• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Saturday, December 17, 2011

How To Make 300 Mb Movies

ကျွန်တော်တို့တွေ သူများတွေ တက်သလို တက်ချင်တယ် သူများတွေလုပ်သလို လုပ်ချင်တယ် ဒါပေ့မယ် စာဖတ်ကြရမှာတော့ တအားပျင်းတယ် တော်တော်များများပေါ့ အင်းပေါ့ လေ လူတိုင်းတော်တော်များများကတော့ စာဖတ်ရမှာတော့ တကယ်ပျင်းတယ်လို့ ပြောပေမယ့် ကျွန်တော်ကိုယ်တိုင် အဲ့ထဲ့မှာပါတာပါပဲ။ စာဖတ်တာက ကောင်မလေးတွေနဲ့ စကားပြောနေတာ ဂိမ်းဆော့နေတာလောက်တော့ ဘယ်ကောင်းပါ့မလဲ့ . ဖြစ်နိုင်ရင် စာတွေကို မဖတ်ပဲ့ မျက်စိနဲ့ မြင်လိုက်တာနဲ့ ဦးနှောက်ထဲ့ အလိုလိုရောက်သွားအောင် လုပ်နိုင်ရင်တော့ ကောင်းသား.. အင်း ထားပါလေ ဒီတော့ မဖြစ်နိုင်တာကို တွေးမိတာထက် ဖြစ်နိုင်တာလေးကို ကျွန်တော်တို့ စလိုက်ရအောင်.

ဒီနေ့ ဆွေးနွေးပေးမယ် အကြောင်းအရာလေးက ကျွန်တော်တို့  Torrentz သုံးဘူးတဲ့ ညီအကိုတွေ ပိုသတိထားမိမယ်ထင်တယ် နိုင်ငံခြားဇတ်လမ်း ဇတ်ကားကြီးတကားဆိုရင် တော်တော်လေးကို Mb များတယ် တခါတလေဆို 4 Gb လောက်ထိ ရှိတာတွေကို တွေ့ဘူးမှာပေါ့.. ဒါတွေကို 4 gb လုံးကြီး မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေကိုပြန်ပေးဖို့ ဆိုရင် ပြန်ပြီး မြန်မာကနေ ဒေါင်းဖို့ ဆိုတာ တယ် မလွယ်တဲ့ ကိစ္စပါလား.. ဒီလောက် အများကြီးကို ဘယ်လိုများ ကျွန်တော်တို ပြန်ပေးကြမလဲ့ ဒီလောက်ဇတ်ကားကြီးတွေကို ကြည့်စေချင်ရင် ဘယ်လိုလုပ်ကြမလဲ့ ။အပိုင်းလိုက်တွေ ပိုင်းပေးမယ် ဆိုရင်လည်း အများကြီးဒေါင်းရမှာပဲ့ အဲ့တော့ Blueray ဇတ်ကားတွေကို ဒေါင်းပြီး အရည်အသွေးနည်းနည်း ချ Mb ကို ရှော့ချပြီး ပေးကြရင် ကောင်းမလား။ အင်းဒါပဲ့ ကောင်းပါတယ် ။ ဒီလို Mb ကို ရှော့တော့မယ်ဆိုရင် ဘယ်လောက်ကောင်းနိုင်မလဲ ဒီလို ရှော့နိုင်ရင် မြန်မာနိုင်ငံက လူတွေကို ဇတ်ကားကောင်းထွက်တိုင်း Mb ရှော့ပြီး ကြည့်ဖို့ ပေးလို့ ရတာပေါ့ ဒေါင်းရတာလည်း မြန်တာပေါ့..


ဒီတော့ ကျွန်တော်တို့ Mb ကို စိတ်ကြိုက်ရှော့ချင်သလောက် ရှော့လို့ ရပါတယ် 300Mb  ထက် ပိုရှော့ရင်တော့ မကောင်းပါဘူး အရမ်းကြီး ၀ါးသွားပါလိမ့်မယ်။ ဒီတော့ အနိမ်ဆုံး 300 Mb ကို မထားပဲ့ ၇၀၀ MB ထားမယ်ဆိုလည်း ရပါတယ်။ ဒီတော့ စိတ်ကြိုက်ထားပါ။
How To Make 300 Mb Movies
အဆင့် ၁...
    ပထမဆုံး ဒီလင့်ကနေ AutogordianKnot ကို ဒေါင်းလုပ်ချပါ။ ဒီနေရာကနေ http://mirror3.autogk.me.uk/AutoGordianKnot.2.45.Setup.exe  တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
တခြားလင့်
လင့်ပြင်ပေးထားပါသည်။
http://www.free-codecs.com/download/autogk.htm

အဆင့် ၂..
           ဒေါင်းပြီးလို့ ရလာတဲ့ဖိုင်ကို ရမ်းပါ... ကြားတည်းမှာ တောင်းတဲ့ Install လုပ်ဖို့ ၂ ခုရှိပါလိမ့်မယ် ဒီ ၂ ခုလုံးကိုတော့ Install ပေးရပါမယ်။
အဆင့် ၃..
               ရမ်းပြီးရင် ဖိုင်ကို ဖွင့်လိုက်ရင် အောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။ ဒီချိန်ဆိုရင် ကျွန်တော်တို့က Input file နေရာမှာ ပြောင်းချင်တဲ့ MB များတဲ့ ဖိုင်ကို ရွေးထည့်ပေးပါ. ပြီးရင် Output ကတော့ ဘယ်နေရာမှာ မိမိ စိတ်ကြိုက်ပြင်ပြီး ရလာမဲ့ဖိုင်ကို ထားမှာလည်းပေါ့။
 

အဆင့် ၄..
             ကိုယ်စိတ်ကြိုက် Mb များတဲ့ ဇာတ်ကားကို ရွေးပြီး ပြီဆိုရင် ကျွန်တော်တို့ ပြင်ဆင်ပါ့မယ်. အရင်ဆုံး Add jobကို နိုပ်လိုက်ပါ မြှားနီနဲ့ ပြထားပါတယ်။အဲ့လိုနိုပ်လိုက်ရင် အောက်မှာ အနီကွက်နဲ့ ပြထားတဲ့အတိုင်းပေါ်နေပါလိမ့်မယ်။  ပြီးရင် Advanced Setting ထဲ့မှာ ကိုယ့်စိတ်ကြိုက်ပြင်လို့ ရပါသေးတယ်။  

အဆင့် ၅...
          နောက်ဆုံးအဆင့်အနေနဲ့ကတော့ Custom size ကို မိမိစိတ်ကြိုက် ထားလိုက်ပါ ကျွန်တော်ကတော့ အခု 300 MB ထားလိုက်ပါတယ်။ အနီနဲ့ ပြထားပါတယ် ကြည့်ကြည့်ပေးပါ။ ပြီးရင်တော့ Start ကို နိုပ်လိုက်ယုံပါပဲ။ ဒါဆိုရင် သူ့ဘာသာ စလုပ်သွားပါလိမ့်မယ်။


 


နောက်ဆုံးမှာတော့ ကျွန်တော်တို့ 300 MB ဇာတ်ကားတကားကို ရသွားပါပြီ... ဒါဆို ဘယ်လောက် Gb များများ မြန်မာက ကြည့်စေချင်တဲ့ မောင်နှမဆွေမျိုးသားချင်း ညီအကိုတွေကိုတွေ ပေးရတာလည်း လွယ်သွားသလို ၀န်လည်း အရမ်းမများတော့ပါဘူး။ ဒါဆိုရင် အခက်ခဲ့ သိပ်မရှိပဲ့ ဒေါင်းလို့ ရသွားပါပြီ....
ဒီလောက်ဆိုရင် ဇတ်ကားတကားက ဘယ်လောက်ပဲ့ MB များများ ကိုယ့်စိတ်ကြိုက်ပြန်ရှော့ပြီး ပေးလို့ ရပါပြီ... ဒီနေ့တွက်တော့ ဒီသင်ခန်းစာ ဒီမှာတင် ရပ်ပါရစေခင်ဗျာ... အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ....

သန့်ဇင်ဌေး

5 comments:

  1. ညီရေ
    ဘယ်လိုင်းမှ.ကူးလို.မရဘူးနော်
    ပြန်စစ်ကြည်.လိုက်ပါအုံး

    ReplyDelete
  2. ဘယ်လို ဘယ်လိုင်းမှ ကူးလို့ မရတာလည်းဆိုတာကို နားလည်အောင် ရှင်းပြပေးနိုင်မလား အကို
    ညီတက်နိုင်သလောက် ပြန်ပြောပေးပါ့မယ်။ တကယ်လို့ အကိုအနေနဲ့ သေသေချာချာ မေးချင်တယ် ဆိုရင် ဒီဖိုရမ်မှာ ဒီလင့် http://www.globalitmyanmar.org/ လာမေးနိုင်ပါတယ်။

    ReplyDelete
  3. ဟုတ်ပါတယ်အကိုအောက်ဆုံးLinkကတော့ ဒေါင်းလို့ရတယ်ဒါပေမယ့်ပြောထားတာနဲ့ ကွဲနေတာလေမတူဘူးဖြစ်နေတယ်။ကျေးဇူးတင်ပါတယ်ရှင့်........

    ReplyDelete
  4. အဲ.လိုင်းနဲ.ရသွားပါပြီ။
    ကျေးဇူးအထူးတင်ပါတယ်။
    http://www.free-codecs.com/download/autogk.htm

    ReplyDelete
  5. ကျေးဇူးပဲ အကို

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်