တွေ မှာ ဒေါ်င်းလုပ် မလုပ်ပါနဲ့ လို့ က ပြောလို့ မရသလို ဆောဖ်ဝဲလ် နဲ့ ဒေါ်င်းလုပ် လုပ်တဲ့ ဆောဖ်ဝဲလ်တွေကို ပိတ်လိုက်ရင် မိတ်ပြတ်သွားနိုင်ပါတယ်..အာလုံးအတွက်အဆင်ပြေအောင် စက်တလုံးချင်းစီအတွက် limit လုပ်ထားလိုက်လို့ ရရင် အဆင်ပြေနိုင်လို့ ပါ...ကျေးဇူးပြု ပြီးပြောပြပေးပါအုံးခင်ဗျာ..........

    ReplyDelete
  3. ကျေးဇူးပါ စမ်းလိုက်ပါတယ်

    ReplyDelete
  4. ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. အကိုရေ
    ကျွန်တော့်စက်မှာ gpedit.msc ခေါ်လိုမရဘူးဖြစ်နေလို့ ကူညီပေးပါအုံး

    ReplyDelete
  6. ကျေးဇူးတင်ပါတယ် အကို

    ReplyDelete
  7. အကို သူများတွေပြောတာက ၂၀%ကို ၀% ထားရမယ်တဲ့ ဘယ်လိုကွာသွားတာလဲ ပြောပြပေးပါလား

    ReplyDelete
  8. အကို သူများတွေပြောတာက ၂၀%ကို ၀% ထားရမယ်တဲ့ ဘယ်လိုကွာသွားတာလဲ ပြောပြပေးပါလား

    ReplyDelete
  9. အကို သူများတွေပြောတာက ၂၀%ကို ၀% ထားရမယ်တဲ့ ဘယ်လိုကွာသွားတာလဲ ပြောပြပေးပါလား

    ReplyDelete
  10. အကို သူများတွေပြောတာက ၂၀%ကို ၀% ထားရမယ်တဲ့ ဘယ်လိုကွာသွားတာလဲ ပြောပြပေးပါလား

    ReplyDelete
  11. ကျွန်တော်တို့လို မသိသေးသူတွေဝင်ဖတ်ခွင့်ရတဲ့အတွက် ဗဟုသုတရပါတယ်။
    ထာဝရကျေးဇူးတင်နေမှာပါ။

    ReplyDelete
  12. ကိုနေမင်းမောင် ပြောပြတဲ့ အတိုင်း သုံးတာ ပိုမြန်လာပါတယ် ကျေးဇူးပါခင်ဗျာ။

    ReplyDelete
  13. အကိုရေကျေးဇူးပါ အရမ်းကိုပါ

    ReplyDelete
  14. thank nayminmaung

    ReplyDelete
  15. what is the different between of 0% & 80%
    explain me pls
    thanks alot of much

    ReplyDelete
  16. Mr. blogger....i am thinking that if you can change this kind of file into pdf file...,so that we can download that file and it will be so comfortable for us(those who don't have internet access all the time......)

    ReplyDelete
  17. gpedit.msc ခေါ်လို့ မ၇ဘူးအကို...ဘယ်လိုလုပ်၇မလဲဗျာ

    ReplyDelete
  18. အကိုကြီး ကျေးဇူးတင်ပါတယ်ဗျာ........

    ReplyDelete
  19. gpedit.msc ဆိုတာကိုရှာမတွေ.ဘူးတဲ့ဘယ်လိုဆက်လုပ်ရမလည်း။

    ReplyDelete
  20. ကျေးဇူးအကို

    ReplyDelete
  21. many many thanks to u .

    ReplyDelete
  22. ကျေးဇူးပါအကို အခုဘဲစမ်းလိုက်ပါတယ်

    ReplyDelete
  23. နေ့တိုင်းဖတ်ဖြစ်မှတ်ဖြစ်နေရလို့ (နေ့တိုင်း)အမြဲတမ်းကျေးဇူးတင်နေရပါတယ် ကို နေမင်းမောင် ရေ

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်